ဘရာဇီး ဂန္ဓဝင် ကစားသမားကြီး ပီလီဟာ ဘယ်တော့မှ ပြီးဆုံးသွားမှာ မဟုတ်တဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီ ဘယ်သူ ပိုကောင်းလဲဆိုတဲ့ ငြင်းခုန်မှုတွေထဲမှာ ပါဝင်လာခဲ့ပြီး သူ့အတွက် အကောင်းဆုံး ကစားသမားက ဘယ်သူ ဖြစ်နေမလဲဆိုတာကို ပြောပြသွားခဲ့ပါတယ်။ ဘလွန်းဒီအော်ဆုကို (၃)ကြိမ် အထိရရှိထားခဲ့တဲ့ ပီလီက စီရော်နယ်ဒိုဟာ လက်ရှိ ကမ္ဘာမှာ အကောင်းဆုံး ကစားသမား တစ်ယောက် ဖြစ်တယ်လို့လို့ ပြောကြား သွားခဲ့တာပါ။

ပီလီက ” ဒီနေ့ ကမ္ဘာမှာ အကောင်းဆုံး ကစားသမားက စီရော်နယ်ဒိုပါပဲ၊ သူက ပြိုင်ဘက် ဂိုးပေါက်ရှေ့မှာဆိုရင် ဂိုးရဖို့ ပိုပြီးတော့ သေချာမှု ရှိတာကြောင့် စီရော်နယ်ဒိုက အကောင်းဆုံး ကစားသမား ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်၊ ဒါပေမဲ့ ခင်ဗျားတို့က မက်ဆီကိုလည်း မေ့ထားလို့တော့ မရပါဘူး၊ သူက တိုက်စစ်မှူး တစ်ယောက်တော့ မဟုတ်ဘူးလေ ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့ဘောလုံးလောကမှာတော့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား အဖြစ် ပီလီကိုသာ သက်မှတ်ထားကြဆဲ ဖြစ်ပါတယ်။ ဘရာဇီး ဂန္ဓဝင်ကြီးဟာ ကမ္ဘာဖလား ပွဲစဉ် (၁၄)ပွဲမှာ သွင်းဂိုး (၁၂)ဂိုး အထိ သွင်းယူထားနိုင်ခဲ့တဲ့ သူဖြစ်ပါတယ်။

ဒါ့အပြင် ပီလီဟာ (၁၉၅၈)၊(၁၉၆၂)နဲ့ (၁၉၇၀) ခုနှစ်တွေထဲမှာ ဘရာဇီးနဲ့ အတူ ကမ္ဘာ့ဖလားကို (၃)ကြိမ် တိတိ ရရှိထားနိုင်ခဲ့တဲ့ ကစားသမား တစ်ယောက်လည်းပဲ ဖြစ်ပါတယ်။ ပီလီဟာ ဘရာဇီးအသင်းအတွက်ပွဲပေါင်း (၉၂) ပွဲ ပါဝင်ကစားပေးခဲ့ပြီးတော့ သွင်းဂိုး (၇၇) ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ကာ ဘရာဇီး အသင်းအတွက် ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ဒီနေ့ အချိန်အထိ ရပ်တည်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိ ပီအက်စ်ဂျီမှာ ကစားလျက် ရှိနေတဲ့ နေမာဟာ မကြာခင်မှာပဲ ပီလီရဲ့ စံချိန်ကို ချိုးဖြတ်ပြီး ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာဖို့ ရှိနေတာပါ။ နေမာဟာ ပီလီရဲ့ နိုင်ငံတကာ သွင်းဂိုးကို မီဖို့ (၃)ဂိုးသာ လိုတော့တာ ဖြစ်ပါတယ်။ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ဟာလည်း အာဂျင်တီးနားနဲ့ ပေါ်တူဂီ အသင်းတွေမှာ ဂိုး သွင်းအများဆုံး ကစားသမားတွေ အဖြစ် ရပ်တည်နေကြတာ ဖြစ်ပါတယ်။

စီရော်နယ်ဒိုဆိုရင် ပေါ်တူဂီ အသင်းအတွက်သာမက နိုင်ငံတကာအဆင့်မှာပါ သွင်းဂိုး (၁၁၇)ဂိုးနဲ့ ဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမားတစ်ယောက်အဖြစ် နံပါတ်(၁)နေရာမှာ ရပ်တည်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။ မက်ဆီကတော့ အာဂျင်တီးနား အသင်းအတွက် (၈၆) ဂိုး သွင်းယူထားခဲ့ပြီးတော့ အာဂျင်တီးနား အသင်းအတွက် ဂိုး သွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသလို နိုင်ငံအသင်းအတွက် ဂိုးအများဆုံး သွင်းယူထားတဲ့ကစားသမား စာရင်းမှာလည်း အဆင့် (၅)နေရာမှာ ရပ်တည်လျက်ရှိနေပါတယ်။

လက်ရှိမှာ စီရော်နယ်ဒိုဟာ အသက်(၃၇)နှစ် ရှိနေပြီ ဖြစ်သလို မက်ဆီကလည်း မကြာသေးခင်ကမှ အသက်(၃၅)နှစ် ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ဦးစလုံးဟာ ဘောလုံးလောကမှာ အခြားးသော ကစားသမားတွေထက် သာလွန်တဲ့ အောင်မြင်မှုတွေ စိုက်ထူထားနိုင်ခဲ့ကြပါတယ်။ လက်ရှိ အချိန်အထိ ကစားသမားဘ၀ နောက်ဆုံးသောနေ့ရက်တွေကို ရောက်ရှိလာခဲ့ပေမဲ့ အမြင့်ဆုံး အဆင့်မှာ ကစားနိုင်နေကြဆဲ ဖြစ်ပြီး၊ နှစ်ယောက်လုံးအတွက် အနားယူရမယ့် နေ့ရက်တွေကတော့ မကြာခင် ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။

ZAWGYI: ဘရာဇီး ဂန္ဓဝင် ကစားသမားကြီး ပီလီဟာ ဘယ်တော့မှ ပြီးဆုံးသွားမှာ မဟုတ်တဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီ ဘယ်သူ ပိုကောင်းလဲဆိုတဲ့ ငြင်းခုန်မှုတွေထဲမှာ ပါဝင်လာခဲ့ပြီး သူ့အတွက် အကောင်းဆုံး ကစားသမားက ဘယ်သူ ဖြစ်နေမလဲဆိုတာကို ပြောပြသွားခဲ့ပါတယ်။ ဘလွန်းဒီအော်ဆုကို (၃)ကြိမ် အထိရရှိထားခဲ့တဲ့ ပီလီက စီရော်နယ်ဒိုဟာ လက်ရှိ ကမ္ဘာမှာ အကောင်းဆုံး ကစားသမား တစ်ယောက် ဖြစ်တယ်လို့လို့ ပြောကြား သွားခဲ့တာပါ။