အသင်းက ထွက်ခွာခွင့်တောင်းထားတဲ့ စီရော်နယ်ဒိုက လာမည့်ဘောလုံးရာသီသစ်မှာ မန်ချက်စတာယူနိုက်တက်မှာပဲ ဆက်ရှိနေဖို့ ယုံကြည်ထားတယ်လို့ ယူနိုက်တက်နည်းပြ တန်ဟက်က ထုတ်ပြောလာပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ စီရော်နယ်ဒိုက ယူနိုက်တက်နဲ့ နှစ်နှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုခဲ့သလို ဒီစာချုပ်ကို နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်လည်း ရှိနေပါတယ်။

ဒါပေမယ့် ပေါ်တူဂီတိုက်စစ်မှူးက ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမစတင်ခင်မှာပဲ ယူနိုက်တက်ကနေ ထွက်ခွာချင်နေပြီး ယူနိုက်တက်ရဲ့ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေကိုလည်း ပုဂ္ဂိုလ်ရေးအကြောင်းပြချက်နဲ့ ပါဝင်လေ့ကျင့်တာမျိုးမရှိသေးပါဘူး။ အသက်-၃၇ နှစ်အရွယ် ဘော်လွန်းဒီအောငါးဆုရှင်က ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၃၈ ပွဲကစား၊ ၂၄ ဂိုးသွင်းယူပေးခဲ့ပေမယ့် ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်မှာ အဆင့်ခြောက်သာရရှိခဲ့သလို ငါးရာသီဆက် ဖလားလက်မဲ့အဖြစ် ရာသီသိမ်းခဲ့ရပါတယ်။

စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိသော ကစားသမားတစ်ဦးကို အသင်းမှာထည့်သွင်းစဉ်းစားပေးဖို့ ခက်ခဲမှုရှိသလားလို့ မေးမြန်းခဲ့ရာတွင် တန်ဟက်က ” ကျွန်တော် ကောင်းကောင်းသိပါတယ်။ သူ့မှာတစ်နှစ်သက်တမ်းတိုးခွင့်လည်း ရှိပါသေးတယ်။ အမှန်ပါပဲ၊ စီရော်နယ်ဒိုက ဒီရာသီ အသင်းမှာ ဆက်ရှိနေနိုင်မှာပါ။ ကျွန်တော်လည်း ယူနိုက်တက်နဲ့ သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဒါက ဘောလုံးလောကမှာတော့ ကာလတိုပါပဲ။ ဒါကြောင့် ကျွန်တော်တို့ အစဦးဆုံးကတည်းက အနိုင်ရထားရပါမယ်။ သိပ်အဝေးကြီးကိုလည်း မတွေးထားပါဘူး” လို့ ပြောပါတယ်။

နည်းပြတန်ဟက်အနေနဲ့ စီရော်နယ်ဒိုနှင့် လက်ရှိအချိန်အထိ နှစ်ဦးတွေ့ဆုံဆွေးနွေးရတာမျိုး မလုပ်ရသေးပေမယ့် လက်ရှိအခြေအနေအပေါ် စိတ်အေးလက်အေးရှိနေကြောင်း ဆက်ပြောခဲ့ပါတယ်။ ” စီရော်နယ်ဒိုက တကယ့်ထိပ်တန်းပရော်ဖက်ရှင်နယ်ကစားသမားဆိုတာ ကျွန်တော်တို့အားလုံး သိပါတယ်။ သူ အသင်းနဲ့ အံဝင်ခွင်ကျဖြစ်မှာပါ။ ဒါကပဲ ကျွန်တော့်အလေးထားရမယ့် နောက်ဆုံးကိစ္စတစ်ခုဖြစ်ပါတယ်။

စီရော်နယ်ဒိုက တိုက်စစ်လိုင်းကနေ ပြိုင်ဘက်အပေါ် ဖိအားပေးကစားနိုင်စွမ်းရှိပါတယ်။ သူ့ရဲ့ ကစားသမားဘ၀မှာလည်း သူက အရာရာတိုင်းကို လုပ်ပြခဲ့ပြီးသား ဖြစ်ပါတယ်။ ကျွန်တော်တို့ တိကျရှင်းလင်းတဲ့နည်းလမ်းတစ်ခုနဲ့ ကစားချင်ပါတယ်။ ထိပ်တန်းကစားသမားတစ်ဦးက ဒါကို ကူညီဖြည့်ဆည်းပေးနိုင်ပါတယ်။ စီရော်နယ်ဒိုက ကျွန်တော်တို့အသင်းမှာ ထိပ်တန်းကစားသမားတစ်ဦးဖြစ်ပါတယ်”လို့ တန်ဟက်က ဆိုပါတယ်။

ZAWGYI: အသင်းက ထွက်ခွာခွင့်တောင်းထားတဲ့ စီရော်နယ်ဒိုက လာမည့်ဘောလုံးရာသီသစ်မှာ မန်ချက်စတာယူနိုက်တက်မှာပဲ ဆက်ရှိနေဖို့ ယုံကြည်ထားတယ်လို့ ယူနိုက်တက်နည်းပြ တန်ဟက်က ထုတ်ပြောလာပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ စီရော်နယ်ဒိုက ယူနိုက်တက်နဲ့ နှစ်နှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုခဲ့သလို ဒီစာချုပ်ကို နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်လည်း ရှိနေပါတယ်။