မန်ချက်စတာယူနိုက်တက်တို့ရဲ့ မန်နေဂျာသစ်အဲရစ်တန်ဟက်က ကလပ်ရဲ့အကယ်ဒမီကစားသမားလေးတဦးကို အသင်းကြီးနဲ့အတူ ပူးပေါင်းဖို့အတွက် ရွေးချယ်ခေါ်ယူခဲ့ပြီလို့ Mirrorပါသတင်းအရသိရပါတယ်။ ဒီကွင်းလယ်ကစားသမားလေးဟာ အသက်၁၄နှစ်အရွယ်ကတည်းက မန်ချက်စတာကို နော်ဝေကလပ် ထရွမ်ဆိုကနေ ပြောင်းရွှေ့ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။

အသင်းကိုရောက်ရောက်ချင်းမှာ အကယ်ဒမီအသင်းနဲ့အတူပူးပေါင်းခဲ့ပြီးနောက် ယူ၁၈အသင်းမှာဝင်ရောက်ကစားနေခဲ့သူ ဗဟိုကွင်းလယ်ကစားသမားလေးလို့ဆိုပါတယ်။ ပြီးခဲ့တဲ့ရာသီကတော့ ယူနိုက်တက်ဘီအသင်းလို့ဆိုရမဲ့ ယူ၂၃အသင်းကိုအဆင့်မြှင့်တင်ခေါ်ယူခြင်းခံခဲ့ရသူ အိုင်ဆက်ခ် ဟန်ဆန် အာရွန်ဟာ ကလပ်ကိုရောက်ရောက်ချင်း၂ရာသီကျော်အတွင်းမှာပဲ အထင်ကြီးမှုကိုဆက်တိုက်ရယူနိုင်ခဲ့သူလို့ဆိုရမှာပါ။

ယူနိုက်တက်တို့ဟာ လက်ရှိရာသီစတင်မဲ့ ဘရိုက်တန်နဲ့ပရီးမီးယားလိဂ်ပွဲမတိုင်မီ အက်သလက်တီကိုမက်ဒရစ်နဲ့ ရေယို ဗယ်လီကာနို လာလီဂါနှစ်သင်းနဲ့ခြေစမ်းသွားဖို့ကျန်နေသေးပြီး ဒီပွဲစဉ်တွေထဲက တပွဲပွဲမှာ ဟန်ဆန် အာရွန်ပါဝင်သွားဖို့ရှိနေပါတယ်။ အဆိုပါစပိန်ကလပ်တွေနဲ့ခြေစမ်းပွဲတွေကို ၁၇နှစ်သားရဲ့ မိခင်နိုင်ငံဖြစ်တဲ့ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ကစားသွားမှာဖြစ်လို့ သူ့အတွက် အခွင့်အရေးကပိုမိုများပြားနေတာပါ။

ဟမ်ဆန် အာရွန်ဟာ ယူနိုက်တက်အတွက် ယူ၂၃အသင်းမှာသာကစားခွင့်ရထားသေးပေမဲ့ မန်ချက်စတာကိုမရောက်မီ သူ့ရဲ့ငယ်ဘဝကလပ်ဖြစ်တဲ့ နော်ဝေအဆင့်မြင့်တန်းက ထရွန်ဆိုကလပ်မှာ စီနီယာပွဲထွက်ကစားခဲ့ပြီးသူဖြစ်ပါတယ်။ ကလေးသာသာရှိသေးတဲ့ ၁၅နှစ်ဝန်းကျင်လူငယ်လေးဟာ ကလပ်ရဲ့အသက်အငယ်ဆုံး စီနီယာပရိုပွဲထွက်ခွင့်ရတဲ့ ကစားသမားဖြစ်ခဲ့ပြီးနောက် ၇ပွဲခန့် လူစားဝင်ကစားခွင့်ရခဲ့ကာ ၁ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လဲ သူ့ရဲ့ပထမဆုံးပရော်ဖက်ရှင်နယ်ကစားသမားစာချုပ်ကိုတော့ ယူနိုက်တက်တို့နဲ့ကျမှချုပ်ဆိုခဲ့တာဖြစ်ပြီး ၂၀၂၁ခုနှစ်သြဂုတ်လမှာချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ့နောက်မှာ ပရီးမီးယားလိဂ်တူးနဲ့ အီအက်ဖ်အယ်လ်ဖလားပွဲတွေမှာ ယူ၁၈အသင်းနဲ့အတူ ကွင်းလယ်ကစားသမားအဖြစ် ၂၈ပွဲကစား ၃ဂိုးသွင်း၅ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ရာသီကြိုကာလတွေမှာ ဇီဒန်းအစ်ဘယ်လ်နဲ့ ချာလီဆာဗေ့ချ်တို့ကိုသဘောတွေ့နေတဲ့ တန်ဟက်က နောက်ထပ်ရွေးချယ်မှုဖြစ်လာခဲ့တဲ့ ၁၇နှစ်သား ကွင်းလယ်ကစားသမားလေးဟာ လက်ရှိမှာ စီနီယာအသင်းနဲ့အတူ ပူးပေါင်းလေ့ကျင့်နေပြီဖြစ်ပါတယ်။

ZAWGYI: မန်ချက်စတာယူနိုက်တက်တို့ရဲ့ မန်နေဂျာသစ်အဲရစ်တန်ဟက်က ကလပ်ရဲ့အကယ်ဒမီကစားသမားလေးတဦးကို အသင်းကြီးနဲ့အတူ ပူးပေါင်းဖို့အတွက် ရွေးချယ်ခေါ်ယူခဲ့ပြီလို့ Mirrorပါသတင်းအရသိရပါတယ်။ ဒီကွင်းလယ်ကစားသမားလေးဟာ အသက်၁၄နှစ်အရွယ်ကတည်းက မန်ချက်စတာကို နော်ဝေကလပ် ထရွမ်ဆိုကနေ ပြောင်းရွှေ့ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။