မန်ယူနိုက်တက် တိုက်စစ်မှူး စီရော်နယ်ဒို အနေနဲ့ လက်ရှိနွေရာသီအပြောင်းအရွှေ့စျေးကွက်ထဲမှာ အသင်းဟောင်းရီးရဲလ်မက်ဒရစ်ထံကို ပြန်လည်ပြောင်းရွှေ့နိုင်တဲ့ အလားအလာတွေရှိနေတာပဲဖြစ်ပါတယ်။ လက်မှာ သင့်တော်တဲ့ကမ်းလှမ်းမှုတွေ ရရှိလာခဲ့မယ်ဆိုရင် မန်ယူနိုက်တက်ကနေ ထွက်ခွာခွင့်ပြုဖို့အတွက် စီရော်နယ်ဒိုဟာ အသင်းတာဝန်ရှိသူတွေထံ တောင်းဆိုထားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ စီရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့သတင်းက နွေစျေးကွက်ထဲမှာ အလှုပ်ခတ်ဆုံး ဖြစ်နေတာပဲ ဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ မန်ယူနိုက်တက် တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်မှာ ကစားသမားဘဝ အောင်မြင်မှု အရှိဆုံးအချိန်တွေကို ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ ၉ ရာသီကြာ ကစားခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲစုံ ပွဲပေါင်း ၄၃၆ ပွဲမှာ သွင်းဂိုးပေါင်း ၄၄၆ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပေါ်တူဂီသားဟာ မန်ယူနိုက်တက်ကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နဲ့ ရီးရီးမက်ဒရစ်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဖလား ၄ ကြိမ်အထိ ရရှိပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလည်း မန်ယူနိုက်တက်အတွက် အဓိက ဂိုးသွင်းသူ တယောက်အဖြစ် ရပ်တည်နိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၃၈ ပွဲမှာ သွင်းဂိုးပေါင်း ၂၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီက မန်ယူနိုက်တက်တို့ဟာ အဆင့် ၆နဲ့သာ ရာသီသိမ်းနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ကို လွဲချော်ခဲ့ရတာလည်းပဲ ဖြစ်ပါတယ်။ ဒါဟာ ကစားသမားဘဝမှာ ချန်ပီယံလိဂ်ဖလားကို ၅ ကြိမ် ရရှိထားခဲ့တဲ့ စီရော်နယ်ဒိုအတွက်တော့ စိတ်ပျက်စရာ ဖြစ်ခဲ့တာပါ။

လက်ရှိမှာ စီရော့နယ်ဒိုအတွက် ရီးရဲလ်ဘက်က ကမ်းလှမ်းမှုတွေ ပြုလုပ်ထားရခြင်း မရှိသေးသော်လည်း ရီးရဲလ်အနေနဲ့ စီရော်နယ်ဒိုကို ခေါ်ယူရေးနဲ့ ပတ်သက်ပြီး ပြန်လည်စဥ်းစားသုံးသပ်မှုတွေ ပြုလုပ်လျက်ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်ပိုင်းမှာ အဓိက ဂိုးသွင်းယူပေးနေတဲ့ တိုက်စစ်မှူးဆိုလို့ ပြီးခဲ့တဲ့ ရာသီက လာလီဂါမှာ သွင်းဂိုး ၂၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ ဘန်ဇီမာတယောက်သာ ရှိနေတာ ဖြစ်ပါတယ်။

ဒါဟာ ဘန်ဇီမာ ဒဏ်ရာပြဿနာ ကြုံလာခဲ့ရင် ရီးရဲလ်အနေနဲ့ တိုက်စစ်ပိုင်းအတွက် ပြဿနာ ကြုံလာရနိုင်တဲ့ အခြေအနေကို ပြသနေတာပဲ ဖြစ်ပါတယ်။ မာရီယာနိုဒီယက်၊ ဟာဇက်တို့ကလည်း ဘန်ဇီမာရဲ့ ကွက်လပ်ကို ဖြည့်နိုင်လောက်တဲ့ အခြေအနေမှာ ရှိမနေတာကို မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ရီးရဲလ်ဘက်က စီရော်နယ်ဒိုကို ပြန်လည်ခေါ်ယူရေးအပေါ် ပြန်လည်စဥ်းစားသုံးသပ်လာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘန်ဇီမာကတော့ စီရော်နယ်ဒိုကို ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြန်လည်ခေါ်ယူမယ့် အခြေအနေတွေ အပေါ်မှာ အလိုမရှိဘူးလို့ သတင်းတွေက ဖော်ပြလာခဲ့ကြပါတယ်။

ဘန်ဇီမာဟာ စီရော်နယ်ဒို ရီးရဲလ်မှာ ရှိနေခဲ့တဲ့ အချိန်တွေအတွင်း အသင်းရဲ့ ဒုတိယ ဦးစားပေး တိုက်စစ်မှူးအဖြစ်နဲ့သာ ရှိနေခဲ့ရတာဖြစ်ပါတယ်။ ဒါ့ကြောင့် စီရော်နယ်ဒို ပြန်ရောက်လာရင် ရီးရဲလ်မှာ သူ့ရဲ့ အရေးပါမှုတွေ ပြန်လည်လျှော့ကျသွားမှာကို ဘန်ဇီမာက အလိုမရှိဖြစ်နေတာလို့ သတင်းတွေက ဆိုနေတာပါ။ ပြီးခဲ့တဲ့ရာသီကဆိုရင် ရီးရဲလ်တို့ရဲ့ ၁၄ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ရရှိနိုင်ခဲ့မှုမှာ ဘန်ဇီမာက အဓိက ကျခဲ့တဲ့ ကစားသမားတယောက်အဖြစ် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘန်ဇီမာအနေနဲ့ အသင်းထံ စီရောက်နယ်ဒို ပြန်ရောက်လာမယ့်အပေါ်မှာ သဘောမတူညီမှုတွေ ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI: မန်ယူနိုက်တက် တိုက်စစ်မှူး စီရော်နယ်ဒို အနေနဲ့ လက်ရှိနွေရာသီအပြောင်းအရွှေ့စျေးကွက်ထဲမှာ အသင်းဟောင်းရီးရဲလ်မက်ဒရစ်ထံကို ပြန်လည်ပြောင်းရွှေ့နိုင်တဲ့ အလားအလာတွေရှိနေတာပဲဖြစ်ပါတယ်။ လက်မှာ သင့်တော်တဲ့ကမ်းလှမ်းမှုတွေ ရရှိလာခဲ့မယ်ဆိုရင် မန်ယူနိုက်တက်ကနေ ထွက်ခွာခွင့်ပြုဖို့အတွက် စီရော်နယ်ဒိုဟာ အသင်းတာဝန်ရှိသူတွေထံ တောင်းဆိုထားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ စီရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့သတင်းက နွေစျေးကွက်ထဲမှာ အလှုပ်ခတ်ဆုံး ဖြစ်နေတာပဲ ဖြစ်ပါတယ်။