တောင်အမေရိက ဘောလုံးသမားတွေဟာ ကမ္ဘာပေါ်မှာ ဖျော်ဖြေမှုအပေးနိုင်ဆုံး ကစားသမားတွေ အဖြစ် အားလုံးက လက်ခံထားကြပြီး၊ သူတို့ဟာ အနုပညာဆန်တဲ့ ကစားပုံမျိုး ဘယ်လို ကစားရလဲဆိုတာ ကမ္ဘာ့ ဘောလုံးလောကကြီးမှာ ချပြခဲ့သူတွေ ဖြစ်ပါတယ်။ သမိုင်းတလျှောက်မှာ တောင်အမေရိက ဘောလုံး ကြယ်ပွင့်တွေဟာ ကမ္ဘာအနှံ့ လွှမ်းမိုးထားနိုင်ခဲ့တာ တွေ့ရပြီး၊

ယခုနှစ်မှာလည်း တောင်အမေရိက စူပါစတားတွေဟာ ကမ္ဘာ့ဘောလုံး ဇာတ်ခုံပေါ်မှာ ရပ်တည်မှု မြင့်မားစွာနဲ့ ရှိနေခဲ့ကြပါတယ်။ ဒါ့ကြောင့် လက်ရှိ ဘောလုံးလောကရဲ့ အကောင်းဆုံး တောင်အမေရိက ဘောလုံးသမား ၅ယောက်ကို ဖော်ပြပေးသွားမှာ ဖြစ်ပြီး၊ ဒီစာရင်းမှာ အာဂျင်တီးနား စူပါစတား မက်ဆီနဲ့ ဘရာဇီးလ် စူပါစတား နေမာတို့ဟာ ထိပ်ဆုံးကနေ ရပ်တည်နိုင်ခြင်း မရှိတော့တာကို အခုလို တွေ့ရပါတယ်။

၅။ကက်စီမီရို – ဘရာဇီးလ်၊ ရီးရဲလ်မက်ဒရစ်။ ။ ကက်စီမီရိုဟာ ရီးရဲလ်မက်ဒရစ် အသင်းကို ဇီနဒင်းဇီဒန်း တာဝန်ယူခဲ့တဲ့ ၂၀၁၆ခုနှစ် ကတည်းက အသင်းရဲ့ အဓိက ကစားသမား ဖြစ်ခဲ့ပြီး၊ ဒီဘရာဇီးလ်သားဟာ ကြယ်စင်စုတို့ကို ချန်ပီယံလိဂ် ဆုဖလား၄လုံးနဲ့ လာလီဂါ ဆုဖလား၃လုံး ရရှိအောင် ကူညီပေးခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း ရီးရဲလ်မက်ဒရစ် အသင်း ချန်ပီယံလိဂ် ဆုဖလားနဲ့ လာလီဂါ ဆုဖလား ဆွတ်ခူးခဲ့ရာမှာ အရေးပါတဲ့ နေရာကနေ ကူညီပေးခဲ့ပြီး၊ ပြိုင်ဘက် အသင်းတွေရဲ့ တိုက်စစ်ကို ဗဟိုကွင်းလယ်ခံစစ် နေရာကနေ ဖြတ်တောက် တားဆီးနိုင်ခဲ့ပါတယ်။

၄။နေမာ – ဘရာဇီးလ်၊ ပီအက်စ်ဂျီ။ ။ နေမာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒဏ်ရာ ပြဿနာတွေကြောင့် ပီအက်စ်ဂျီ အသင်းရဲ့ ပွဲစဉ် အတော်များများနဲ့ လွဲချော်ခဲ့ပြီး၊ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ပေမယ့် ပြိုင်ဘက် နောက်ခံလူတွေကို ကျော်ဖြတ်ကာ ထူးခြားတဲ့ သွင်းဂိုးတွေ သွင်းယူနိုင်ဆဲ ကစားသမား တယောက်ပါ။ ဒါ့ကြောင့် သူ့ရဲ့ ကြံ့ခိုင်မှုကို အကောင်းဆုံး အနေအထားမှာ ရှိနေအောင် ထိန်းထားနိုင်ဖို့က ပီအက်စ်ဂျီ အသင်းအတွက် စိန်ခေါ်မှု ဖြစ်လာခဲ့ပြီး၊ သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပြိုင်ပွဲစုံ ၂၈ပွဲကစားခဲ့ရာမှာ ၁၃ဂိုးသွင်းယူကာ ၈ဂိုးဖန်တီး ပေးနိုင်ခဲ့ပါတယ်။

၃။အလီဆွန်ဘက်ကာ – ဘရာဇီးလ်၊ လီဗာပူးလ်။ ။ လီဗာပူးလ် အသင်းရဲ့ ဂိုးသမား အလီဆွန် ဘက်ကာဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားလို့ ဆိုနိုင်ပြီး၊ သူ့ရဲ့ လျှင်မြန်တဲ့ တုံ့ပြန်မှု၊ ပွဲအခြေအနေကို ဖတ်နိုင်စွမ်းနဲ့ ပယ်နယ်တီ ဧရိယာထဲမှာ အသင်း နောက်ခံလူတွေကို ညွှန်ကြားနိုင်မှုတို့ဟာ ပြိုင်ဘက် အသင်းတွေအတွက် အခက်တွေ့စေပါတယ်။ အလီဆွန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပရီးမီးယားလိဂ် ပွဲစဉ်၃၆ပွဲကစားခဲ့ရာမှာ ဂိုးမပေးရတဲ့ပွဲ ၂၄ပွဲရှိခဲ့ပြီး၊ ချန်ပီယံလိဂ် ၁၄ပွဲကစားခဲ့ရာမှာလည်း ဂိုးမပေးရတဲ့ပွဲ ၄ပွဲရှိခဲ့တဲ့အပြင်၊ အက်ဖ်အေဖလား ပြိုင်ပွဲမှာလည်း ၂ပွဲဂိုးမပေးရအောင် လက်စွမ်းပြနိုင်ခဲ့ပါတယ်။

၂။လီယွန်နယ်မက်ဆီ – အာဂျင်တီးနား၊ ပီအက်စ်ဂျီ။ ။ မက်ဆီဟာ ဘာစီလိုနာ အသင်းကနေ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့လာပြီးနောက် နယ်မြေသစ်မှာ ရုန်းကန်နေခဲ့ရပြီး၊ သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပီအက်စ်ဂျီ အသင်းအတွက် လိဂ်သွင်းဂိုး၆ဂိုးသာ သွင်းယူ ပေးနိုင်ခဲ့ပေမယ့် ဂိုးဖန်တီးမှု ၁၄ကြိမ်ပြုလုပ် ပေးနိုင်ခဲ့ပါတယ်။ ဒီအာဂျင်တိုင်းသားရဲ့ ပီအက်စ်ဂျီ အသင်းနဲ့ ပွဲဦးထွက် ဘောလုံးရာသီဟာ မျှော်လင့်ထားသလို အောင်မြင်မှု မရခဲ့ပေမယ့်၊ သူဟာ လက်ရွေးစင် အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပြီး၊ တောင်အမေရိက ချန်ပီယံ အာဂျင်တီးနားက ဥရောပချန်ပီယံ အီတလီကို ၃-၀ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ် ပေးနိုင်ခဲ့ပါတယ်။

၁။ဗင်နီဆီးယပ်စ် ဂျူနီယာ – ဘရာဇီးလ်၊ ရီးရဲလ်မက်ဒရစ်။ ။ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဘယ်တောင်ပံ တိုက်စစ်မှူး ဗင်နီဆီးယက်စ် ဂျူနီယာဟာ ၂၀၂၁၂၀၂၂ခုနှစ် ဘောလုံးရာသီမှာ ဥရောပရဲ့ တိုးတက်မှုအရှိဆုံး ကစားသမား ဖြစ်ခဲ့ပြီး၊ သူဟာ တရာသီလုံးမှာ အရေးပါတဲ့ သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေ ပြုလုပ်ကာ ရီးရဲလ်မက်ဒရစ် အသင်းကို ကူညီပေးခဲ့ပါတယ်။ ဒီဘရာဇီးလ်သားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ရီးရဲလ်မက်ဒရစ် အသင်းအတွက် ပြိုင်ပွဲစုံ ၅၂ပွဲကစားခဲ့ရာမှာ ၂၂ဂိုးသွင်းယူ ပေးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂၀ကြိမ်ပြုလုပ် ပေးနိုင်ခဲ့တဲ့အပြင် လီဗာပူးလ် အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလည်း တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူ ပေးခဲ့ပါတယ်။

ZAWGYI: တောင်အမေရိက ဘောလုံးသမားတွေဟာ ကမ္ဘာပေါ်မှာ ဖျော်ဖြေမှုအပေးနိုင်ဆုံး ကစားသမားတွေ အဖြစ် အားလုံးက လက်ခံထားကြပြီး၊ သူတို့ဟာ အနုပညာဆန်တဲ့ ကစားပုံမျိုး ဘယ်လို ကစားရလဲဆိုတာ ကမ္ဘာ့ ဘောလုံးလောကကြီးမှာ ချပြခဲ့သူတွေ ဖြစ်ပါတယ်။ သမိုင်းတလျှောက်မှာ တောင်အမေရိက ဘောလုံး ကြယ်ပွင့်တွေဟာ ကမ္ဘာအနှံ့ လွှမ်းမိုးထားနိုင်ခဲ့တာ တွေ့ရပြီး၊