စီရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်ဟာ လာမယ့်ဘောလုံးရာသီမှာ ဥရောပရဲ့ ထိပ်တန်း ကလပ်အသင်းတစ်ခုမှာ ကစားဖို့ဆိုရင် လက်ရှိ မန်ယူနိုက်တက်မှာ ရရှိနေတဲ့ လုပ်ခလစာထက် လျှော့ယူရမယ်ဆိုပြီး ပြောကြားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။ စီရော်နယ်ဒိုဟာ လက်ရှိ မန်ယူနိုက်တက်ရဲ့ ရာသီကြိုလေ့ကျင့်ခန်း အစီအစဉ်တွေကို ပူးပေါင်းခဲ့ခြင်းမရှိခဲ့သလို အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲ ခရီးစဉ်တွေမှာလည်း ပါဝင်လာခဲ့ခြင်းမရှိခဲ့ပါဘူး။

လွန်ခဲ့တဲ့ (၃)ပတ်လောက်ကတည်းက စီရော်နယ်ဒိုဟာ သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရှိလာခဲ့မယ်ဆိုရင် အသင်းကနေ ထွက်ခွာခွင့်ပြုဖို့အတွက် မန်ယူနိုက်တက် တာဝန်ရှိသူတွေကို တောင်းဆိုမှုတွေ ပြုလုပ်ထားခဲ့တာပါ။ ဒါပေမဲ့လည်း ပရီးမီးယားလိဂ် ဘောလုံးရာသီသစ်စတင်ဖို့ တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ဖြစ်တဲ့ လက်ရှိ အချိန်အထိတော့ အသက်(၃၇)နှစ် အရွယ်ရှိနေပြီ ဖြစ်တဲ့ စီရော်နယ်ဒိုဟာ အသင်းသစ်ရှာဖွေလို့ မရသေးပဲ မန်ယူနိုက်တက်မှာပဲ သောင်တင်လျက် ရှိနေပါတယ်။

ပီအက်စ်ဂျီ၊ ဘိုင်ယန်၊ ချဲလ်ဆီးတို့လို ဥရောပရဲ့ ထိပ်တန်း အသင်းတွေဟာ စီရော်နယ်ဒိုကိုခေါ်ယူဖို့ နဲ့ ပတ်သက်ပြီးတော့ ပြတ်ပြတ်သားကို ငြင်းပယ်ထားခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိနောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေမှာဆိုရင် စီရော်နယ်ဒိုကို ခေါ်ယူဖို့နဲ့ ပတ်သက်ပြီး အသင်းဟောင်း ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကို မက်ဒရစ် အသင်းတွေနဲ့ပါ ထပ်မံပြီးတော့ သတင်းတွေ ထွက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီသတင်းတွေကိုတော့ အက်သလက်တီကိုကရော ရီးရဲလ်မက်ဒရစ်တို့ကပါ လျင်လျင် မြန်မြန်ပဲ ငြင်းဆိုသွားခဲ့ပြီး၊ ဘလွန်းဒီအော် (၅)ကြိမ် ဆုရှင်ကို စိတ်ဝင်စားခြင်းမရှိဘူးလို့ သိရပါတယ်။ အက်သလက်တီကို အနေနဲ့ စီရော်နယ်ဒိုကို ခေါ်ယူဖို့အတွက်ဆိုရင် စီရော်နယ်ဒိုရဲ့ လုပ်ခလစာက အသင်းအတွက် တတ်နိုင်တဲ့ ပမာဏထက် များပြားလျက်ရှိနေတယ်လို့ နာမည်ကြီး သတင်းထောက် တစ်ဦးက ထောက်ပြ ပြောဆိုသွားခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ လက်ရှိ မန်ယူနိုက်တက်မှာ တစ်ပတ်လုပ်ခ ပေါင် (၄၇၅၀၀၀)အထိ ရရှိနေတာ ဖြစ်ပြီး၊ ဂျော့မန်ဒက်စ်က အဆိုပါ လုပ်ခလစာရဲ့ (၃၀)ရာခိုင်နှုန်းအထိ လျှော့ယူပြီး စီရော်နယ်ဒို အသင်းပြောင်းဖို့ အရေး ထိပ်တန်းကလပ်တွေထံ ကမ်းလှမ်းမှုတွေ ပြုလုပ်လျက် ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အသင်းတွေအတွက် စီရော်နယ်ဒို (၃၀)ရာခိုင်နှုန်းလျှော့ယူပြီးရင်တောင် ပေးချေရမယ့် ပေါင်(၃)သိန်း ဝန်းကျင်ကို ပေးဖို့ အလို မရှိဖြစ်နေကြတယ်လို့လည်း အဆိုပါ နာမည်ကြီး သတင်းထောက် က ပြောဆိုထားခဲ့ပြန်ပါတယ်။

စီရော်နယ်ဒို အနေနဲ့ အသက်(၃၇)နှစ် ရှိနေပြီ ဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ရာသီက မန်ယူနိုက်တက်အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး (၂၄)ဂိုး အထိ သွင်းယူပေးခဲ့တာ ဖြစ်ပြီး၊ ထိပ်တန်း ဂိုးသွင်းသူ အဖြစ် ရှိနေဆဲ ဆိုတာကို သက်သေပြထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စီရော်နယ်ဒိုကို ဥရောပ အသင်းကြီးတွေ တော်တော်များများက ခါးခါးသီးသီးကို ငြင်းပယ်ပြီး လက်ရှောင်နေကြတာကတော့ စီရော်နယ်ဒိုအတွက် တော်တော်လေး ခံပြင်းစရာ ကောင်းတဲ့ ဖြစ်ရပ်တစ်ခုလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

အသင်းဟောင်း စပို့တင်းလစ္စဘွန်းက ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေပေမဲ့ လက်ကျန်ကစားသမားဘဝမှာ ချန်ပီယံလိဂ် ထိပ်တန်းအဆင့်မြင့် ပြိုင်ပွဲမှာ အောင်မြင်မှုတွေ စိုက်ထူဖို့ အလိုရှိနေတဲ့ စီရော်နယ်ဒိုအတွက် စပို့တင်းက ရွေးချယ်စရာ အသင်းအဖြစ်တော့ ရှိမနေခဲ့ပါဘူး။ ဆိုတော့ စီရော်နယ်ဒိုနဲ့ မန်ယူနိုက်တက်ကနေ ထွက်ခွာမယ် အတိအလင်းပြောကြားထားခဲ့ပေမဲ့ လက်ရှိ အချိန်ထိတော့ စီရော်နယ်ဒိုကို လိုချင်ပါတယ်ဆိုတဲ့ ဥရောပ ထိပ်တန်းကလပ်တွေ မရှိသေးတာကြောင့် ပေါ်တူဂီသားကြီးရဲ့ နေဝင်ချိန်တွေဟာ တကယ်ပဲ ရောက်လာခဲ့ပြီလားလို့ စဉ်းစားခန်းဖွင့်ရတော့မှာပဲ ဖြစ်ပါတယ်။

ZAWGYI: စီရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်ဟာ လာမယ့်ဘောလုံးရာသီမှာ ဥရောပရဲ့ ထိပ်တန်း ကလပ်အသင်းတစ်ခုမှာ ကစားဖို့ဆိုရင် လက်ရှိ မန်ယူနိုက်တက်မှာ ရရှိနေတဲ့ လုပ်ခလစာထက် လျှော့ယူရမယ်ဆိုပြီး ပြောကြားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။ စီရော်နယ်ဒိုဟာ လက်ရှိ မန်ယူနိုက်တက်ရဲ့ ရာသီကြိုလေ့ကျင့်ခန်း အစီအစဉ်တွေကို ပူးပေါင်းခဲ့ခြင်းမရှိခဲ့သလို အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲ ခရီးစဉ်တွေမှာလည်း ပါဝင်လာခဲ့ခြင်းမရှိခဲ့ပါဘူး။