ချဲလ်ဆီး အသင်း ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ စျေးကွက်မှာ အပြီးသတ် ၊ အငှား ပုံစံတွေနဲ့ ကစားသမား ၉ဦး အထိ ထွက်ခွာခွင့် ပေးထားပြီး ဖြစ်ပေမယ့် ၊ ကစားသမား အသစ်တော့ တဦးမှ တရားဝင် မဖြည့်တင်းရသေးပါဘူး ။ ကစားသမား အထွက်တွေဟာ လာမယ့် ရက်သတ္တပတ် အနည်းငယ် အတွင်း ဆက်လက် ဖြစ်လာနိုင်ခြေ ရှိနေသေးကာ ၊ လက်ရှိမှာ အနာဂတ် မသေချာတော့ဘူးလို့ ယူဆရတဲ့ ကစားသမားတွေဟာ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ၊ အသင်းပိုင်ရှင်သစ် တဦး ဖြစ်တဲ့ တော့ဒ်ဘိုလီတို့နဲ့ ယခု တပတ် အတွင်း ဆွေးနွေး စကားပြောသွားဖို့ ရှိနေပါတယ် ။

ကလပ်မှာ ပုံမှန် ကစားခွင့် သိပ်မရတော့သလို ၊ ခြေစွမ်းလည်း တသမတ်တည်း မရှိတော့တဲ့ မော်ရိုကို တောင်ပံ ကစားသမား ဟာကင် ဇီယက်ခ်ျ ဟာ တူချယ်မှ ထွက်ခွာခွင့် ပေးမယ့် ကစားသမားတွေထဲ တဦး အပါအဝင် ဖြစ်တယ်လို့ အင်္ဂလိပ် မီဒီယာတွေက ဖော်ပြထားကြပါတယ် ။ ဇီယက်ခ်ျ ဟာ လက်ရှိ စျေးကွက် အတွင်း အသင်းဖော်ဟောင်း အိုလီဗီယာ ဂျရူး ၊ ဖီကာယို တိုမိုရီတို့ ရှိရာ အေစီမီလန်သို့ ပြောင်းရွှေ့နိုင်ကြောင်း ကောလဟလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ထားပေမယ့် ၊

လောလောဆယ်မှာ ၄င်းဟာ ချဲလ်ဆီးရဲ့ ရာသီကြို ပြင်ဆင်မှု အစီအစဉ်မှာ ပူးပေါင်း ပါဝင်နေပါတယ် ။ ဒီတော့ ချဲလ်ဆီးသာ လက်ရှိ သတင်းတွေ ထွက်ထားတဲ့ ရာဖင်ဟာ ၊ စတာလင်တို့ကို မခေါ်နိုင်ခဲ့ဘူးဆိုရင် ဇီယက်ခ်ျဟာလည်း ဆက်ရှိကောင်း ရှိနိုင်ပါတယ် ။ အာဆင်နယ် တိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ်ကတော့ ဇီယက်ခ်ျ အနေနဲ့ ရစ်ချာလီဆင်ကို တော့တင်ဟမ်သို့ ရောင်းချထားရတဲ့ အဲဗာတန်သို့ ပြောင်းရွှေ့သင့်ကြောင်း အခုလိုပဲ တိုက်တွန်း ပြောဆိုခဲ့ပါတယ် ။ ကမ်းဘဲလ် က

” ဇီယက်ခ်ျ ဟာ တကယ် အရည်အချင်း ရှိတဲ့ ကစားသမား တယောက်ပါ ။ တိုက်စစ် အရည်အသွေး ထောင့်စုံမှာ ဘယ်လောက်ထိ ပြည့်စုံမှု ရှိတယ် ဆိုတာကိုတော့ ကျွန်တော်လည်း မသိပါဘူး ။ လောလောဆယ်မှာ အဲဗာတန် ဟာ တိုက်စစ် အတွက် အနည်းငယ် ထပ်ဖြည့်တင်းဖို့ လိုနေတယ်လို့ ထင်ပါတယ် ။ ကျွန်တော့် အတွက်တော့ ဇီယက်ခ်ျ ဟာ လက်ရှိမှာ ချဲလ်ဆီးကနေ ထွက်ခွာဖို့ အလောကြီးစရာ မလိုသေးဘူးလို့ ထင်ပါတယ် ။ ဒါပေမယ့် သူဟာ အရည်အသွေးမြင့် ကစားသမား တယောက် ဖြစ်တယ် ဆိုတာ ရှင်းနေပေမယ့်

အဲဗာတန် ဟာ ကွင်းလယ်ကို ပြုပြင်ဖို့ ၊ နောက်ခံလူ အသစ် အချို့ ထပ်ရဖို့ ပိုပြီး လိုအပ်နေပါတယ် ။ ဒါကသာ သူတို့ အတွက် အဓိက ဦးစားပေး ဖြစ်သ င့်ပါတယ် ။ နောက်ပြီး ရစ်ချာလီဆင် က တော့တင်ဟမ်ကို ပြောင်းရွှေ့သွားပြီ ဖြစ်တာကြောင့် ၊ သူတို့ အနေနဲ့ ဒိုမီနစ် ကယ်ဗတ်လီဝင်ကို အကူအညီပေးဖို့ နောက်ထပ် တိုက်စစ် ကစားသမား တဦးတော့ လိုနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဖရန့် လမ်းပတ်ရဲ့ အဲဗာတန် အသင်းဟာ မကြာသေးခင်ကမှ ဗဟို ခံစစ် အတွက် ဘန်လေ ခံစစ်မှူးဟောင်း ဂျိမ်းစ် တာကောစကီးကို အလွတ်နဲ့ ခေါ်ယူထားနိုင်ခဲ့ပြီး ၊ လောလောဆယ်မှာလည်း ချဲလ်ဆီး အကယ်ဒမီထွက် တိုက်စစ်မှူး အာမန်ဒို ဘရိုဂျာကိုလည်း အငှားနဲ့ ခေါ်ယူနိုင်ဖို့ စောင့်ကြည့်နေပါတယ် ။

ZAWGYI: ချဲလ်ဆီး အသင်း ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ စျေးကွက်မှာ အပြီးသတ် ၊ အငှား ပုံစံတွေနဲ့ ကစားသမား ၉ဦး အထိ ထွက်ခွာခွင့် ပေးထားပြီး ဖြစ်ပေမယ့် ၊ ကစားသမား အသစ်တော့ တဦးမှ တရားဝင် မဖြည့်တင်းရသေးပါဘူး ။ ကစားသမား အထွက်တွေဟာ လာမယ့် ရက်သတ္တပတ် အနည်းငယ် အတွင်း ဆက်လက် ဖြစ်လာနိုင်ခြေ ရှိနေသေးကာ ၊ လက်ရှိမှာ အနာဂတ် မသေချာတော့ဘူးလို့ ယူဆရတဲ့ ကစားသမားတွေဟာ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ၊ အသင်းပိုင်ရှင်သစ် တဦး ဖြစ်တဲ့ တော့ဒ်ဘိုလီတို့နဲ့ ယခု တပတ် အတွင်း ဆွေးနွေး စကားပြောသွားဖို့ ရှိနေပါတယ် ။