ပရီးမီးယားလိဂ်ကလပ်အသင်းတွေအနေနဲ့ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ဂါဗီကို ခေါ်ယူဖို့အတွက် အပြိုင်အဆိုင်ကြိုးပမ်းနေကြပြီး အဆိုပါလူငယ်ကွင်းလယ်ကစားသမားအနေနဲ့ ထင်ထားတာထက် ပိုများတဲ့ ပိုက်ဆံပမာဏကို တောင်းဆိုတာကြောင့် အနည်းငယ်တော့ လက်တွန့်သွားနိုင်ကြောင်း သိရပါတယ်။ အဆိုပါအသင်းတွေထဲကမှ လီဗာပူးလ်အသင်းအနေနဲ့ ဂါဗီကို ခေါ်ယူဖို့အတွက် အခွင့်အရေးရရှိခဲ့ပေမယ့် စပိန်လက်ရွေးစင်ကွင်းလယ်လူအနေနဲ့ လက်ရှိ ဘာစီလိုနာအသင်းမှာ ရနေတဲ့ လုပ်ခလစာထက် ၄ ဆတိတိ အလိုရှိနေတာကြောင့် လက်လျှော့သွားခဲ့ကြောင်း သိရပါတယ်။

ဂါဗီကတော့ လက်ရှိမော်ဒန်ဘောလုံးလောကရဲ့ ကိုယ်ရည်ကိုယ်သွေးအရှိဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်နေပြီး ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလည်း ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်မှာ တောက်ပတဲ့ အနာဂါတ်တွေနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။ ပီဒရီနဲ့ အတွဲအဖက်ညီတဲ့ သူ့ရဲ့ ပုံစံကောင်းတွေကြောင့် ဘာစီလိုနာအသင်းအနေနဲ့ ဒီနှစ်နွေရာသီမှာ ကွင်းလယ်လူ ဖရန်ကီ ဒီယွန်းကို စိတ်အေးလက်အေးရောင်းထုတ်နိုင်စေဖို့အတွက် အကြောင်းပြချက်ဖြစ်စေခဲ့ပြီး လာမာစီယာအကယ်ဒမီထွက်ထက်စာရင် အခြားကစားသမားကို ရောင်းချကာ ငွေရှာချင်တဲ့ ဘာစီလိုနာအတွက် ကွက်တိဖြစ်ခဲ့တာပါ။

လီဗာပူးလ်အသင်းအနေနဲ့ ဂါဗီကို ခေါ်ယူဖို့အတွက် စိတ်အားထက်သန်မှုတော့ ပြသခဲ့တာဖြစ်ပြီး သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးကလည်း အံ့အားသင့်စရာကောင်းလောက်အောင် နည်းပါးတဲ့ ပေါင် ၄၃ သန်းသာ ရှိတာဖြစ်ပါတယ်။ နောက်ဆုံးရသတင်းတွေအရတော့ လီဗာပူးလ်အသင်းအနေနဲ့ ဂါဗီကို ခေါ်ယူဖို့အတွက် ဆန္ဒကို လက်လျှော့လိုက်ပြီဖြစ်ပြီး အသက် ၁၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်လူကတော့ ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့အတွက် မျှော်လင့်နေသလို စာချုပ်သစ်အရ စာချုပ်ပါလျော်ကြေး ပေါင်သန်း ၈၆၀ အထက်မှာ ရှိနိုင်ကြောင်း သိရပါတယ်။

အခုအချိန်မှာတော့ ဂါဗီကို လက်ရှောင်ချင်နေတဲ့ လီဗာပူးလ်အသင်းအတွက် အခွင့်အရေးအနည်းငယ်ပြန်ရလာနိုင်ပြီး စပိန်လက်ရွေးစင်ကွင်းလယ်လူအနေနဲ့ ဘာစီလိုနာအသင်းရဲ့ စာချုပ်သစ်အတွက် ပထမအကြိမ်ကမ်းလှမ်းမှုကို ငြင်းပါယ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ FCB World သတင်းဌာနရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းအနေနဲ့ ဂါဗီကို တစ်နှစ်လုပ်ခ ယူရို ၂ သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပေမယ့် သူကတော့ အဆိုပါပမာဏကို ၂ ဆတင် ကမ်းလှမ်းဖို့အတွက် တောင်းဆိုခဲ့တာဖြစ်ပါတယ်။

သူ့အနေနဲ့ လက်ရှိမှာ တစ်ပတ်လုပ်ခ ယူရို ၁ သန်းရရှိနေတာဖြစ်ပြီး အချို့သတင်းဌာနတွေရဲ့ဖော်ပြချက်အရတော့ ပထမဆုံးစာချုပ်သစ်ချုပ်တဲ့အချိန်မှာ လက်ရှိလုပ်ခလစာထက် ၄ ဆပိုများပြားတဲ့ တစ်နှစ်လုပ်ခ ယူရို ၄ သန်းအလိုရှိနေတာဖြစ်ကြောင်း သိရပါတယ်။ ဒါနဲ့တင်မပြီးသေးဘဲ စာချုပ်သစ်ချုပ်ပြီးနောက် ၁ နှစ်အကြာမှာ တစ်နှစ်လုပ်ခ ယူရို ၅ သန်းအထိ တိုးမြှင့်ပေးရမှာဖြစ်ပြီး နောက်ထပ် ၁ နှစ်ထပ်ကြာရင် တစ်နှစ်လုပ်ခ ယူရို ၆ သန်းအလိုရှိနေတာဖြစ်သလို သူ့ရဲ့စွမ်းဆောင်ရည်တွေအပေါ် မူတည်ကာ ပြန်လည်ဆွေးနွေးညှိနှိုင်းမှုတွေလည်း ပြုလုပ်ချင်တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ငွေကြေးပြဿနာတွေကတော့ ပြီးခဲ့တဲ့နှစ်ပိုင်းမှာ အရုပ်ဆိုးအကျည်းတန်စွာနဲ့ပဲ လူသိရှင်ကြားဖြစ်ခဲ့ရတာဖြစ်ပြီး ဒါကြောင့်လည်း အသင်းရဲ့ တန်ဖိုးကြီးကစားသမားဖြစ်တဲ့ လီယွန်နယ် မက်ဆီကို စာချုပ်သစ်မချုပ်နိုင်ဘဲ ရောင်းချခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ကစားသမားသစ်တွေကို မှတ်ပုံတင်တဲ့ကိစ္စရပ်တွေမှာ လှည့်ကွက်များခဲ့ပြီး လာမယ့်ဘောလုံးရာသီ လာလီဂါပွဲစဉ်တွေ မစတင်မီမှာ လစာငွေပြဿနာ ဖြေရှင်းရဦးမှာဖြစ်သလို မဖြေရှင်းနိုင်ခဲ့ရင် ဘယ်ကစားသမားမှ ရောက်လာမှာမဟုတ်တာပါ။

ဒါကြောင့်လည်း ဒီယွန်းကို အသည်းအသန်ရောင်းချလိုနေတာဖြစ်ပြီး ဒတ်ချ်ကွင်းလယ်လူအတွက် ဘာစီလိုနာကထွက်ခွါခဲ့ရင် အသင့်တော်ဆုံးကတော့ မန်ချက်စတာယူနိုက်တက်အသင်းလို့ ဆိုနိုင်ပေမယ့် ဘာစီလိုနာအသင်းကတော့ ဂါဗီလို ကစားသမားမျိုးကို အထူးသဖြင့် နည်းပါးလွန်းတဲ့ ပမာဏနဲ့ လက်လွှတ်သွားလိုခြင်းမရှိတာဖြစ်ပါတယ်။ ဂါဗီရဲ့ ဦးစားပေးစဉ်းစားစရာကတော့ နူးကမ့်မှာ ဆက်ရှိဖို့သာလျင် ဖြစ်နိုင်ပြီး ဂျာဗီ ဟာနန်ဒက်ဇ်ရဲ့ လက်အောက်မှာ သူ့ရဲ့တိုးတက်မှုတွေကို ဆက်လက်ပြုလုပ်ချင်သလို အသင်းကိုလည်း အောင်မြင်မှုတွေဆီ ပြန်လည်ပို့ဆောင်တဲ့နေရာမှာ အကူအညီတစ်ခုအဖြစ် ပါဝင်လိုနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိနေပြီး နည်းပါးလှတဲ့ စာချုပ်ဖျက်သိမ်းကြေးကြောင့် သူ့ကို ဆက်လက်ထိန်းသိမ်းဖို့အတွက် အသင်းဘက်မှာလည်း ဖိအားတွေ အစုလိုက်အပြုံလိုက် ဝင်နေနိုင်သလို စာချုပ်သစ်မချုပ်သေးသ၍တော့ ရင်လေးနေရဦးမှာပါပဲ။

ZAWGYI: ပရီးမီးယားလိဂ်ကလပ်အသင်းတွေအနေနဲ့ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ဂါဗီကို ခေါ်ယူဖို့အတွက် အပြိုင်အဆိုင်ကြိုးပမ်းနေကြပြီး အဆိုပါလူငယ်ကွင်းလယ်ကစားသမားအနေနဲ့ ထင်ထားတာထက် ပိုများတဲ့ ပိုက်ဆံပမာဏကို တောင်းဆိုတာကြောင့် အနည်းငယ်တော့ လက်တွန့်သွားနိုင်ကြောင်း သိရပါတယ်။ အဆိုပါအသင်းတွေထဲကမှ လီဗာပူးလ်အသင်းအနေနဲ့ ဂါဗီကို ခေါ်ယူဖို့အတွက် အခွင့်အရေးရရှိခဲ့ပေမယ့် စပိန်လက်ရွေးစင်ကွင်းလယ်လူအနေနဲ့ လက်ရှိ ဘာစီလိုနာအသင်းမှာ ရနေတဲ့ လုပ်ခလစာထက် ၄ ဆတိတိ အလိုရှိနေတာကြောင့် လက်လျှော့သွားခဲ့ကြောင်း သိရပါတယ်။