ဘရာဇီးလ် လက်ရွေးစင် အသင်းနည်းပြ တီတေးက ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဗင်နီဆီးယက်စ်ထက် ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာကို ချီးကျူးလိုက်ပြီး အသက် ၃၀နှစ်အရွယ် ဒီကစားသမားဟာ ဘရာဇီးလ် အသင်းရဲ့ အကြီးမားဆုံး ကြယ်ပွင့်တဦး ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ဘာစီလိုနာ ကြယ်ပွင့်ဟောင်း နေမာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပီအက်စ်ဂျီ အသင်းအတွက် ပြိုင်ပွဲစုံ ၂၈ပွဲကစားခဲ့ရာမှာ ၁၃ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၈ကြိမ်သာ ပြုလုပ်ပေး နိုင်ခဲ့တာကြောင့် သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေ မပြနိုင်ခဲ့ဘူးလို့ ဆိုရမှာပါ။

ဒါပေမယ့် လူငယ် တိုက်စစ်မှူး ဗင်နီဆီးယက်စ်ကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းအတွက် ၅၂ပွဲကစားခဲ့ရာ ၂၂ဂိုးသွင်းယူ ပေးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု အကြိမ်၂၀ ပြုလုပ်ကာ လာလီဂါနဲ့ ချန်ပီယံလိဂ် ဆုဖလားတွေ ဆွတ်ခူး နိုင်ခဲ့တာကြောင့် သူ့ရဲ့ အကောင်းဆုံး ဘောလုံးရာသီကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒီလို အချက်အလက်တွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ရီးရဲလ်မက်ဒရစ် လူငယ် တိုက်စစ်မှူးရဲ့ တဦးချင်း စွမ်းဆောင်ရည်တွေနဲ့ ဆုဖလား အောင်မြင်မှုတွေဟာ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာထက် ကောင်းမွန်တဲ့ ဘောလုံးရာသီတခု ဖြတ်သန်းနိုင်ခဲ့တာ သေချာပါတယ်။

ဒါပေမယ့် ဘရာဇီးလ် လက်ရွေးစင် အသင်းနည်းပြ တီတေးက အသင်းရဲ့ ကြယ်ပွင့်သစ် ဗင်နီဆီးယက်စ်ဟာ နေမာထက် ပိုကောင်းတယ် ဆိုတဲ့အချက်ကို ငြင်းဆိုထားပြီး၊ ဘာစီလိုနာ တိုက်စစ်မှူးဟောင်းဟာ သူ့အသင်းရဲ့ ထိပ်တန်း ကြယ်ပွင့် ဖြစ်နေဆဲပဲလို့ အခုလို ပြောလိုက်ပါတယ်။ “နေမာက နေမာပဲ ဖြစ်ပြီး၊ သူက ကျွန်တော်တို့ ဘရာဇီးလ် အသင်းရဲ့ အကြီးမားဆုံး ကြယ်ပွင့်အဖြစ် ရှိနေဆဲပါပဲ။ အခုလက်ရှိ ကျွန်တော်တို့ အသင်းမှာ ဘာကွာခြားလဲ ဆိုတော့ နေမာရဲ့ တောက်ပမှုကြောင့် အသင်းက အခြားကြယ်ပွင့်တွေ မှေးမှိန်သွားမျိုးပါ။”

“ဒီအသင်းမှာ နေမာရဲ့ ကြီးမြတ်မှု ဘယ်လောက်ထိရှိလဲ ဆိုတာနဲ့ ပတ်သက်ပြီး အသင်းက လူငယ်လေးတွေ နားလည်ထားပြီးသားပါ။ သူက အသင်းရဲ့ လူငယ်လေးတွေ ကစားသမားဘဝ တဆင့်တက်ဖို့နဲ့ လူငယ်တွေအတွက် သူ့ရဲ့ အချိန်တွေ၊ အတွေ့အကြုံတွေ မျှဝေပေးပြီး ရင့်ကျက်လာအောင် ကူညီနိုင်ပါတယ်။” ဆက်လက်ပြီး တီတေးကို လာမယ့် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် သူ့ရဲ့ စီမံခန့်ခွဲပုံတွေနဲ့၊ ဒီပြိုင်ပွဲမှာ ဘရာဇီးလ် အသင်း အောင်မြင်မှုရဖို့ ဘယ်လောက်ထိ မျှော်မှန်းထားသလဲ မေးမြန်းခဲ့ရာ သူက အခုလို ပြန်ဖြေသွားခဲ့ပါတယ်။

“အခုလက်ရှိ ကျွန်တော့် အသင်းရဲ့ အနေအထားကို ပြောမယ်ဆိုရင် ဒီပြိုင်ပွဲမှာ အောင်မြင်မှုရရှိဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် မျှော်လင့်နေရုံနဲ့ မပြီးပါဘူး။ အောင်မြင်မှုရဖို့ အာရုံစူးစိုက်မှု အပြည့်နဲ့လည်း လုပ်ဆောင်နေပါတယ်။ ဒီကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ကျွန်တော်တို့ အသင်း ဗိုလ်လုပွဲထိ တက်ရောက်ပြီး၊ ချန်ပီယံဖြစ်ဖို့ အချိန်တန်ပါပြီ။ ဒါဟာ တကယ့် အမှန်တရားပါ။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ကျွန်တော်ဟာ အခြား အခြေအနေတွေကြောင့် ဒီအသင်းရဲ့ နည်းပြ ဖြစ်ခဲ့တာပါ။(၂၀၁၆ခုနှစ်မှာ ဒွန်ဂါ ထုတ်ပယ်ခံရပြီး၊ တီတေး နည်းပြသစ် ဖြစ်ခဲ့ခြင်းကို ဆိုလိုတာပါ။)”

“အခုဆိုရင် ကျွန်တော် တာဝန်ယူပြီးနောက်ပိုင်း ၄နှစ်ပြည့်ပြီး နောက်တကြိမ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ကြုံလာခဲ့ရပါပြီ။ ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ အောင်မြင်မှု ရယူနိုင်ဖို့ ရည်မှန်းချက် မြင့်မားစွာ ထားရှိပေမယ့်၊ အလုပ်ကိုပဲ အာရုံစိုက်ထားပါတယ်။” နေမာဟာ ကလပ်အသင်း ကစားသမား ဘဝမှာ သူ့ရဲ့ စွမ်းဆောင်ရည် ဘယ်လိုပဲ ဖြစ်နေပါစေ၊ ဘရာဇီးလ် လက်ရွေးစင် အသင်းမှာတော့ အမှားအယွင်း မရှိသလောက်ဖြစ်ပြီး၊ အသင်းခေါင်းဆောင် တယောက် အနေနဲ့ အမြဲတမ်း စံနမူနာ ထားရလောက်တဲ့ ခြေစွမ်းတွေ ပြသကာ သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးနေဆဲပါပဲ။ ဒီဘရာဇီးလ်သားဟာ နိုင်ငံ လက်ရွေးစင် အသင်းနဲ့ ဆုဖလား အောင်မြင်မှုတွေ ရယူထားနိုင်ခြင်း မရှိသေးပေမယ့် အသင်းအတွက် ၁၁၈ပွဲကစားကာ၊ ၇၄ဂိုးသွင်းယူ ထားနိုင်ပြီး၊ ဂိုးဖန်တီးမှု ၅၁ကြိမ်ပြုလုပ် ပေးထားနိုင်တာ တွေ့ရပါတယ်။

ZAWGYI: ဘရာဇီးလ် လက်ရွေးစင် အသင်းနည်းပြ တီတေးက ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဗင်နီဆီးယက်စ်ထက် ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာကို ချီးကျူးလိုက်ပြီး အသက် ၃၀နှစ်အရွယ် ဒီကစားသမားဟာ ဘရာဇီးလ် အသင်းရဲ့ အကြီးမားဆုံး ကြယ်ပွင့်တဦး ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ဘာစီလိုနာ ကြယ်ပွင့်ဟောင်း နေမာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပီအက်စ်ဂျီ အသင်းအတွက် ပြိုင်ပွဲစုံ ၂၈ပွဲကစားခဲ့ရာမှာ ၁၃ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၈ကြိမ်သာ ပြုလုပ်ပေး နိုင်ခဲ့တာကြောင့် သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေ မပြနိုင်ခဲ့ဘူးလို့ ဆိုရမှာပါ။