ဥရောပတိုက်ဟာ ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဘောလုံးလိဂ် ပြိုင်ပွဲတွေနဲ့ ဂုဏ်သိက္ခာရှိတဲ့ ဆုဖလား ပြိုင်ပွဲအချို့ ကျင်းပရာ နေရာတခုဖြစ်ပြီး၊ ဘောလုံး အမွေအနှစ်တွေ ရှိနေတဲ့ ဒီတိုက်ကြီးမှာ ကမ္ဘာ့အဆင့်မီ လေ့ကျင့်ရေး အဆောက်အဦးတွေလည်း ရှိနေပါတယ်။ ဒီလိုအရာတွေ တည်ရှိနေရခြင်းရဲ့ ရလဒ် အနေနဲ့ ဥရောပတိုက်က ဘောလုံးသမားတွေဟာ သူတို့ရဲ့ ရည်မှန်းချက်တွေ ဖြည့်ဆည်းနိုင်ဖို့နဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ဖြစ်လာစေဖို့ ကြီးမားတဲ့ ပံ့ပိုးကူညီမှုတွေ ရရှိခဲ့ကြပါတယ်။ ယခုဖော်ပြ ပေးသွားမှာကတော့ ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံးလို့ သတ်မှတ် ခံထားရတဲ့ ဥရောပတိုက်က ဘောလုံးသမား ၅ယောက်စာရင်း ဖြစ်ပြီး၊ ဒီကစားသမား တွေထဲမှာ ဘယ်သူတွေ ပါဝင်နေလဲ ဆိုတာကို ကြည့်လိုက်ကြရအောင်။

၅။ဒူဆန် ဗလာဟိုဗစ် – ဂျူဗင်တပ်စ် (ယူရို၈၅သန်း)။ ။ ၂၀၂၁၂၀၂၂ခုနှစ် ဘောလုံးရာသီဟာ ဒူဆန် ဗလာဟိုဗစ် အတွက် အပြောင်းအလဲ များလွန်းတဲ့ ဘောလုံးရာသီတခု ဖြစ်ခဲ့ပါတယ်။ သူဟာ စီးရီးအေ ပထမ ရာသီဝက်ကာလမှာ ဖီအိုရင်တီးနား အသင်းအတွက် လိဂ်ပွဲစဉ် ၂၁ပွဲကစားကာ၊ ၁၇ဂိုးသွင်းယူပြီး ၄ဂိုးဖန်တီး ပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် သူဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ဂျူဗင်တပ်စ် အသင်းထံ ယူရို၈၁.၆သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒီတိုက်စစ်မှူးဟာ ဂျူဗင်တပ်စ် အသင်းနဲ့ ဒုတိယ ရာသီဝက်ကာလမှာလည်း လိဂ်ပွဲစဉ် ၁၅ပွဲကစားကာ ၇ဂိုးသွင်းယူခဲ့ပြီး သူ့ရဲ့ လက်ရှိ စျေးကွက်တန်ဖိုးဟာ ယူရို၈၅သန်း ရှိနေပါတယ်။

၄။ဟယ်ရီကိန်း – တော့တင်ဟမ်ဟော့စပါး (ယူရိုသန်း၉၀)။ ။ ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အစောပိုင်း ကာလမှာ ခြေစွမ်းမပြနိုင်ခဲ့ပဲ ပရီးမီးယားလိဂ် ပွဲစဉ်၁၃ပွဲ ကစားပြီးချိန်မှာ ၁ဂိုးသာသွင်းယူ နိုင်ခဲ့ပေမယ့်၊ ကွန်တီ ရောက်ရှိလာပြီးနောက် ပုံမှန်ခြေစွမ်း ပြန်လည်ရရှိ လာခဲ့ပြီး၊ နောက်ဆုံး ၂၄ပွဲမှာ ၁၆ဂိုးအထိ သွင်းယူ နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ရှုံးထွက်ဖလား ပွဲစဉ်တွေမှာလည်း ၁၀ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး၊ ယခင်နှစ် ဘောလုံးရာသီက ပြိုင်ပွဲစုံမှာ သွင်းဂိုး၂၇ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဒီတိုက်စစ်မှူးရဲ့ လက်ရှိ အပြောင်းအရွှေ့ စျေးကွက်တန်ဖိုးဟာ ယူရိုသန်း၉၀ ရှိနေပါတယ်။

၃။ဖီးလ်ဖိုဒန် – မန်ချက်စတာစီးတီး (ယူရိုသန်း၉၀)။ ။ ၂၀၀၉ခုနှစ် ကတည်းက အသင်းကြီးအတွက် ပွဲထွက်ခွင့် ရခဲ့တဲ့ မန်စီးတီး အကယ်ဒမီထွက် ဖီးလ်ဖိုဒန်ဟာ စွယ်စုံရ ကွင်းလယ် ကစားသမား တယောက်ဖြစ်ပြီး သူဟာ ကွင်းလယ် နေရာစုံမှာ ကစားနိုင်တဲ့အပြင် တိုက်စစ်မှာလည်း ကစားနိုင်စွမ်းရှိကြောင်း သက်သေပြခဲ့ပါတယ်။ ယူရိုသန်း၉၀ တန်ကြေးရှိတဲ့ ဒီအင်္ဂလန် လက်ရွေးစင်ဟာ လျှင်မြန်ပြီး၊ ထူးချွန်တဲ့ ကစားသမားတဦး ဖြစ်တဲ့အပြင် အသင်းဖော်တွေကို ကစားရ လွယ်ကူအောင် ဘယ်လို ကူညီပေးနိုင်မလဲ ဆိုတာ နားလည်နေတဲ့ ကစားသမား ဖြစ်ပြီး၊ အရေးပါတဲ့ သွင်းဂိုးတွေကိုလည်း သွင်းယူပေး နိုင်ခဲ့ပါတယ်။

၂။အာလင်းဟာလန်း – ဒေါ့မွန် (ယူရိုသန်း၁၅၀)။ ။ ဟာလန်းဟာ လက်ရှိအချိန်မှာ ကမ္ဘာပေါ်က ထိပ်သီးကလပ်တွေ စိတ်ဝင်စားမှု အခံရဆုံး အထောင်တိုက်စစ် ကစားသမား ဖြစ်ပြီး၊ နော်ဝေး လက်ရွေးစင်ဟာ ဒေါ့မွန် အသင်းမှာ ကစားခဲ့တဲ့ ၂နှစ်ခွဲကြာ ကာလအတွင်း သွင်းဂိုးများစွာ သွင်းယူကာ သူ့ရဲ့ခြေစွမ်းကို မှတ်ကျောက်တင်ခဲ့ပါတယ်။ ဟာလန်းရဲ့ ခြေစွမ်းတွေကြောင့် ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်စီးတီး အသင်းဟာ သူ့ကို စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း၆၀ အသုံးပြုကာ ခေါ်ယူခဲ့ပြီး၊ ဒီတိုက်စစ်မှူးဟာ ဇူလိုင်လ ၁ရက်နေ့မှစကာ မန်စီးတီး အသင်းရဲ့ တရားဝင် ကစားသမား ဖြစ်လာမှာပါ။

၁။ကိုင်လီယန် အမ်ဘာပေ – ပီအက်စ်ဂျီ (ယူရိုသန်း၁၆၀)။ ။ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ လှုပ်ခတ်ခဲ့တဲ့ ပီအက်စ်ဂျီ ကြယ်ပွင့် အမ်ဘာပေဟာ လီဂူးဝမ်း ပြိုင်ပွဲရဲ့ ထိပ်တန်း ကစားသမား တဦးဖြစ်ပြီး၊ သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မက်ဆီနဲ့ နေမာတို့လို ကစားသမား တွေထက်တောင် ပိုတောက်ပခဲ့ပါတယ်။ လက်ရှိ စျေးကွက်တန်ဖိုးအရ ယူရိုသန်း၁၆၀ ရှိနေတဲ့ ဒီပြင်သစ် လက်ရွေးစင်ဟာ ပီအက်စ်ဂျီ အသင်းအတွက် ပြိုင်ပွဲစုံ ၂၁၆ပွဲကစား ပေးထားရာမှာ ၁၇၀ဂိုးသွင်းယူကာ၊ ၈၈ဂိုးဖန်တီး ပေးနိုင်ခဲ့ပြီး၊ ပီအက်စ်ဂျီ အသင်းနဲ့ သူ့ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၅ခုနှစ် ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

ZAWGYI: ဥရောပတိုက်ဟာ ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဘောလုံးလိဂ် ပြိုင်ပွဲတွေနဲ့ ဂုဏ်သိက္ခာရှိတဲ့ ဆုဖလား ပြိုင်ပွဲအချို့ ကျင်းပရာ နေရာတခုဖြစ်ပြီး၊ ဘောလုံး အမွေအနှစ်တွေ ရှိနေတဲ့ ဒီတိုက်ကြီးမှာ ကမ္ဘာ့အဆင့်မီ လေ့ကျင့်ရေး အဆောက်အဦးတွေလည်း ရှိနေပါတယ်။ ဒီလိုအရာတွေ တည်ရှိနေရခြင်းရဲ့ ရလဒ် အနေနဲ့ ဥရောပတိုက်က ဘောလုံးသမားတွေဟာ သူတို့ရဲ့ ရည်မှန်းချက်တွေ ဖြည့်ဆည်းနိုင်ဖို့နဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ဖြစ်လာစေဖို့ ကြီးမားတဲ့ ပံ့ပိုးကူညီမှုတွေ ရရှိခဲ့ကြပါတယ်။ ယခုဖော်ပြ ပေးသွားမှာကတော့ ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံးလို့ သတ်မှတ် ခံထားရတဲ့ ဥရောပတိုက်က ဘောလုံးသမား ၅ယောက်စာရင်း ဖြစ်ပြီး၊ ဒီကစားသမား တွေထဲမှာ ဘယ်သူတွေ ပါဝင်နေလဲ ဆိုတာကို ကြည့်လိုက်ကြရအောင်။