မန်ချက်စတာယူနိုက်တက် ကြယ်ပွင့်ကစားသမား ပေါ့ဘာဟာ မြို့ခံပြိုင်ဘက် စီးတီး အသင်းကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့ပြီး နောက် သူ့ရဲ့ အနာဂတ်ကတော့ မသေမချာ ဖြစ်နေခဲ့ပါတယ်။ ၂၉ နှစ်သားဟာ သရဲနီတို့ဆီကနေ ထွက်ခွာပြီး စီးတီး ကစားသမား ဖြစ်လာစေဖို့ ဂွာဒီယိုလာရဲ့ ကမ်းလှမ်းချက်တွေကို ပယ်ချခဲ့ပါတယ်။ သူ့ရဲ့ အိုးထရက်ဖို့နဲ့ စာချုပ်ကလည်း ကုန်ဆုံးဖို့ ၇ ပတ်လောက်သာ လိုတော့တာပါ။ ဒီဆုံးဖြတ်ချက်ဟာ ပေါ့ဘာရဲ့ ရွေးချယ်ခွင့်တွေကို လျော့နည်းသွားစေခဲ့ပါတယ်။ သူဟာ မကြာသေးမီကမှ ယူနိုက်တက်မှာ ၆ နှစ်တာ စာချုပ်သစ် ချုပ်ဆိုနိုင်မဲ့ အခွင့်အရေးကိုလည်း ပယ်ချခဲ့ပါသေးတယ်။

မကြာသေးမီနှစ်တွေက ကောလဟာလတွေ ထွက်ခဲ့ပေမဲ့ ပြင်သစ်သားဟာ သူ့ရဲ့ မျက်စိကျလောက်စရာ လစာတောင်းဆိုမှုနဲ့ ပြီးခဲ့တဲ့ ရာသီတွေမှာ ဒဏ်ရာပြသနာတွေကြောင့် ကြပ်တည်းတဲ့ အနေအထားကို ရောက်နေတာပါ။ ကွင်းလယ်လူဟာ လက်ကျန်ရာသီမှာ ခြေသလုံးဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။ အေးဂျင့် မီနုရိုင်းအိုလာ ကွယ်လွန်ပြီးနောက် ကိုယ်စာလှယ်အသစ်ရဲ့ လက်အောက်မှာ သူ့ရဲ့နောက်ထပ် အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး သူ့ကို တွေးတောဖို့ အခွင့်အရေး ပေးထားသလို ဖြစ်နေခဲ့ပါတယ်။ ကဲ ယခုလာမဲ့ နွေရာသီမှာ ပေါ့ဘာ ရွေးချယ်လို့ ရနိုင်တဲ့ အသင်း ၅ သင်းကို ကြည့်လိုက်ရအောင်ဗျာ။

ပီအက်စ်ဂျီ။ ။ သူ့ရဲ့ အမိမြေနဲ့ စတင်လိုက်ပါမယ်။ ငွေကြေး ချမ်းသာတဲ့ ပီအက််စဂျီ အသင်းဟာ အပြောင်းအရွှေ့မှာ ပေါ့ဘာကို ခေါ်ယူနိုင်ဖို့ ရေပန်အစားဆုံးပါ။ ပြီးခဲ့တဲ့ ရာသီ မက်ဆီ ၊ ရာမို့စ် ၊ ဝစ်ဂျ်နယ်ဒမ် နဲ့ ဒွန်နာရမ်မာတို့ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ပေါ့ဘာကတော့ သူတို့ရဲ့ ကွင်းလယ်မှာ နောက်ထပ် ထည့်သွင်းမဲ့ ကစားသမား ဖြစ်လာနိုင်ပါတယ်။ ကွင်းလယ်လူဟာ ပီအက်စ်ဂျီရဲ့ အားကစား ဒါရိုက်တာ လီယိုနာဒိုနဲ့ ပြောင်းရွှေ့မှုအတွက် ဆွေးနွေးဖို့ တွေ့ဆုံခဲ့ကြောင်း ပြီးခဲ့တဲ့လက သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပေါ့ဘာဟာ ပြီးခဲ့တဲ့ နွေရာသီရဲ့ ဥရောပ ချန်ပီယံရှစ် မတိုင်ခင် အယ်ခါလိုင်ဖီနဲ့လည်း စကားပြောဆိုခဲ့ပါသေးတယ်။ ပီအက််စ်ဂျီ အသင်းဟာ ဆုဖလားရော သူလိုချင်တဲ့ လစာကိုပါ အာမခံပေးနိုင်ပါတယ်။ သူ့ရဲ့ ငယ်ဘဝ ဟီးရိုး ဇီဒန်းရဲ့ လက်အောက်မှာ ကစားရဖို့ အခွင့်အရေးလည်း ရှိနေပါတယ်။

ဂျူဗင်တပ်။ ။ အခြား အသင်းတွေထက် အိမ်ပြန်မယ်ဆိုရင်ရော ဘယ်လိုလဲ? ပေါ့ဘာဟာ သူ့ရဲ့ အသင်းဟောင်းကို တစ်ကြိမ် ပြောင်းရွှေ့ခဲ့ပြီးပါပြီ။ သူ ၂၀၁၆ ခုနှစ်မှာ သရဲနီတို့နဲ့ စာချုပ်ချုပ်ဆိုကတည်းက တူရင်ကို ပြန်လာဖို့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ယူနိုက်တက်ကနေ ပထမအကြိမ် ထွက်ခွာပြီး အီတလီမြေမှာ ၄ နှစ်ကြာ ဖြတ်သန်းခဲ့ပါတယ်။ သူ့ရဲ့ အရည်အသွေးတွေက သူ့ကို နည်းပြ ကွန်တီနဲ့ အယ်လီဂရီတို့ရဲ့ လက်အောက်မှာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ ဖြစ်လာစေခဲ့ပါတယ်။

အယ်လီဂရီက လက်ရှိ အေလီယက် ကွင်းကြီးကို ပွနျလညျရောကရျှိနပေါပွီ။ သူ အသင်းကနေ ထွက်ခွာကတည်းက ၆ နှစ်အတွင်း ဂျူဗင်တပ် အသင်းဟာ အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ အသင်းဟောင်းကို ချစ်မြတ်နိုးကြောင်း အမြဲ ပြောဆိုနေခဲ့ပြီး ဂျူဗင်တပ်အသင်းဟာ ပီအက်စ်ဂျီတို့လို မချမ်းသာတာအတွက် ငွေကြေးကြောင့် ထွက်ခွာမှုအပေါ်မှာ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ရီးရဲမက်ဒရစ်။ ။ မက်ဒရစ်ဟာ ၂၀၁၆ ခုနှစ်က သရဲနီတို့ရဲ့ အနီးကပ်ဆုံး ပြိုင်ဘက် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ယူနိုက်တက် ပေါ့ဘာကို ကမ္ဘာ့စံချိန် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၈၉ သန်းနဲ့ ခေါ်ယူခဲ့တာကြောင့် လက်လွှတ်ခဲ့ရပါတယ်။ ဒါပေမဲ့ နည်းပြဟောင်း ဇီဒန်းကလည်း သူ့ကို ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ နည်းပြကတော့ အန်စလော့တီပါ။ နည်းပြကြီးဟာ ကမ္ဘာ့အကြီးမားဆုံးတွေထဲက အကောင်းဆုံးကို ရရှိဖို့ သူ့လို စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ချင်နေတာပါ။

ပြီးခဲ့တဲ့ နွေရာသီ အမ်ဘာပေအတွက် ပေါင် သန်း ၂၀၀ နီးပါး ကမ်းလှမ်းခဲ့ပြီး ပေါ့ဘာကိုလည်း သူတို့ ခေါ်ယူနိုင်ချေရှိပါတယ်။ တိုနီခရုစ်နဲ့ မိုဒရစ်တို့ဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမားအဖြစ် ရှိနေသေးပေမဲ့ မက်ဒရစ်အသင်းဟာ စပိန်မှာ ထပ်ဆုံးနေရာရပ်တည်ဖို့ဆိုရင် သူတိုရဲ့ ကွင်းလယ်ကို ပြုပြင်ဖို့လိုပါတယ်။ လာလီဂါမှာ ကာမာဗင်ဂါက အထနှေးခဲ့ပြီး လက်ရှိ ကောင်းမွန်နေပေမဲ့ အတွေ့အကြုံရှိတဲ့ ပေါ့ဘာက ကာမာဗင်ဂါနဲ့ အမ်ဘာပေတို့ကို ဘာနေဗျူးမှာ လမ်းပြပေးနိုင်မှာပါ။

ဘာစီလိုနာ။ ။ လာလီဂါကို ပြောရမယ်ဆိုရင် ဒီလိဂ်ရဲ့ အခြားသော အသင်းကြီးတစ်သင်းကတော့ ဘာစီလိုနာပါ။ ဘာစီလိုနာ အသင်းဟာ ဇာဗီရဲ့ လက်အောက်မှာ ပြန်လည် တိုးတက်လာခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါ့စကီးဟာ သူတို့ရဲ့ ဦးစားပေး ပစ်မှတ် ဖြစ်ခဲ့ပါတယ်။ ပေါ့ဘာကလည်း နူးကမ့်ကို ပြောင်းရွှေ့လာဖို့ ချိတ်မှု ပြုလုပ်ခံခဲ့ရပါတယ်။

ဂိုးလ်းမန်းဆက်ရှ် ဆီက ပေါင် သန်း ၄၀၀ ချေးငွေနဲ့ စပေါ့တီဖိုင်းနဲ့ စပွန်ဆာ သဘောတူညီမှု အသစ်ကြောင့် ဘာစီလိုနာ ဥက္ကဌ လာပေါ်တာက အပြောင်းအရွှေ့စျေးကွက် ရောက်ရှိလာချိန် ဘာစီလိုနာ ပြန်လာမှာပါလို့ ကြေညာခဲ့ပါတယ်။ ဒီဂျောင်က အပြောင်းအရွှေ့ ကောလဟာလ ထွက်ပေါ်နေတာကြောင့် ကစားကွက် ဖန်တီးသူ ပေါ့ဘာကဒီနေရာကို ဖြည့်ဖို့ အကောင်းဆုံး ကစားသမားပါ။

မန်ချက်စတာယူနိုက်တက်။ ။ အရာအားလုံးက ယူနိုက်တက်မှာ အတက်အကျတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အိုးထရက်ဖို့ကို ဒုတိယအကြိမ် နှုတ်ဆက်တော့မဲ့ ပေါ့ဘာကို ညွှန်ပြနေပေမဲ့ သူ့ကို ဆက်လက် ခေါ်ယူထားနိုင်မဲ့ အခွင့်အရေးတော့ ရှိနေပါသေးတယ်။ သူတို့ရဲ့ နံပါတ် ၆ ကစားသမားဟာ မကြာခင်မှာ ထွက်ခွာတော့မယ်လို့ အတည်မပြုရသေးပါဘူး။ အသစ်ရောက်ရှိလာမဲ့ နည်းပြ အဲရစ်တန်ဟက်က သူ အသင်းကို ရောက်ရှိမလာခင် ကစားသမား အားလုံးကို ZOOM ကနေတစ်ဆင့် စကားပြောဆိုခဲ့ပါတယ်။ ဖြစ်နိုင်ချေ အနည်းငယ်တော့ ကျန်ရှိနေသေးတာကြောင့် ယူနိုက်တက်နဲ့ သူ့ရဲ့ ဇာတ်ကြောင်းက မပြီးဆုံးသေပါဘူး။