မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒို တယောက် အိုးလ်ထရက်ဖို့ဒ်က ထွက်ခွာချင်ရတဲ့ အကြောင်းအရင်းက သူ့ရဲ့ အသင်းဖော် အချို့ဟာ သူ့လိုမျိုး ပြင်းထန်တဲ့ ရည်မှန်းချက် မရှိတာကြောင့် ဖြစ်လိမ့်မယ်လို့ ရုပ်သံ အစီအစဉ် တင်ဆက်သူ ပီယာ့စ်မော်ဂန်က ပြောလိုက်ပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ယခုနှစ် နွေရာသီမှာ ယူနိုက်က်မှ ထွက်ခွာလိုကြောင်း ပြီးခဲ့တဲ့ တပတ်က သီတင်းတွေ ထွက်ပေါ်လာခဲ့ပြီး၊ ဥရောပ ထိပ်သီးကလပ် အများအပြားဟာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

ဒီပေါ်တူဂီသား တိုက်စစ်မှူးဟာ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးနှစ်တွေကို အမြင့်ဆုံးအဆင့် ပြိုင်ပွဲတွေမှာ ပါဝင် ကစားချင်လိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး၊ ရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့ဟာ လက်ရှိ ဘောလုံးလောကမှာ ပျံ့နှံ့နေတဲ့ ဇာတ်လမ်းတပုဒ် ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်လ်ဒို တယောက် အိုးလ်ထရက်ဖို့ဒ်က ထွက်ခွာချင်တာဟာ သတင်းတွေ ထွက်ပေါ်နေသလို မဟုတ်ပဲ၊ အပျင်းကြီးတဲ့ လူငယ် ကစားဖော် အချို့ဟာ သူ့ရဲ့ အောင်ပွဲ ဆာလောင်တဲ့စိတ်နဲ့ မကိုက်ညီတာကြောင့် ဖြစ်လိမ့်မယ်လို့ ပီယာ့စ်မော်ဂန်က အခုလို ပြောလိုက်ပါတယ်။

“ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ယူနိုက်တက်က ထွက်သွားချင်နေတာ အမှန်ပါပဲ။ ဘာလို့လဲဆိုတော့ ယူနိုက်တက် အသင်းဖော်တွေဟာ သူ့လိုမျိုး ပြင်းထန်တဲ့ ရည်မှန်းချက်မျိုးနဲ့ အနိုင်ရလိုစိတ်တွေ မရှိကြဘူးလို့ သူက ယုံကြည်နေတာကြောင့်ပါ။ အထူးသဖြင့် အခုခေတ် ယူနိုက်တက် လူငယ်တွေဟာ သူ့လိုမဟုတ်ပဲ၊ ကိုယ့်အတွက် တခုတည်း ကြည့်ပြီး၊ အပျင်းကြီးတဲ့ လူငယ်တွေလို့ ရော်နယ်လ်ဒိုက ထင်နေတာပါ။ အဲဒါကြောင့် သူ အိုးလ်ထရက်ဖို့ဒ်က ထွက်ခွာချင်နေတာ ဖြစ်ပါလိမ့်မယ်။”

“ဟုတ်ပါတယ် ယူနိုက်တက်ရဲ့ လူငယ် ကြယ်ပွင့် ကစားသမား အချို့ဟာ သူတို့ ရရှိနေတဲ့ လုပ်ခလစာနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး မပြသနိုင်ဘူးလို့ ရော်နယ်လ်ဒိုက ယုံကြည်နေပြီး၊ အဲဒါက သူ ဒီအသင်းကနေ ထွက်ခွာချင်ရတဲ့ အကြောင်းအရင်း အမှန်ပါ။” ရော်နယ်လ်ဒို ယူနိုက်တက်ကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီး ကတည်းက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ အချေအတင် ဆွေးနွှေး ငြင်းခုံမှု အများစုဟာ ကစားသမားရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ့် အပြောင်းအရွှေ့ ဖြစ်ဖို့ တခုတည်းကို ဦးတည်ခဲ့ကြပါတယ်။

ဒီတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရိတ်သတ်တွေရဲ့ အားပေးမှု အများအပြားကို ရရှိခဲ့ပေမယ့်၊ ဒီအသင်းမှာ သူရှိနေခြင်းဟာ ဖွံဖြိုးတိုးတက်လာမယ့် ယူနိုက်တက်ရဲ့ လူငယ် ကြယ်ပွင့်တွေ အတွက် အတားအဆီးတခု ဖြစ်စေတယ် ဆိုတဲ့ ဝေဖန်မှုတွေ မကြာခဏ ရှိနေခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ အဂါင်္နေ့က အသင်းနဲ့အတူ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်တွေ ပြုလုပ်ဖို့ ၂ရက်ဆက်တိုက် ရောက်မလာခဲ့ပါဘူး။ ဒါပေမယ့် လက်ရှိ အချိန်မှာတော့ ယူနိုက်တက်က ဒီကစားသမားကို ရောင်းချဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြောဆိုထားပါတယ်။

သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ အမေရိကန် ဘီလျံနာ တော့ဒ်ဘိုလီရဲ့ ဦးဆောင်မှုအောက် ရောက်ရှိသွားတဲ့ ချဲလ်ဆီး အသင်းနဲ့၊ သူတို့ရဲ့ အသင်း သမိုင်းတလျှောက် ပထမဆုံး ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူးချင်နေတဲ့ ပီအက်စ်ဂျီ အသင်းတို့ ပါဝင်နေတယ်လို့ သိရပါတယ်။ ချဲလ်ဆီး အသင်း ပိုင်ရှင်သစ် တော့ဒ်ဘိုလီဟာ ရော်နယ်လ်ဒိုကို စတမ်းဖို့ဘရစ်ခ်ျထံ ခေါ်ယူနိုင်ဖို့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်နဲ့ ပေါ်တူဂီမှာ ဆွေးနွှေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် ရော်နယ်လ်ဒို အနေနဲ့ ယူနိုက်တက်က ထွက်ခွာဖြစ်ခဲ့ရင် ပြည်တွင်း ပြိုင်ဘက် အသင်းထံ ပြောင်းရွှေ့မလား ဒါမှမဟုတ် အခြား ဥရောပ ထိပ်သီးကလပ် အသင်းတွေထံ ပြောင်းရွှေ့မလား ဆိုတာကတော့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

ZAWGYI: မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒို တယောက် အိုးလ်ထရက်ဖို့ဒ်က ထွက်ခွာချင်ရတဲ့ အကြောင်းအရင်းက သူ့ရဲ့ အသင်းဖော် အချို့ဟာ သူ့လိုမျိုး ပြင်းထန်တဲ့ ရည်မှန်းချက် မရှိတာကြောင့် ဖြစ်လိမ့်မယ်လို့ ရုပ်သံ အစီအစဉ် တင်ဆက်သူ ပီယာ့စ်မော်ဂန်က ပြောလိုက်ပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ယခုနှစ် နွေရာသီမှာ ယူနိုက်က်မှ ထွက်ခွာလိုကြောင်း ပြီးခဲ့တဲ့ တပတ်က သီတင်းတွေ ထွက်ပေါ်လာခဲ့ပြီး၊ ဥရောပ ထိပ်သီးကလပ် အများအပြားဟာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။