တကယ်တော့ အာဆင်နယ်တို့ ချန်ပီယံလိဂ်နောက်ဆုံးကန်ခဲ့ရတဲ့ အချိန်တွေက တော်တော်လေးကို ကြာခဲ့ပါပြီ။ နှစ် အတိအကျနဲ့ ပြောရရင် (၂၀၁၆-၁၇) ဘောလုံးရာသီဟာ အာဆင်နယ် အတွက် နောက်ဆုံးသော ချန်ပီယံလိဂ် ဖြစ်ခဲ့တာပါ။(၅)ရာသီဆက်တိုက် ချန်ပီယံလိဂ် ဝင်ခွင့်ကို ဆက်တိုက်လွဲချော်ခဲ့ပြီး ရွှေဖလားရပြီးကတည်းက ပရီးမီးယားလိဂ် ဖလားမရတော့တဲ့ အဖြစ်လိုမျိုးနဲ့ သွားပြီးတော့တောင် ဆင်တူနေပါတယ်။ အာဆင်နယ်နဲ့ ချန်ပီယံလိဂ်ဆိုတာ ဘယ်တော့မှ ပေါင်းစပ်လို့မရတဲ့ အရာ နှစ်ခု ဖြစ်နေတာမျိုးပါပဲ။

ပြီးခဲ့တဲ့ တပတ်ကမှ စပါးအသင်းကို (၄)မှတ်ဖြတ်ပြီး အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာ မှာ ရပ်တည်နိုင်ခဲ့ပေမဲ့ အခုတော့ စပါးအသင်းရဲ့နောက် (၂)မှတ် အကွာနဲ့ အမှတ်ပေးဇယားရဲ့ အဆင့် (၅)နေရာကို ရောက်ရှိသွားရှာခဲ့ရပြီ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းရဲ့ ဆုဖလား ပြတိုက်ထဲမှာ ချန်ပီယံလိဂ်ဖလားဆိုတာ မရှိခဲ့ဖူးပေမဲ့ အာဆင်ဝင်းဂါးလက်ထက်တုန်းကဆိုရင်တော့ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ကို အမြဲတမ်း ကန်ခွင့်ရခဲ့တဲ့ အသင်းဖြစ်ပါတယ်။

(၂၀၁၇-၁၈)ရာသီကစလို့ လက်ရှိ (၂၀၂၁-၂၂) ဘောလုံးရာသီ အထိ (၅)ရာသီဆက်တိုက် ချန်ပီယံလိဂ် ဝင်ခွင့် လွဲချော်ခဲ့ပြီး ပရီးမီးယားလိဂ် ရဲ့ ကြီး(၄)ကြီးစာရင်းဝင် ဖြစ်ခဲ့တဲ့ အာဆင်နယ်တို့ဟာ မှောင်မိုက်တဲ့ ကာလ တခုကို ရောက်ရှိနေခဲ့တာပါ။ အာတီတာလက်ထက် ပြောင်မြောက်လှတဲ့ ခြေစွမ်းတွေနဲ့ အတူ ရလဒ်ကောင်းတွေ ထွက်ပေါ်လာခဲ့တာကြောင့် အာဆင်နယ်တို့ လမ်းကြောင်းမှန်ပေါ် ရောက်လာပြီလို့ အားလုံးက ထင်မှတ်ခဲ့ကြပေမဲ့လည်း ရာသီသိမ်းခါနီးဆို ဇာတိက ပြန်ပြန် ပေါ်လာတာပါ။ ဇန်နဝါရီ (၂၃)မှာ ကစားခဲ့တဲ့ ဘန်လေနဲ့ ပွဲစဉ်က စလို့ တောက်လျှောက် ပရီးမီးယားလိဂ် ပြိုင်ပွဲတစ်ခုထဲကိုသာ အာရုံ စိုက်ကစားခဲ့ရပေမဲ့လည်း အာဆင်နယ်တို့ဟာ အခွင့်အရေးကောင်းတွေကို လက်လွှတ်ခဲ့ရတာလည်း ချန်ပီယံလိဂ်ပဲ မကန်ချင်လို့လားတော့ မပြောတတ်တော့ပါဘူး။

ညက ကစားသွားတဲ့ နယူးကာဆယ်နဲ့ ပွဲမှာဆိုရင် အာဆင်နယ်တို့ဟာ ရလဒ်ပိုင်းအရ ရှုံးနိမ့်ခဲ့တာမျိုး မဟုတ်ပဲ ခြေစွမ်းပိုင်းမှာကို နယူးကာဆယ်ကို မယှဉ်နိုင် ဖြစ်ခဲ့ပြီး (၂)ဂိုးပြတ်နဲ့ ရှုံးနိမ့်သွားခဲ့တာပါ။ ပေါင်သန်း(၅၀)တန် ခံစစ်မှူးကြီးကလည်း တကယ့်ပွဲမှ ကိုယ့်ဂိုးကို ပြန်သွင်းလိုက်ပါသေးတယ်။ တစ်ပွဲလုံး ဂိုးအဖြစ် မျှော်လင့်လို့ရတဲ့ အခြေအနေက (ဝ.၄)ရာခိုင်နှုန်းသာရှိခဲ့တဲ့ အထိ အာဆင်နယ်တို့ဟာ နယူးကာဆယ်ကို မယှဉ်နိုင်ခဲ့တာပါ။ ဒါ့အပြင်တစ်ပွဲလုံး ဂိုးပေါက်တည့်အောင် ကန်နိုင်ခဲ့တဲ့ အကြိမ်အရေအတွက်ကလည်း (၂)ကြိမ်သာ ရှိနေခဲ့တာပါ။

အာဆင်နယ်အတွက် လက်ကျန် တပွဲပဲ ကျန်တော့တဲ့ အချိန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့က တော်တော်လေး ဖြစ်နိုင်ခြေ နည်းသွားပါပြီ။ စပါးဟာ နောက်ဆုံးပွဲစဉ်မှာ တန်းဆင်းသွားရပြီ ဖြစ်တဲ့ နောဝှစ်ကို အဝေးကွင်းမှာ ရင်ဆိုင်ရမှာ ဖြစ်တဲ့ အတွက်ကြောင့် ပွဲချောင်နေပါတယ်။ အာဆင်နယ်ကတော့ တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ အမှတ်လိုနေတဲ့ အဲဗာတန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်တဲ့ အတွက်ကြောင့် ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာဦးမှာပါ။ အာဆင်နယ်တို့ အနေနဲ့ အဲဗာတန်ကို အနိုင်ရရှိခဲ့ရင်တောင် စပါးတို့ အနေနဲ့က နောဝှစ်ကို သရေ ကစားနိုင်ခဲ့ရင်ကို အာဆင်နယ်ထက် ရမှတ်တူ ဂိုးကွာခြားချက်နဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ကို ရရှိသွားဦးမှာပါ။

ဆိုတော့ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အခွင့်အရေးကောင်းတွေ ရရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဧပြီလအတွင်း ပဲလေ့၊ ဘရိုက်တန်နဲ့ ဆောက်သမ်တန်တို့လို အသင်းတွေကို ဆက်တိုက် အရှုံးပေးခဲ့ရတာက ဒီအချိန်မှာ အာဆင်နယ်အတွက် ချန်ပီယံလိဂ်နဲ့ နောက်တစ်ရာသီ ဝေးရဖို့ အကြောင်းတရားတွေ ဖြစ်လာခဲ့ရ ပြန်ပါတော့တယ်။ ရွှေပင်မှာ နားဖို့ အခွင့်ရခဲ့ပေမဲ့လည်း ယူရိုပါလိဂ် သစ်ပင်မှာသာ ခိုနားဖို့ ဆုံးဖြတ်ထားခဲ့တဲ့ တော်ဝင်ရွှေကျေးတို့ဟာ ဘိုဖြူရဲ့ ” ဒီတစ်နှစ်တော့ လွဲ သွားပြန်ပြီ ထင်ပါတယ်၊ တယောက်ထဲ ကြိတ် အရှက်ရခဲ့တာ လူတွေ မသိခဲ့ ” ဆိုတဲ့ သီချင်းလေးကို ဆိုညဉ်းရင်း ချန်ပီယံလိဂ်နဲ့ ဝေးရာဆီ ပျံသန်းသွားလေရဲ့…။

ZAWGYI: တကယ်တော့ အာဆင်နယ်တို့ ချန်ပီယံလိဂ်နောက်ဆုံးကန်ခဲ့ရတဲ့ အချိန်တွေက တော်တော်လေးကို ကြာခဲ့ပါပြီ။ နှစ် အတိအကျနဲ့ ပြောရရင် (၂၀၁၆-၁၇) ဘောလုံးရာသီဟာ အာဆင်နယ် အတွက် နောက်ဆုံးသော ချန်ပီယံလိဂ် ဖြစ်ခဲ့တာပါ။(၅)ရာသီဆက်တိုက် ချန်ပီယံလိဂ် ဝင်ခွင့်ကို ဆက်တိုက်လွဲချော်ခဲ့ပြီး ရွှေဖလားရပြီးကတည်းက ပရီးမီးယားလိဂ် ဖလားမရတော့တဲ့ အဖြစ်လိုမျိုးနဲ့ သွားပြီးတော့တောင် ဆင်တူနေပါတယ်။ အာဆင်နယ်နဲ့ ချန်ပီယံလိဂ်ဆိုတာ ဘယ်တော့မှ ပေါင်းစပ်လို့မရတဲ့ အရာ နှစ်ခု ဖြစ်နေတာမျိုးပါပဲ။