ဆောက်သမ်တန်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ချယ်လ်ဆီးအသင်းရဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ ဘရိုဟာ လစ်ဗာမန်တိုတို့ကို အငှားစာချုပ် အပြီးသတ်ခေါ်ယူမှုတွေနဲ့ ခေါ်ယူအားဖြည့်ခဲ့ဖူးသလို လာမယ့်ဘောလုံးရာသီမှာလည်း နောက်ထပ် ပရိးမီးယားလိဂ် အင်အားကြီး အသင်းကြီးဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတွေဖြစ်တဲ့ လီယန်ဒီလပ်နဲ့ ဂါဗင်ဘဇူနူတို့ကို ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။

ဆောက်သမ်တန်အသင်းဟာ ပြီးခဲ့တဲ့နွေတုန်းက ချယ်လ်ဆီးကနေ ညာနောက်ခံလူ လစ်ဗာမန်တိုကို အပြီးသတ် ခေါ်ယူခဲ့ပြီး အယ်လ်ဘေးနီးယား တိုက်စစ်ကစားသမား ဘရိုဟာကို တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့ရာ ကစားသမားနှစ်ဦးလုံးက အသင်းအတွက် အကျိုးပြုနိုင်ခဲ့တာကြောင့် လာမယ့်နွေမှာပါ အလားတူ ခေါ်ယူမှုတွေကို ထပ်မံလုပ်ဆောင်သွားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဆောက်သမ်တန်အသင်းက မန်စီးတီးအသင်းရဲ့ အကယ်ဒမီက ကစားသမားတွေဖြစ်တဲ့ ဂိုးသမားလေးဘဇူနူနဲ့ တိုက်စစ်ကစားသမားလေးဒီလပ်တို့ကို ခေါ်ယူသွားဖို့ ကြိုးပမ်းဖွယ် ရှိနိုင်ပါတယ်။

အသက်(၂၀)အရွှယ်ရှိ အိုင်ယာလန်လက်ရွေးစင် ဂိုးသမားဘဇူနူဟာ မန်စီးတီးအသင်းရဲ့ ဂိုးသမားဖြစ်ပြီး လက်ရှိမှာတော့ လိဂ်ဝမ်းကလပ် ပို့စ်မောက်အသင်းမှာ အငှားနဲ့ ပါဝင်ကစားနေတာဖြစ်ပါတယ်။ လက်ရှိ ဆောက်သမ်တန်အသင်းမှာ ရှိနေတဲ့ ဂိုးသမားတွေဖြစ်တဲ့ ဖော်စတာ မက္ကာသီနဲ့ ကာဘယ်လယ်ရိုတို့ဟာ ဒီရာသီအကုန်မှာပဲ အသင်းနဲ့ စာချုပ်တွေ ကုန်ဆုံးကြတော့မှာဖြစ်လို့ ဘနူဇူကို အငှားစာချုပ်နဲ့ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ အိုင်းရှစ်ဂိုးသမား ဘနူဇူဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ပေါ်တူဂီနဲ့ အိုင်ယာလန်ပွဲစဉ်အတွင်း ပေါ်တူဂီကြယ်ပွင့် ရော်နယ်လ်ဒိုရဲ့ ပင်နယ်တီကန်သွင်းချက်ကို ကာကွယ်ထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

အသက်(၁၉)နှစ်သာ ရှိသေးတဲ့ ဆယ်ကျော်သက်အရွှယ် တိုက်စစ်မှူးလေး လီယန်ဒီလပ်က ဆောက်သမ်တန် ကစားသမားဟောင်းကြီး ရွိုင်းဒီလပ်ရဲ့ သားဖြစ်ပြီး မန်စီးတီးလူငယ်အသင်းမှာ အတောက်ပဆုံး ကစားသမားဖြစ်လို့ စီနီယာအသင်း လူစာရင်းမှာပါ ရွေးချယ်ခံထားရသူ ဖြစ်ပါတယ်။ ဒါပေမယ့် စီနီယာအသင်းအတွက် သိပ်ကစားခွင့်မရသေးတဲ့ ဒီလပ်ဟာ စီးတီးလူငယ်အသင်းမှာတော့ အတော်လေးကို ခြေစွာနေပြီး ဂိုးတွေလည်း များစွာသွင်းယူထားနိုင်ခဲ့ပါတယ်။ မန်စီးတီးက လာမယ့်ရာသီမှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ဟော်လန်းနဲ့ အဲဗာရက်ဇ်တို့ကိုပါ ခေါ်ယူထားတာဖြစ်လို့ ဒီလပ်အနေနဲ့ သူ့အနာဂတ်အတွက် စဉ်းစားလာနိုင်ပြီး အနည်းဆုံးတော့ ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းသင်းဆီကို အငှားနဲ့ ပြောင်းရွှေ့သွားနိုင်ပါတယ်။

တစ်ဖက်မှာလည်း မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြ ပတ်ဂွာဒီယိုလာက အသင်းရဲ့ ဘယ်ခြမ်းခံစစ်နေရာအတွက် ဘရိုက်တန်အသင်းရဲ့ စပိန်ဘယ်နောက်ခံကစားသမား မတ်ကူကူရယ်လာကို လာမယ့်နွေစျေးကွက်ထဲမှာ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)ဝန်းကျင်ခန့်လောက်နဲ့ ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်ဖွယ် ရှိနေပါတယ်။ အသက်(၂၃)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် ဘယ်နောက်ခံကစားသမား ကူကူရယ်လာဟာ ဘာစီလိုနာအသင်းရဲ့ လာမာစီယာ အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး ဘာစီလိုနာ စီနီယာအသင်းမှာ နေရာမရလို့ အီဘာ ဂီတာဖေးအသင်းတို့ဆီ အငှားနဲ့ သွားရောက်ကစားရရင်းနဲ့ ၂၀၂ဝခုနှစ်မှာပဲ ဂီတာဖေးအသင်းဆီ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဂီတာဖေးအသင်းမှာ (၂)ရာသီကြာ ဖြတ်သန်းခဲ့တဲ့ ကူကူရယ်လာဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဘရိုက်တန်အသင်းဆီ (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။

အခုဆိုရင် ကူကူရယ်လာက ဘရိုက်တန်ရဲ့ အဓိက ကစားသမားတစ်ဦးပါ ဖြစ်နေခဲ့ရသလို သူ့ကိုလည်း ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေကပါ စိတ်ဝင်စားလာခဲ့ပါတယ်။ ဘယ်နောက်ခံ နေရာမှာရော wide midfielder နေရာမှာအပြင် ဗဟိုခံစစ်နေရာအထိပါ ပါဝင်ကစားနိုင်သူဖြစ်တဲ့ ကူကူရယ်လာကို မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက သူရဲ့အသင်းဆီ ခေါ်ဆောင်သွားဖို့ပါ စိတ်ဝင်စားလာခဲ့ပြီး အာလင်းဟော်လန်းကို ခေါ်ယူပြီးနောက် ဒုတိယမြောက် ကစားသမားသစ် ခေါ်ယူမှုအဖြစ် ကူကူရယ်လာကို ထပ်မံခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာဟာ အခုနှစ် ဘောလုံးရာသီအတွင်း အသင်းရဲ့ ဘယ်ခြမ်း ခံစစ်နေရာမှာ ကန်ဆယ်လိုနဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပေမယ့်လည်း ကန်ဆယ်လိုက ညာနောက်ခံလူတစ်ဦးသာ ဖြစ်နေတဲ့အပြင် တခြားသော ဘယ်နောက်ခံလူ ဘင်ဂျမင်မန်ဒီဟာလည်း လိင်အကြမ်းဖက်မှုကြောင့် အသင်းရဲ့ လူစာရင်းထဲကနေပါ ဖယ်ရှားထားတာဖြစ်လို့ စျေးကွက်အတွင်း ဘယ်နောက်ကစားသမားတစ်ဦးကို အလိုရှိနေတာ ဖြစ်ပါတယ်။ အခုလို ဘယ်နောက်ခံလူတစ်ဦး လိုအပ်နေတဲ့ မန်စီးတီးအသင်းဟာ အေစီမီလန်အသင်းရဲ့ ပြင်သစ်ဘယ်နောက်ခံလူ သီယိုဟာနန်ဒက်ဇ်ကို စိတ်ဝင်စားနေပေမယ့် ဟာနန်ဒက်ဇ်က မီလန်မှာသာ ဆက်လက်ရှိနေနိုင်တာကြောင့် စပိန် left-back ကစားသမား ကူကူရယ်လာကိုသာ အရခေါ်ယူဖွယ် ရှိနေပါတယ်။

ZAWGYI: ဆောက်သမ်တန်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ချယ်လ်ဆီးအသင်းရဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ ဘရိုဟာ လစ်ဗာမန်တိုတို့ကို အငှားစာချုပ် အပြီးသတ်ခေါ်ယူမှုတွေနဲ့ ခေါ်ယူအားဖြည့်ခဲ့ဖူးသလို လာမယ့်ဘောလုံးရာသီမှာလည်း နောက်ထပ် ပရိးမီးယားလိဂ် အင်အားကြီး အသင်းကြီးဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတွေဖြစ်တဲ့ လီယန်ဒီလပ်နဲ့ ဂါဗင်ဘဇူနူတို့ကို ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။