အကြွေးဆိုတာ ဘောလုံး အသင်းတိုင်းရဲ့ ပူပင်သောက တစ်ခုပါ။ ဥရောပမှာ အကြွေးကင်းတဲ့ အသင်းတွေကတော့ ပီအက်စ်ဂျီ ၊ စီးတီး ၊ လက်စတာနဲ့ ချဲလ်ဆီးတို့ အသင်း ၄ သင်းသာ ရှိပါတယ်။ ချဲလ်ဆီး အသင်းဟာ ဒီစာရင်းမှာ ထိပ်ဆုံးက ဖြစ်သင့်ပေမဲ့ အေဗရာမိုဗစ်က အသင်းမှာ သူရရှိရမဲ့ အကြွေးတွေကို ချေပေးခဲ့ပါတယ်။

အကြွေးဟာ အသင်းတစ်သင်းအတွက် ပြသနာတစ်ခုပါ။ အထူးသဖြင့် အပြောင်းအရွှေ့ စျေးကွက်မှာပါ။ ငွေကြေးကိစ္စဟာ လိုက်နာဖို့ လိုအပ်တဲ့ တင်းကြပ်တဲ့ စည်းမျဥ်းတွေထက် မရေရာတဲ့ လမ်းကြောင်းပေါ်မှာ အခြေခံနေပါတယ်။ ဇွန်လမှာ အပြောင်းအရွှေ့တံခါး ဖွင့်တော့မှာနဲ့အတူ ဥရောပမှာ ဘယ်အသင်းက အကြွေးအများဆုံး တင်နေသလဲ ကြည့်လိုက်ရအောင်ဗျာ။

(၅) အေစီမီလန် – ယူရို ၆၆၆ သန်း။ ။ အေစီမီလန် အသင်းဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အသင်းတစ်သင်း အဖြစ် ရပ်တည်ဖို့ ရုန်းကန်နေရပါတယ်။ ညံ့ဖျင်းတဲ့ အပြောင်းအရွှေ့တွေ ၊ အစီအစဥ်တွေနဲ့ မှားယွင်း​တဲ့ စီမံမှုတွေ အပေါ်မှာသာ သူတို့ဟာ ငွေကြေးသုံးစွဲခဲ့ကြပေမဲ့ မှန်မှန်ကန်ကန် အသုံးချတယ်ဆိုတာ ရှားပါတယ်။ မကြာသေးမီ ရာသီတွေက သူတို့ဟာ သူတို့ လုပ်ဆောင်နေတဲ့ အရာတွေ ပြောင်းလဲပစ်တာကို တွေ့မြင်ခဲ့ရပါတယ်။

အလွတ်ပြောင်းရွှေ့ကြေးနဲ့ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲမှုတွေကြောင့် အေစီမီလန်အသင်းဟာ တဖြည်းဖြည်းနဲ့ ကောင်းမွန်အောင် တည်ဆောင်နိုင်ခဲ့ပြီး ယခုမှာတော့ အမှတ်ပေးဖလားကို ရယူနိုင်ခဲ့ပါတယ်။ ပေါ်လိုမယ်လ်ဒီနီဟာ ပွဲစဥ်နဲ့ ဘုတ်အဆင့်မှာ အကောင်းဆုံး တည်ဆောက်ထားနိုင်ပြီး တည်ငြိမ်လာပုံပါပဲ။ အထူးသဖြင့် ပိုင်ရှင်အသစ်ဖြစ်တဲ့ ရက်ဒ်ဘဒ်ကပ်ပီတယ်ပါတနာနဲ့အတူ အေစီမီလန်အတွက်ကတော့ အနာဂတ်ဟာ တောက်ပနေပါတယ်။

(၄) အင်တာမီလန် – ယူရို ၇၀၂ သန်း။ ။ ဒီစာရင်းရဲ့ နောက်ထပ် အသင်းကတော့ အေစီမီလန် အသင်းရဲ့ အိမ်နီးချင်း အင်တာမီလန်အသင်း ဖြစ်ပါတယ်။ ဒါပေမဲ့ အေစီမီလန်နဲ့ မတူတာက သူတို့မှာ အသင်းပိုင်ရှင် မရှိသေးတာပါ။ ဆန်းနင်းဟိုးဒင်း အဖွဲ့အစည်းဟာ အင်တာမီလန်မှာ အဓိက ရှယ်ယာရှင် ဖြစ်ပါတယ်။ ပွဲစဥ်မှာတော့ သူတို့ဟာ နောက်ထပ် ဆုဖလား ရယူဖို့ စီမံနိုင်ခဲ့ပေမဲ့ နောက်ဆုံး ရက်သတ္တပတ် အနည်းငယ်မှာပဲ ဆုဖလားနဲ့ လွဲချော်ခဲ့ပါတယ်။ ပွဲစဥ် အပြင်မှာတော့ သူတို့ဟာ ဥရောပမှာ အရည်အသွေးရှိတဲ့ ကစားသမားတွေကို ဆွဲဆောင်နိုင်ဖို့ ရုန်းကန်နေရဆဲပါ။

(၃) စပါး – ယူရို ၈၂၆ သန်း။ ။ စပါးဟာ ဒီစာရင်းမှာ အံ့သြစရာကောင်းတဲ့ အသင်းပါ။ ဒန်နီရယ်လီဗိုင်းဟာ အကြပ်တည်းဆုံး အနေအထားမှာ အသင်းနဲ့ အကောင်းဆုံး လုပ်ဆောင်နေရပြီး စျေးကွက်မှာ ငွေကြေးအမြောက်အများ သုံးစွဲတာရှားပါတယ်။ စပါးအသင်းရဲ့ အကြွေးအများစုက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူတို့ တည်ဆောက်ခဲ့တဲ့ ကွင်းအနေအထားကြောင့်ပါ။ ကွင်းဟာ ယူရို ၁.၇ သန်းနီးပါး ကုန်ကျခဲ့ပြီး အဲအချိန်ကတည်းက အကြွေးဆပ်ဖို့ ကြိုးစားနေခဲ့ရတာပါ။

လက်ရှိ စပါးဟာ သူတို့ရဲ့ နည်းပြအဖြစ် ကွန်တီကို ရရှိထားပြီး သူကလည်း သူ့အသင်းကို ထောက်ခံပေးချင်ပုံပါပဲ။ စပါး အသင်းဟာ လီဗိုင်းအတွက် ယခုနွေရာသီမှာ သုံးစွဲဖို့ အပိုငွေကြေး ရှာဖွေပေးနိုင်ခဲ့ပြီး ဒါဟာ အီတလီနည်းပြကြီးကို အကြိုက်တွေ့စေသင့်ပါတယ်။ ကွင်းကလွဲပြီး ယခုအချိန် သူတို့ရဲ့ ရည်ရွယ်ချက်ဟာ မေးခွန်းထုတ်စရာ ဖြစ်နေပေမဲ့ စပါးဟာ ထိန်းထားနိုင်တဲ့ အသင်းပါ။

(၂) ဂျူဗင်တပ် – ယူရို သန်း ၉၀၀။ ။ ဂျူဗင်တပ် အသင်းဟာ ဥရောပမှာရှိတဲ့ အသင်းတွေမှာ ထူးခြားတဲ့ အသင်းမှာ ရှိနေပါတယ်။ ဂျူဗင်တပ်ဟာ စာရင်းမှာ တတိယမြောက် အီတလီ ကလပ်အသင်းဖြစ်ပါတယ်။ ကိုဗစ်က သူတို့အတွက် အကူအညီမဲ့စေခဲ့ပြီး ပရိတ်သတ်မပါတဲ့ ရာသီဟာ အသင်းရဲ့ ငွေကြေးကို ထိခိုက်စေခဲ့ပါတယ်။ အေစီမီလန် ၊ အင်တာမီလန်တို့နဲ့ မတူတာက ဂျူဗင်တပ်ဟာ ကွင်းအပြင်ရော အတွင်းမှာပါ ရုန်းကန်နေရပါတယ်။ ရော်နယ်ဒိုကို ထွက်ခွာခွင့်ပေးလိုက်တာဟာ သူတို့ရဲ့ ငွေကြေးအနေအထားကို အကူအညီဖြစ်စေခဲ့ပေမဲ့ လက်လှမ်းမီနိုင်ဖို့ ကောင်းမွန်တဲ့ စျေးနှုန်းတွေကို ဆက်ပြီး အားကိုးရမှာပါ။

(၁) ဘာစီလိုနာ – ယူရို ၁.၃၅ ဘီလီယံ။ ။ ဘာစီလိုနာအသင်းဟာ ဘောလုံး အသင်းတစ်သင်းအနေနဲ့ လုပ်ဆောင်နိုင်ဖို့ ရုန်းကန်နေရတာကတော့ အံ့သြစရာပါပဲ။ နှစ်အတော်အကြာ စီးပွားရေး ညံ့ဖျင်းမှုနဲ့ လွဲချော်မှုတွေကြောင့် ကလပ်အသင်းဟာ ဆိုးရွားတဲ့ အခြေအနေကို ရောက်ရှိခဲ့ပါတယ်။ ကော်တင်ညိုနဲ့ ဂရစ်ဇ်မန်းတို့လို ကစားသမားတွေဟာ ကြီးမားတဲ့ ကျရှုံးမှု တစ်ခု ဖြစ်ခဲ့ပါတယ်။

ဘာစီလိုနာ အသင်းဟာ ဥာဏ်ရှိရှိ သုံးစွဲနိုင်ဖို့ ကြိုးစားနေပြီး ဂါဗီ ၊ ပက်ဒရီတို့လို အကယ်ဒမီထွက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်နိုင်ဖို့ ကြိုးစားနေပါတယ်။ စပေါ့တီဖိုင်းနဲ့ စာချုပ်အသစ်ဟာ ဝင်ငွေတိုးစေဖို့ အကူအညီ ဖြစ်သင့်ပေမဲ့ ကလပ်ဆီကိုငွေကြေး တည်ငြိမ်မှု ပြန်လည် ရယူပေးနိုင်ဖို့ သူတို့ရဲ့ အဓိက ကစားသမား အချို့ကို ရောင်းချသွားဖို့ လိုအပ်ပါတယ်။