ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်က သူတို့အသင်းရဲ့ ထိပ်သီးပစ်မှတ် ကစားသမား တဦး ဖြစ်တဲ့ မန်ချက်စတာ စီးတီး တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်ကို ခေါ်ယူနိုင်ဖို့ အတွက် ဂျီးဆပ် တယောက် မန်ချက်စတာ စီးတီးမှာ ရနေတဲ့ လုပ်ခလစာထက် ၂ဆ ပိုပေးမယ် ဆိုတဲ့ ကမ်းလှမ်းချက် တရပ် ပြုလုပ်ထားကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အာဆင်နယ်က လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ထိပ်တန်း တိုက်စစ်မှူး တဦးနဲ့ အရန် တိုက်စစ်မှူး တဦးတို့ကို ခေါ်ယူဖို့ စီစဉ်ထားတဲ့ အသင်းတသင်း ဖြစ်ပြီး ပရီးမီးယားလိဂ် အတွေ့အကြုံရင့် တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်က သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် တိုက်စစ်မှူးပဲ ဖြစ်ပါတယ်။

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်က ၂၀၁၇ခုနှစ်မှာ ဘရာဇီးလ်ကလပ် ပါးမီးရက်စ်ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ကြေး ယူရို ၃၂သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး မန်ချက်စတာ စီးတီးဆီ ရောက်ရှိလာပြီးနောက် ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်ကြောင်း သက်သေပြထားသူပါ။ ဒါပေမယ့် မန်ချက်စတာ စီးတီးရဲ့ နည်းပြ ဂွာဒီယိုလာက ဂျီးဆပ်ရဲ့ ခြေစွမ်းကို သဘောမကျတာကြောင့် တိုက်စစ်မှူးသစ်တွေ ဖြစ်တဲ့ အာလင်း ဟာလန်းနဲ့ အယ်ဗာရက်တို့ကို ခေါ်ယူထားပြီး လာမယ့် နွေဈေးကွက်မှာ ဂျီးဆပ်ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။

လက်ရှိမှာတော့ ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးတို့က ဂျီးဆပ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး နှစ်သင်းစလုံးက ဂျီးဆပ်ကို ချဉ်းကပ်မှုတွေ အပြိုင်အဆိုင် ပြုလုပ်နေသလို ဂျီးဆပ်ကလည်း နှစ်သင်းစလုံးရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံကာ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ဂျီးဆပ်ကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးပမ်းနေကာ ဂျီးဆပ်ကို မန်ချက်စတာ စီးတီးမှာ ရရှိနေတဲ့ လုပ်ခလစာထက် ၂ဆ ပိုများတဲ့ လုပ်ခလစာ တရပ် ဖြစ်တဲ့ တပတ် လုပ်ခလစာ ပေါင် ၂သိန်း ပေးမယ် ဆိုတဲ့ ကမ်းလှမ်းမှု တရပ် ပြုလုပ်ထားပြီး ဂျီးဆပ်ကလည်း စပါးထက် အာဆင်နယ်ဆီသာ ပြောင်းရွှေ့ဖို့ ပိုမို စိတ်အားထက်သန်နေကြောင်း သိရပါတယ်။

တစ်ဖက်မှာလည်း လက်ရှိအချိန်မှာ အနာဂတ်နဲ့ပတ်သက်ပြီး လှုပ်ခတ်နေရတဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား ရာဟင်စတာလင်က အသင်းဘက်ကနေ သူ့ကို စာချုပ်သစ် မကမ်းလှမ်းလာခဲ့ရင်တောင် အခုနွေဈေးကွက်ထဲမှာ အသင်းအပြောင်းအရွှေ့ မလုပ်ဆောင်ပဲ အသင်းအတွက် စာချုပ်ကုန်ဆုံးချိန်ထိ ပါဝင်ကစားပေးပြီးမှသာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။

အသက်(၂၇)နှစ်ရှိ အင်္ဂလန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား စတာလင်ဟာ ၂၀၁၅ခုနှစ်ကတည်းက လီဗာပူးလ်အသင်းကနေ မန်စီးတီးအသင်းဆီ ရောက်ရှိနေတာဖြစ်ပြီး စီးတီးကို ရောက်ရှိလာခြင်းမှာပဲ အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ ကစားသမားအင်အား အလွန်တောင့်တင်းတဲ့ စီးတီးအသင်းမှာ စတာလင်ရဲ့ ပွဲကစားခွင့်တွေက အကန့်အသတ်နဲ့ ဖြစ်လာခဲ့ရပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီက စီးတီးအတွက် အရေးပါတဲ့ ပွဲစဉ်တွေဖြစ်သော ရီးယဲလ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် နှစ်ကျော့လုံးကို လွဲချော်ခဲ့ပါတယ်။

ဒါ့အပြင် အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံးအပိတ်ပွဲစဉ်ကိုပါ အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာ စတာလင်ဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့ပြီး စာချုပ်ကိစ္စကလည်း ရှေ့မတိုးနိုင်သေးပဲ အပြီးသတ်ဖို့ ကြန့်ကြာလျက်ရှိနေသလို အသင်းဘက်က အာလင်းဟော်လန်းနဲ့ ယူလီယန်အဲလ်ဗာရက်ဇ်တို့လို တိုက်စစ်ကစားသမားတွေကို ခေါ်ယူထားလိုက်တာကြောင့် စတာလင်ရဲ့ အနာဂတ်က ဝေဝါးသွားခဲ့ရပါတယ်။

ဒီလို အခြေအနေမျိုး ရှိလာခဲ့တဲ့ စတာလင်ဟာ အာဆင်နယ် ချယ်လ်ဆီးနဲ့ စပါးအသင်းတို့အပြင် ရီးယဲလ်မက်ဒရစ် ဘိုင်ယန်မြူးနစ်အသင်းတို့နဲ့ပါ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး စတာလင်အနေနဲ့လည်း သူ့ကို ပုံမှန်နေရာပေးဖို့ မလွယ်ကူနိုင်တဲ့ စီးတီးကနေ ထွက်ခွာဖွယ်ရှိနိုင်တယ်လို့ မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့် တချို့သတင်းတွေမှာတော့ စတာလင်ဟာ သူရဲ့စာချုပ်သက်တမ်း တစ်နှစ်ကို မန်စီးတီးအသင်းနဲ့သာ ဆက်လက်ဖြတ်သန်းသွားဖို့ ဆန္ဒရှိနေသလို အသင်းနဲ့ စာချုပ်ပြည့်သွားချိန်မှသာ အသင်းကနေ free transfer နဲ့ ထွက်ခွာဖွယ် ရှိနေပါတယ်။

ZAWGYI: ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်က သူတို့အသင်းရဲ့ ထိပ်သီးပစ်မှတ် ကစားသမား တဦး ဖြစ်တဲ့ မန်ချက်စတာ စီးတီး တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်ကို ခေါ်ယူနိုင်ဖို့ အတွက် ဂျီးဆပ် တယောက် မန်ချက်စတာ စီးတီးမှာ ရနေတဲ့ လုပ်ခလစာထက် ၂ဆ ပိုပေးမယ် ဆိုတဲ့ ကမ်းလှမ်းချက် တရပ် ပြုလုပ်ထားကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အာဆင်နယ်က လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ထိပ်တန်း တိုက်စစ်မှူး တဦးနဲ့ အရန် တိုက်စစ်မှူး တဦးတို့ကို ခေါ်ယူဖို့ စီစဉ်ထားတဲ့ အသင်းတသင်း ဖြစ်ပြီး ပရီးမီးယားလိဂ် အတွေ့အကြုံရင့် တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်က သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် တိုက်စစ်မှူးပဲ ဖြစ်ပါတယ်။