ပေါ်တူဂီ စူပါစတား ရော်နယ်လ်ဒိုဟာ လာမယ့် ဘောလုံးရာသီမှာ ယူနိုက်တက်တို့ ချန်ပီယံလိဂ် ပြိုင်ပွဲနဲ့ လွဲချော်ဖွယ် ရှိနေတာကြောင့် အသင်းမှ ထွက်ခွာ သွားနိုင်ကြောင်းနဲ့ အသင်းကို ကြီးမားတဲ့ ကစားသမား ခေါ်ယူမှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုထားကြောင်း ဘာဘာတော့ဗ်က ပြောလိုက်ပါတယ်။ ဘလွန်းဒီအော်ဆု ၅ကြိမ်ရရှိထားတဲ့ ဒီတိုက်စစ်မှူးဟာ ၂၀၂၁ခုနှစ် နွေရာသီက အိုးလ်ထရက်ဖို့ဒ်ကို စိတ်လှုပ်ရှားဖွယ် ပြန်လည်ရောက်ရှိ လာခဲ့ပြီး၊ ယူနိုက်တက်နဲ့ ၂နှစ်သက်တမ်းရှိ အပါအဝင်၊ ၁နှစ်သက်တမ်း ထပ်မံချုပ်ဆိုခွင့်ရမယ့် သဘောတူညီမှု စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပါတယ်။

သူဟာ အင်္ဂလန်ကို ပြန်လည် ခြေချခဲ့တဲ့ ပထမဆုံး ဘောလုံးရာသီမှာ သရဲနီတို့ အတွက် ၂၃ဂိုးအထိ သွင်းယူ ပေးထားပေမယ့်၊ သူ့ရဲ့ သွင်းဂိုးတွေဟာ ယူနိုက်တက်ကို ထိပ်သီး လေးသင်းအတွင်း ရပ်တည်နိုင်ဖို့ ဒါမှမဟုတ် ဆုဖလားတွေ ရယူနိုင်ဖို့ထိ မလုံလောက်ခဲ့ပါဘူး။ ဒါ့ကြောင့် အသက် ၃၇နှစ်အရွယ် ရော်နယ်လ်ဒိုဟာ ဆုဖလားတွေ ရယူနိုင်ဖို့အတွက် အခြား အသင်းတွေထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်နိုင်ကြောင်းနဲ့၊ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြန်လည် ပြောင်းရွှေ့တာမျိုး ဖြစ်လာနိုင်ကြောင်း ခန့်မှန်းမှုတွေ ရှိလာခဲ့ပါတယ်။

ရော်နယ်လ်ဒိုရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ခန့်မှန်းကြသူ တွေထဲမှာ သူနဲ့အတူ ၂၀၀၈၂၀၀၉ခုနှစ် ဘောလုံးရာသီက အိုးလ်ထရက်ဖို့ဒ်မှာ တွဲကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်း ဘာဘာတော့ဗ်လည်း ပါဝင်နေပြီး၊ သူက ပေါ်တူဂီ ကြယ်ပွင့်ရဲ့ အနာဂတ်ကို အခုလို ခန့်မှန်းထားပါတယ်။ “ရော်နယ်လ်ဒိုက သူ့ရဲ့ အသက်အရွယ်နဲ့ မလိုက်အောင် မယုံနိုင်စရာ ကစားပုံ ကောင်းမွန်နေတာ တွေ့ရပြီး၊ ဂိုးတွေလည်း သွင်းယူနေတုန်းပါပဲ။ ဟုတ်ပါတယ် သူ့အသက်အရွယ်အရ ပရီးမီးယားလိဂ်မှာ ဂိုးတွေ အများကြီး သွင်းယူနိုင်တာက မယုံနိုင်စရာ အောင်မြင်မှုတစ်ခုပါ။”

“သူက ဘယ်အသင်းမှာပဲ ဖြစ်နေပါစေ၊ လုပ်စရာရှိတာတွေ လုပ်ပြနေတုန်းပဲဗျ။ သူ့အလုပ်က ဂိုးသွင်းတာပဲလေ။ သူ့ရဲ့ ကစားပုံက အရင်နဲ့ မတူတော့တာ မှန်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက သူ့ဆီကနေ သွင်းဂိုးတွေ မျှော်လင့်လို့ ရနေတုန်းပဲလေ။ နောက်ပြီး သူက အသင်းအတွက် အရေးကြီးတဲ့ ရလဒ်တွေ ရယူပေးနိုင်တဲ့ ကစားသမား တစ်ယောက်အဖြစ် ရှိနေဆဲပဲ။ သူက ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၁နှစ်ပဲ ကျန်တော့ပေမယ့်၊ ကျွန်တော့် အမြင်အရတော့ ဒါက ကောင်းမွန်တဲ့ အခြေအနေပဲဗျ။”

“ဒီအသင်းမှာ သူဆက်နေမလား၊ ထွက်သွားမလား ဆိုတာကတော့ သူ့အပေါ်မှာပဲ မူတည်နေပါတယ်။ တကယ်လို့ သူ.ဆက်ရှိနေမယ် ဆိုရင်တော့ ဝမ်းသာစရာဖြစ်ပြီး၊ ဒါကလည်း သူတောင်းဆိုတာနဲ့ နည်းပြသစ်အပေါ် မူတည်နေပါသေးတယ်။ ရော်နယ်လ်ဒိုက ဘောလုံးလောကရဲ့ အထင်ကရ ကစားသမား တစ်ယောက် ဖြစ်ပြီး၊ ဘယ်ကစားသမား ဖြစ်နေပါစေ သူ့လို အခြေအနေမျိုး ကြုံတွေ့လာရရင် ကာယကံရှင်ရဲ့ သဘောထားလောက် ဘယ်အရာကမှ အရေးမကြီးပါဘူး။”

“ယူနိုက်တက်မှာ သူဆက်နေပြီး ဂိုးတွေသွင်းမယ်၊ အသင်းဖော်တွေကို ကူညီပေးနိုင်မယ်ဆိုရင် အဲဒါက ဝမ်းသာစရာပါ။ ဒါပေမယ့် အသင်းကနေ ထွက်ခွာဖို့ သူ.ဆုံးဖြတ်ခဲ့ရင်လည်း သူ့ကို အပြစ်တင်လို့ မရပါဘူး။ ဘာလို့လဲဆိုတော့ ကစားသမား ဘဝတလျှောက် နှစ်တိုင်းနီးပါး ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပါဝင်ကစားခွင့် ရခဲ့တဲ့ ရော်နယ်လ်ဒိုလို ကစားသမား တစ်ယောက် အတွက်၊ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ပြိုင်ပွဲနဲ့ လွဲချော်ဖွယ် ရှိနေတာက လက်ခံဖို့ ခက်ခဲတယ်လေ။”

“သူက မဖြစ်နိုင်တာတွေကို လုပ်ပြဖို့ စိတ်အားထက်သန်တဲ့ ကစားသမား ဖြစ်ပြီး၊ အတတ်နိုင်ဆုံး ဘောလုံး ကစားချင်စိတ် ရှိနေသူပါ။ အသက် ၃၇နှစ်အရွယ် ကစားသမား တစ်ယောက်က ပရီးမီးယားလိဂ်မှာ သူဘာတွေ လုပ်ပြနိုင်လဲ ဆိုတာကို သက်သေပြထားပါတယ်။ ဟုတ်ပါတယ် ရော်နယ်လ်ဒိုက အဲလို သက်သေပြရတာတွေကို နှစ်သက်တဲ့သူ ဖြစ်ပြီး၊ နောက်ထပ် နှစ်အနည်းငယ် ဘောလုံး ဆက်ကစားချင်စိတ် ရှိနေမယ်ဆိုတာ သေချာပါတယ်။ သူအနားယူမယ့်နေ့ဟာ ဘောလုံးလောကနဲ့ ပတ်သက်တဲ့ လူတိုင်းအတွက် ဝမ်းနည်းစရာ နေ့တစ်နေ့ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။”

ZAWGYI..ပေါ်တူဂီ စူပါစတား ရော်နယ်လ်ဒိုဟာ လာမယ့် ဘောလုံးရာသီမှာ ယူနိုက်တက်တို့ ချန်ပီယံလိဂ် ပြိုင်ပွဲနဲ့ လွဲချော်ဖွယ် ရှိနေတာကြောင့် အသင်းမှ ထွက်ခွာ သွားနိုင်ကြောင်းနဲ့ အသင်းကို ကြီးမားတဲ့ ကစားသမား ခေါ်ယူမှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုထားကြောင်း ဘာဘာတော့ဗ်က ပြောလိုက်ပါတယ်။ ဘလွန်းဒီအော်ဆု ၅ကြိမ်ရရှိထားတဲ့ ဒီတိုက်စစ်မှူးဟာ ၂၀၂၁ခုနှစ် နွေရာသီက အိုးလ်ထရက်ဖို့ဒ်ကို စိတ်လှုပ်ရှားဖွယ် ပြန်လည်ရောက်ရှိ လာခဲ့ပြီး၊ ယူနိုက်တက်နဲ့ ၂နှစ်သက်တမ်းရှိ အပါအဝင်၊ ၁နှစ်သက်တမ်း ထပ်မံချုပ်ဆိုခွင့်ရမယ့် သဘောတူညီမှု စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပါတယ်။

သူဟာ အင်္ဂလန်ကို ပြန်လည် ခြေချခဲ့တဲ့ ပထမဆုံး ဘောလုံးရာသီမှာ သရဲနီတို့ အတွက် ၂၃ဂိုးအထိ သွင်းယူ ပေးထားပေမယ့်၊ သူ့ရဲ့ သွင်းဂိုးတွေဟာ ယူနိုက်တက်ကို ထိပ်သီး လေးသင်းအတွင်း ရပ်တည်နိုင်ဖို့ ဒါမှမဟုတ် ဆုဖလားတွေ ရယူနိုင်ဖို့ထိ မလုံလောက်ခဲ့ပါဘူး။ ဒါ့ကြောင့် အသက် ၃၇နှစ်အရွယ် ရော်နယ်လ်ဒိုဟာ ဆုဖလားတွေ ရယူနိုင်ဖို့အတွက် အခြား အသင်းတွေထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်နိုင်ကြောင်းနဲ့၊ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြန်လည် ပြောင်းရွှေ့တာမျိုး ဖြစ်လာနိုင်ကြောင်း ခန့်မှန်းမှုတွေ ရှိလာခဲ့ပါတယ်။

ရော်နယ်လ်ဒိုရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ခန့်မှန်းကြသူ တွေထဲမှာ သူနဲ့အတူ ၂၀၀၈၂၀၀၉ခုနှစ် ဘောလုံးရာသီက အိုးလ်ထရက်ဖို့ဒ်မှာ တွဲကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်း ဘာဘာတော့ဗ်လည်း ပါဝင်နေပြီး၊ သူက ပေါ်တူဂီ ကြယ်ပွင့်ရဲ့ အနာဂတ်ကို အခုလို ခန့်မှန်းထားပါတယ်။ “ရော်နယ်လ်ဒိုက သူ့ရဲ့ အသက်အရွယ်နဲ့ မလိုက်အောင် မယုံနိုင်စရာ ကစားပုံ ကောင်းမွန်နေတာ တွေ့ရပြီး၊ ဂိုးတွေလည်း သွင်းယူနေတုန်းပါပဲ။ ဟုတ်ပါတယ် သူ့အသက်အရွယ်အရ ပရီးမီးယားလိဂ်မှာ ဂိုးတွေ အများကြီး သွင်းယူနိုင်တာက မယုံနိုင်စရာ အောင်မြင်မှုတစ်ခုပါ။”

“သူက ဘယ်အသင်းမှာပဲ ဖြစ်နေပါစေ၊ လုပ်စရာရှိတာတွေ လုပ်ပြနေတုန်းပဲဗျ။ သူ့အလုပ်က ဂိုးသွင်းတာပဲလေ။ သူ့ရဲ့ ကစားပုံက အရင်နဲ့ မတူတော့တာ မှန်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက သူ့ဆီကနေ သွင်းဂိုးတွေ မျှော်လင့်လို့ ရနေတုန်းပဲလေ။ နောက်ပြီး သူက အသင်းအတွက် အရေးကြီးတဲ့ ရလဒ်တွေ ရယူပေးနိုင်တဲ့ ကစားသမား တစ်ယောက်အဖြစ် ရှိနေဆဲပဲ။ သူက ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၁နှစ်ပဲ ကျန်တော့ပေမယ့်၊ ကျွန်တော့် အမြင်အရတော့ ဒါက ကောင်းမွန်တဲ့ အခြေအနေပဲဗျ။”

“ဒီအသင်းမှာ သူ.ဆက်နေမလား၊ ထွက်သွားမလား ဆိုတာကတော့ သူ့အပေါ်မှာပဲ မူတည်နေပါတယ်။ တကယ်လို့ သူ.ဆက်ရှိနေမယ် ဆိုရင်တော့ ဝမ်းသာစရာဖြစ်ပြီး၊ ဒါကလည်း သူတောင်းဆိုတာနဲ့ နည်းပြသစ်အပေါ် မူတည်နေပါသေးတယ်။ ရော်နယ်လ်ဒိုက ဘောလုံးလောကရဲ့ အထင်ကရ ကစားသမား တစ်ယောက် ဖြစ်ပြီး၊ ဘယ်ကစားသမား ဖြစ်နေပါစေ သူ့လို အခြေအနေမျိုး ကြုံတွေ့လာရရင် ကာယကံရှင်ရဲ့ သဘောထားလောက် ဘယ်အရာကမှ အရေးမကြီးပါဘူး။”