မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီအနေနဲ့ ပြီးခဲ့တဲ့နွေရာသီတုန်းက အသင်းအနေနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပြန်လည်ခေါ်ယူတော့မယ်ဆိုတာ သိခဲ့ရတုန်းက သူ့ကို အသင်းကနေ ထွက်ခွါခွင့်ပြုဖို့အတွက် တွန်းအားပေးခဲ့သင့်တယ်လို့ ဝန်ခံခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ပြီးခဲ့တဲ့နှစ် နွေရာသီအပြောင်းအရွှေ့ကာလကုန်ဆုံးခါနီး နောက်ဆုံးနေ့ရက်မှာမှ အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်ကစားသမားဟောင်း ရော်နယ်လ်ဒိုကို ယူဗင်တပ်စ်အသင်းကနေ ပေါင် ၁၉.၈ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အဆိုပါအပြောင်းအရွှေ့မှာ ယူနိုက်တက်ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ ရီယို ဖာဒီနန်နဲ့ ပက်ထရစ် အယ်ဗရာအပြင် ဂန္ထဝင်မန်နေဂျာကြီး ဆာအဲလက်စ် ဖာဂူဆန်တို့ကိုယ်တိုင် မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့မယ့်အစား အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာဖို့အတွက် ရော်နယ်လ်ဒိုကို ဆွဲဆောင်ခဲ့ကြတာပါ။ ဒါပေမယ့် ကာဗာနီကတော့ ရော်နယ်လ်ဒိုကို “ကောင်းမွန်တဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမား”လို့ ချီးကျူးခဲ့ပြီး သူ့အနေနဲ့ အသင်းရဲ့အပြောင်းအရွှေ့အစီအစဉ်တွေကိုသာ ကြိုသိခွင့်ရခဲ့မယ်ဆိုရင် ယူနိုက်တက်ကနေ ထွက်ခွါမိခဲ့လိမ့်မှာဖြစ်ကြောင်း ပြောလာခဲ့တာဖြစ်ပါတယ်။

ESPN နဲ့အင်တာဗျူးမှာ ကာဗာနီက “အမှန်အတိုင်းပြောနေရမယ်ဆိုရင် ကျွန်တော်အမြဲတမ်း အမှန်တရားကို ပြောခဲ့သလိုပေါ့။ အဲ့ဒါဖြစ်ခဲ့တဲ့ အချိန်တုန်းကဆိုရင် ကျွန်တော်ထင်ခဲ့တာက မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ခရစ္စတီယာနိုကို ခေါ်ယူနိုင်ခဲ့တာက ကောင်းပါတယ်”လို့ ပြောလာခဲ့ပါတယ်။ ဆက်လက်ပြီး သူက “ဒီနေ့ဖြစ်နေမယ့် ဘောလုံးလောကအကြောင်း နည်းနည်းသိနေခဲ့ရင် ကျွန်တော်ပထမဆုံးလုပ်ခဲ့မယ့်အရာက ကျွန်တော့်အစ်ကို,ကို ဖုန်းခေါ်ပြီး “ဖာနန်ဒိုရေ…တကယ်လို့များ ဒါက ပြီးခဲ့တဲ့တစ်ပတ်လောက်ကသာ ဖြစ်ခဲ့မယ်ဆိုရင် ငါမင်းကို အခြားအသင်းတစ်သင်းနဲ့ပဲ စာချုပ်,ချုပ်ဖို့အတွက် ပြောခဲ့မိမှာ”ဆိုတာပါပဲ”

“အကြောင်းရင်းက ကျွန်တော့်အနေနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ တွဲမကစားချင်တာတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တာ့်အနေနဲ့ သူနဲ့ဆုံတွေ့ခွင့်ရခဲ့တယ်။ ပြီးတော့ သူက ကောင်းမွန်တဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက်ပါ။ သူ့ရဲ့ရည်မှန်းချက်တွေနဲ့ပေါ့။ ဒါကလည်း အားကစားသမားတိုင်းအတွက် ပြီးပြည့်စုံစေတယ်လေ။ ဒါပေမယ့်လည်း ကျွန်တော်လည်းသိတဲ့အတိုင်းပဲ ဘောလုံးလောကမှာ နှစ်တွေကြာပြီး ဒီနေ့ခေတ်တွေမှာ အခြေအနေဘယ်လိုတွေရှိလဲဆိုတာပေါ့။ ဒါကြောင့်လည်း ကျွန်တော့်အစ်ကိုနဲ့ စကားပြောနေဖြစ်ခဲ့တာ”

“အခြေအနေကို နားလည်နေတာထက် ပိုပါတယ်။ မန်ချက်စတာမှာ ကျွန်တော့်နေရာကျွန်တော် မကစားနိုင်ခဲ့လို့မဟုတ်ဘဲနဲ့ ဒီနေ့ခေတ် ဘောလုံးမှာ အများကြီးရှိလာတယ်။ နည်းပြတွေနဲ့ကအစ အရင်ကနဲ့ အခုနဲ့ ကွဲပြားခြားနားသွားပြီ။ နှစ်တွေကြာခဲ့ပြီ။ ဒါပေမယ့် ရုတ်တရက် ဘယ်လိုဖြစ်သွားခဲ့တာလဲပေါ့။ ကျွန်တော့်အနေနဲ့လည်း ဘာခံစားချက်မှ ရှိဖို့အတွက်တောင် အချိန်မရှိခဲ့ဘူး။ ဒီတော့လည်း “ကစားကြတာပေါ့။ ငါတို့ အတတ်နိုင်ဆုံးလုပ်ကြတာပေါ့”ဆိုပြီးပဲ တွေးခဲ့ရတာပေါ့”လို့ ပြောသွားခဲ့ပါတယ်။ ကာဗာနီအနေနဲ့ လက်ရှိဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး အသက် ၃၅ နှစ်အရွယ်တိုက်စစ်မှူးအတွက်တော့ ဒဏ်ရာတွေနဲ့သာ လုံးပန်းနေခဲ့ရတာကြောင့်လည်း ပွဲထွက်ခွင့်က ပိုမိုနည်းပါးလာခဲ့တယ်လို့ ဆိုရမှာပါ။

ZAWGYI: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီအနေနဲ့ ပြီးခဲ့တဲ့နွေရာသီတုန်းက အသင်းအနေနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပြန်လည်ခေါ်ယူတော့မယ်ဆိုတာ သိခဲ့ရတုန်းက သူ့ကို အသင်းကနေ ထွက်ခွါခွင့်ပြုဖို့အတွက် တွန်းအားပေးခဲ့သင့်တယ်လို့ ဝန်ခံခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ပြီးခဲ့တဲ့နှစ် နွေရာသီအပြောင်းအရွှေ့ကာလကုန်ဆုံးခါနီး နောက်ဆုံးနေ့ရက်မှာမှ အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်ကစားသမားဟောင်း ရော်နယ်လ်ဒိုကို ယူဗင်တပ်စ်အသင်းကနေ ပေါင် ၁၉.၈ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။