ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကစားသမားလေး အမ်ဘာပေဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့ ဈေးကွက်ထဲမှာတေ့ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့အတွက် သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိနေတဲ့ ကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ အမ်ဘာပေကို စိတ်ဝင်စားလျက်ရှိနေတဲ့ ထိပ်သီးအသင်းတွေ အများအပြားရှိနေပေမဲ့ လာလီဂါ ဘီလူကြီး ရီးရဲလ်မက်ဒရစ် အသင်းထံသာ ရောက်ရှိသွားဖို့ ပိုပြီးတော့ ရေပန်းစားလျက်ရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် အမ်ဘာပေနဲ့ ရီးရဲလ်တို့ဟာ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားခဲ့ပြီး ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ စာရွက်စာတမ်းနဲ့ စာချုပ်ကိစ္စတွေကိုတော့ ဘာမှတစ်ခုမှ မစရသေးဘူးလို့ ဆိုပါတယ်။ အသက်(၂၃)နှစ်သာ ရှိနေသေးတဲ့ အမ်ဘာပေဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာကတည်းက ရီးရဲလ်နဲ့ သတင်းတွေ ထွက်နေခဲ့ပေမဲ့ အပြောင်းအရွှေ့က ဖြစ်မလာခဲ့ပဲ ပီအက်စ်ဂျီမှာ သာ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီကတော့ အမ်ဘာပေကို ရီးရဲလ်မက်ဒရစ်ထံ ရောင်းချဖို့ အလိုမရှိပဲ အသင်းမှာသာ ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားလျက်ရှိနေတာ ဖြစ်ပါတယ်။ ပြည်တွင်းအောင်မြင်မှုတွေ ရနေပေမဲ့ ဥရောပမှာတော့ သာမန်အဆင့်သာ ရှိနေသေးတဲ့ ပီအက်စ်ဂျီတို့ဟာ အာရပ်သူဌေးတွေလက်ထက်မှာ အသင်းကို အင်အားကြီး အသင်းတစ်သင်းဖြစ်လာအောင် ပုံဖော်နေတာပါ။ နေမာ၊မက်ဆီတို့လို ကစားသမားတွေကို ခေါ်ယူခဲ့ပြီ ဖြစ်သလို အမ်ဘောပေလို လူငယ်ခြေတက်ကစားသမားတွေကိုလည်း ကြေးကြီးပေးပြီးတော့ ခေါ်ယူထားခဲ့တာပါ။ လာမယ့်နွေဈေးကွက်ထဲမှာလည်း စီရော်နယ်ဒိုနဲ့ ဘိုင်ယန်ကနေ ထွက်ခွာတော့မယ့် လီဝမ်ဒေါ့စကီးတို့လို ကစားသမားတွေကို ခေါ်ယူဖို့ ပစ်မှတ်ထားလျက်ရှိနေတာပါ။

ရာသီကုန်မှာ ပီအက်စ်ဂျီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်က ကုန်ဆုံးတော့မှာ ဖြစ်တဲ့ အတွက်ကြောင့် ရီးရဲလ်မက်ဒ်ရစ်ထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရွှေ့ပြောင်းလာဖွယ်ရှိနေတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ပီအက်စ်ဂျီ အသင်းတာဝန်ရှိသူတွေဟာ အမ်ဘာပေကို အသင်းကနေ ထွက်ခွာ ခွင့်ပြုခဲ့မယ်ဆိုရင်တောင် ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးပမာဏနဲ့ ရောင်းချဖို့ စီစဉ်လျက်ရှိနေတယ်လို့ သိရပါတယ်။ အမ်ဘာပေကိုယ်တိုင်ကတော့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ပြင်သစ်လီဂူ(၁) တစ်နှစ်တာ ဆုပေးပွဲမှာ လီဂူး(၁)ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို လက်ခံ ရယူရင်း သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

” ကျွန်တော့် အနာဂတ်နဲ့ ပတ်သက်ပြီး ခုချိန်မှာတော့ ဘာမှ မပြောနိုင်သေးပါဘူး၊ ဒါပေမဲ့ ခင်ဗျားတို့ မကြာခင် သိလာရမှာပါ၊ အားလုံးကို ကျွန်တော် ဆုံးဖြတ်ထားပြီးသားနီးပါး ဖြစ်နေပါပြီ၊ ဒါက မှန်ကန်တဲ့ အခိုက်အတန့်တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်တော် ဆုံးဖြတ်ချက်တွေက ပြီးလုနီးပါးတော့ ဖြစ်နေပါပြီ ” လို့ အမ်ဘာပေက ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ဆက်လတ်ပြီး အမ်ဘာပေက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့ဖလား မတိုင်ခင် တိတိကျကျ ဆုံးဖြတ်သွားမယ်လို့လည်း ဆိုသွားခဲ့ပြန်ပါတယ်။

ပီအက်စ်ဂျီအတွက် အရေးပါလှတဲ့ ကစားသမားတစ်ယောက် ဖြစ်နေခဲ့တဲ့ အမ်ဘာပေဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ (၄၅) ပွဲကစားပြီး သွင်းဂိုး (၃၆)ဂိုး အထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ အမ်ဘာပေဟာ အသက်(၂၃)နှစ်သာ ရှိသေးပြီး စီနီယာ ကစားသမားဘ၀ မိုနာကို(၂)၊ မိုနာကိုနဲ့ ပီအက်စ်ဂျီတို့မှာ စုစုပေါင်း (၂၈၈)ပွဲ ကစားထားခဲ့ပြီး သွင်းဂိုးကတော့ (၁၉၉)ဂိုး အထိ သွင်းယူပေးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းအတွက် (၅၄)ပွဲကစားပေးထားပြီး သွင်းဂိုးကတော့ (၂၆)ဂိုး အထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ အမ်ဘာပေဟာ မက်ဆီနဲ့ စီရော်နယ်ဒို ခေတ်လွတ် အကောင်းဆုံးဘောလုံးသမားအဖြစ် သက်မှတ်ခံထားရတဲ့ လူငယ်ကစားသမားတစ်ယောက်လည်း ပဲဖြစ်ပါတယ်။

ZAWGYI: ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကစားသမားလေး အမ်ဘာပေဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့ ဈေးကွက်ထဲမှာတေ့ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့အတွက် သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိနေတဲ့ ကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ အမ်ဘာပေကို စိတ်ဝင်စားလျက်ရှိနေတဲ့ ထိပ်သီးအသင်းတွေ အများအပြားရှိနေပေမဲ့ လာလီဂါ ဘီလူကြီး ရီးရဲလ်မက်ဒရစ် အသင်းထံသာ ရောက်ရှိသွားဖို့ ပိုပြီးတော့ ရေပန်းစားလျက်ရှိနေတာဖြစ်ပါတယ်။