ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဆာ့ဂျ် ဂနာဘရီကို ခေါ်ယူဖို့အတွက် လက်ရှောင်သွားခဲ့တာကြောင့် အာဆင်နယ်အသင်းအတွက် ဂျာမန်သားကို ခေါ်နိုင်ဖို့ ပိုအခွင့်သာလာခဲ့ပြီလည်း ဖြစ်ပါတယ်။ ဂနာဘရီအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး သူ့အတွက်တော့ ရွေးချယ်စရာတွေ များပြားလာဖို့ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

လီဗာပူးလ်အသင်းကလည်း ဂနာဘရီကို ခေါ်ယူဖို့အတွက် အာဆင်နယ်အသင်းနဲ့အပြိုင် စိတ်ဝင်စားနေတာဖြစ်ပြီး အာဆင်နယ်အသင်းကလည်း ဂနာဘရီကို မြောက်လန်ဒန်ဆီ ပြန်လည်ခေါ်ယူလိုနေတာဖြစ်ပါတယ်။ ဂနာဘရီအနေနဲ့ အမ်းမရိတ်စ်ကို ပြန်လာဖို့အတွက် လမ်းဖွင့်ပေးထားတယ်လို့ ယူဆရနိုင်ပြီး အာဆင်နယ်အသင်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့တာကြောင့် ဂနာဘရီကို ခေါ်ယူဖို့ ထင်တာထက် ပိုပြီး ဆွဲဆောင်မှုအားနည်းနေတာဖြစ်ပါတယ်။

ပြီးတော့ ဂန်းနားတို့အတွက် ပိုပြီးစိတ်အားတက်စေမယ့် သတင်းကတော့ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဂနာဘရီကို စာချုပ်,ချုပ်ဆိုနိုင်ဖို့အတွက် ရှေ့ဆက်မတိုးတော့ဘဲ လက်ရှောင်သွားပြီဖြစ်ကြောင်း သိရပါတယ်။ စပိန်သတင်းဌာန Marca ရဲ့ဖော်ပြချက်အရ ဥရောပလက်ရှိချန်ပီယံတွေအနေနဲ့ ဂနာဘရီအပေါ်မှာ စိတ်မဝင်စားတော့ဘဲ အဆိုပါနေရာအတွက် ကစားသမားတွေ ပြည့်နှက်နေတာကြောင့် လက်ရှောင်သွားဖို့သာ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂုဏ်ထူးဆောင်ဥက္ကဌ အူလီ ဟိုးနက်စ်ကတော့ ဂျာမန်ချန်ပီယံတွေအနေနဲ့ ဂနာဘရီကို ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း အတည်ပြုသွားခဲ့ပေမယ့် နောက်ဆုံးရအခြေအနေတွေကိုတော့ မပြောခဲ့သလို နောက်နှစ်မှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွါမယ့် ကစားသမားတွေထဲက တစ်ဦးဖြစ်လာနိုင်ကြောင်း ပြောလာခဲ့ပါတယ်။ ဂျာမန်သတင်းဌာနဖြစ်တဲ့ BILD သတင်းဌာနရဲ့ဖော်ပြချက်အရ ဒီနှစ်နွေမှာ ဂနာဘရီကို ခေါ်ယူလိုတဲ့ အသင်းတွေအတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ တောင်းဆိုတဲ့ဈေးနှုန်းက ယူရိုသန်း ၄၀(ပေါင် ၃၄ သန်း)ဖြစ်ကြောင်း သိရပါတယ်။

အသက် ၂၆ နှစ်အရွယ်တောင်ပံကစားသမားအနေနဲ့ ၂၀၁၁ ခုနှစ်တုန်းက အာဆင်နယ်အသင်းရဲ့ အကယ်ဒမီကို စတုဂါ့ထ်အကယ်ဒမီအသင်းကနေ ဆယ်ကျော်သက်ကစားသမားဘဝကတည်းက ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိအာဆင်နယ်အသင်းရဲ့မန်နေဂျာ မီခဲလ် အာတီတာနဲ့လည်း တွဲဖက်ကစားခဲ့ဖူးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂနာဘရီအနေနဲ့ အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်မန်နေဂျာကြီး အာဆင်းန် ဗင်းန်ဂါးရဲ့လက်အောက်မှာ ထင်သလောက်မဖြစ်ထွန်းခဲ့ဘဲ ၂၀၁၆ ခုနှစ်မှာတော့ ဝါဒါဘရီမင်အသင်းကို ပြောင်းရွှေ့ကာ အာဆင်နယ်နဲ့ ချစ်လျက်နဲ့ လမ်းခွဲခဲ့ရတာဖြစ်ပါတယ်။

ဝါဒါဘရီမင်အသင်းမှာ ၁ ရာသီပဲ ကစားခဲ့ပေမယ့် ထွန်းတောက်လာခဲ့တဲ့ သူ့ခြေစွမ်းကြောင့် အဆိုပါ ၁ ရာသီအပြီးမှာတင် ဘိုင်ယန်မြူးနစ်အသင်းကို ယူရို ၈ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဟော်ဖန်ဟိမ်းအသင်းကို တစ်ရာသီအငှါးချခံခဲ့ရပေမယ့် ဘိုင်ယန်မြူးနစ်အသင်းကို ပြန်ရောက်ပြီးနောက်ပိုင်းမှာ ဒီနေ့ဒီအချိန်အထိ အသင်းရဲ့ အဓိကတောင်ပံတိုက်စစ်ကစားသမားတစ်ဦး ဖြစ်လာခဲ့တာပါ။

ZAWGYI: ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဆာ့ဂျ် ဂနာဘရီကို ခေါ်ယူဖို့အတွက် လက်ရှောင်သွားခဲ့တာကြောင့် အာဆင်နယ်အသင်းအတွက် ဂျာမန်သားကို ခေါ်နိုင်ဖို့ ပိုအခွင့်သာလာခဲ့ပြီလည်း ဖြစ်ပါတယ်။ ဂနာဘရီအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး သူ့အတွက်တော့ ရွေးချယ်စရာတွေ များပြားလာဖို့ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။