ဘာစီလိုနာနဲ့ တောင်ပံတိုက်စစ်ကစားသမား ဒမ်ဘီလီတို့ရဲ့ စာချုပ်သက်တမ်းဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ဒမ်ဘီလီကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ဒမ်ဘီလီဟာ ဘာစီလိုနာကို (၂၀၁၇-၁၈)ဘောလုံးရာသီမှာစုစုပေါင်း ပြောင်းရွှေ့ကြေးယူရို (၁၄၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး၊ ဘာစီလိုနာနဲ့ အတူ ဘောလုံးရာသီ (၅)ခုကို ဖြတ်သန်းခဲ့ပြီး ဖြစ်ပါတယ်။

ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၁၅၀) ကစားထားခဲ့ပြီးတဲ့နောက် သွင်းဂိုး (၃၂)ဂိုး အထိ သွင်းယူပေးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒမ်ဘီလီဟာ ဘာစီလိုနာမှာ ဒဏ်ရာတွေ မကြာခဏ ရရှိနေတာကြောင့် ပွဲ ကစားချိန်တွေတော့ တော်တော်လေး နည်းပါးခဲ့ရတယ် လို့ဆိုရမှာ ပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းကတော့ ဇာဗီလက်ထက်မှာ ဒမ်ဘီလီအနေနဲ့ ဒဏ်ရာပြဿနာ ကင်းကင်းနဲ့ ကစားနိုင်ခဲ့ပြီး ညာတောင်ပံ ခြမ်းမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

အသင်းအတွက် ပြီးခဲ့တဲ့ ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း (၃၂)ပွဲ ကစားနိုင်ခဲ့ပြီး သွင်းဂိုး (၂)ဂိုးနဲ့ ဂိုးဖန်တီးမှု အကြိမ်ရေများစွာ ပြုလုပ်ပေးထားနိုင်ခဲ့တာပါ။ ဘာစီလိုနာ အနေနဲ့ ဒမ်ဘီလီကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားခဲ့ပေမဲ့ အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် ဘာဒီလိုနာဟာ ဒမ်ဘီလီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရတော့မယ့် အခြေအနေကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒမ်ဘီလီကို ခေါ်ယူဖို့ အတွက် ဥရောပ ထိပ်တန်း အသင်းကြီးတွေက စိတ်ဝင်စားလျက် ရှိနေတာ ဖြစ်ပြီးတော့ ဘာစီလိုနာအနေနဲ့ကလည်း ဒမ်ဘီလီကို အသင်းမှာ ဆက်ထိန်းထားဖို့ အလိုရှိနေသေးတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့မနက်ပိုင်းကမှ ဘာစီလိုနာနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ ဒမ်ဘီလီကို ဘာစီလိုနာတို့ဟာ တစ်နှစ်လုပ်ခ လစာ ယူရို (၆)သန်းနဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမ့ ဒမ်ဘီလီကတော့ အဆိုပါလုပ်ခလစာရဲ့ (၂)ဆကို အလိုရှိနေတာ ဖြစ်ပါတယ်။ ဒမ်ဘီလီကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးအသင်းကလည်း စောင့်ကြည့်လျက် ရှိနေပြီးတော့ ဒမ်ဘီလီ လိုချင်တဲ့ လုပ်ခလစာကို ပေးချေနိုင်တာနဲ့ ဒမ်ဘီလီကို ခေါ်ယူသွားနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ချဲလ်ဆီးတို့ဟာ မန်စီးတီး အသင်းရဲ့ တောင်ပံ ကစားသမား စတာလင်းကိုခေါ်ယူဖို့အတွက်လည်း လုပ်ဆောင်လျက် ရှိနေပြီး၊ ခေါ်ယူနိုင်ဖို့ နီးစပ်လျက် ရှိနေတာကို သတင်းတွေအရ သိရပါတယ်။ ပီအက်ဂျီ အသင်းကလည်း ဒမ်ဘီလီကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရပြီးတော့ ပီအက်စ်ဂျီ ရဲ့ အနေအထားနဲ့ဟာ ဒမ်ဘီလီကို တကယ်သာ ခေါ်ယူချင်တယ်ဆိုရင် အချိန်တို အတွင်း ခေါ်ယူသွားနိုင်တဲ့ အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဘာစီလိုနာရဲ့ အခြေအနေက နောက်ထပ် ကစားသမား သစ်ခေါ်ယူဖို့ အတွက်လည်း အသင်းရဲ့ ကြွေးမြီပြဿနာတွေက ရှိနေတာကြောင့် ဒမ်ဘီလီကို လိုချင်တဲ့ လစာပေးပြီး အသင်းမှာ ဆက်ထိန်းဖို့ ကြိုးစားရတော့မယ့် အခြေအနေ ဖြစ်ပါတယ်။ ဆိုတော့ ကိုယ့်အသင်းက ကစားသမားကို အခြား အသင်းတွေနဲ့ အပြိုင် အသင်းမှာ ဆက်ထိန်းဖို့ ကြိုးစားရမယ့် ဘာစီလိုနာရဲ့ အဖြစ်က ပရိသတ်တွေ အတွက်တော့ တော်တော်လေး စိတ်ပျက်စရာ ကောင်းနေတာ လို့ဆိုရမှာပဲ ဖြစ်ပါတယ်။

ZAWGYI: ဘာစီလိုနာနဲ့ တောင်ပံတိုက်စစ်ကစားသမား ဒမ်ဘီလီတို့ရဲ့ စာချုပ်သက်တမ်းဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ဒမ်ဘီလီကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ဒမ်ဘီလီဟာ ဘာစီလိုနာကို (၂၀၁၇-၁၈)ဘောလုံးရာသီမှာစုစုပေါင်း ပြောင်းရွှေ့ကြေးယူရို (၁၄၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး၊ ဘာစီလိုနာနဲ့ အတူ ဘောလုံးရာသီ (၅)ခုကို ဖြတ်သန်းခဲ့ပြီး ဖြစ်ပါတယ်။