ဘာစီလိုနာ အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာချင်နေတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အေးဂျင့် ဂျော့မန်ဒက်စ်ထံမှ ကမ်းလှမ်းမှု ရခဲ့တယ်လို့ ကာတာလန် ကလပ်ရဲ့ ဥက္ကဋ္ဌ ဂျိုအန်လာပေါ်တာက အရိပ်အမြွက် ပြောကြား လိုက်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာ အသင်း ဥက္ကဋ္ဌဟာ ရော်နယ်လ်ဒိုကို ခေါ်ယူမယ့်အစား လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ ဆုံးဖြတ်သွားခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဆက်လက် ကစားချင်တာကြောင့် ဒီနွေရာသီမှာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ကြိုးစားနေတာပါ။

သရဲနီတို့ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်၆ နေရာသာ ရပ်တည် နိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ် ပြိုင်ပွဲနဲ့ လွဲချော်ခဲ့တာ ဖြစ်ပြီး၊ သူတို့ရဲ့ စူပါစတား တိုက်စစ်မှူး ရော်နယ်လ်ဒို အနေနဲ့လည်း ယူရိုပါလိဂ် ပြိုင်ပွဲကို ဆင်းကစားရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဘာစီလိုနာ အသင်း အနေနဲ့ ဥက္ကဋ္ဌ ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ ကမ်းလှမ်း ခံခဲ့ရတဲ့ အခွင့်အရေးတွေ ရှိခဲ့တယ်ဆိုတဲ့ ကောလဟာလတွေနဲ့ ပတ်သက်ပြီး လာပေါ်တာကို မေးမြန်းခဲ့ရာ၊ သူက ဒီလို ကောလဟာလတွေကို ငြင်းဆိုခြင်း မရှိခဲ့ပါဘူး။

ဒါ့အပြင် ပေါ်တူဂီ တိုက်စစ်မှူးဟာ ဒီနွေရာသီမှာ သူတို့အတွက် ရွေးချယ်စရာတခု အနေနဲ့ ရှိခဲ့ကြောင်း၊ လာပေါ်တာက အရိပ်အမြွက် ပြောသွားခဲ့ပြီး၊ ရော်နယ်လ်ဒိုအစား လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ ဘာကြောင့် ရွေးချယ်ခဲ့ရသလဲ ဆိုတာ အခုလို ရှင်းပြသွားခဲ့ပါတယ်။ “ရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းမျိုးက နွေရာသီ အပြောင်းအရွှေ့ ကာလတိုင်းမှာ အမြဲတမ်း ဖြစ်ပေါ်ခဲ့တာပါ။ ဒီကစားသမားက ကျွန်တော်တို့ အသင်းနဲ့လည်း မကြာခင်က သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က လီဝမ်ဒေါစကီးကိုပဲ အမှန်တကယ် လိုချင်ခဲ့တာပါ။”

“အဲဒါကြောင့်ပဲ ရော်နယ်လ်ဒိုနဲ့ ကျွန်တော်တို့ အသင်းကြားက ကောလဟာလတွေ အဆုံးသတ်သွားခဲ့ပါတယ်။ ကျွန်တော်တို့နဲ့ ရော်နယ်လ်ဒိုရဲ့ အေးဂျင့် ဂျော့မန်ဒက်စ်ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိထားပါတယ်။ ကျွန်တော် သူ့ကို သိနေခဲ့တာ အချိန် အတော်လေး ကြာခဲ့ပါပြီ။ သူက ကစားသမားတွေ အတွက် အကောင်းဆုံး အေးဂျင့်တွေထဲက တယောက်ပါ။ သူက ကိုယ့်အလုပ်ကို ဘယ်လို အကောင်းဆုံးဖြစ်အောင် လုပ်ရမလဲ ဆိုတာ သိထားပြီးသား အေးဂျင့်တယောက် ဖြစ်ပြီး၊ ကျွန်တော့် အနေနဲ့ သူ့ကို လေးစားမှု အပြည့်အဝ ထားရှိပါတယ်။”

“ရော်နယ်လ်ဒိုနဲ့ လီဝမ်ဒေါစကီးရဲ့ အပြောင်းအရွှေ့မှာ ကျွန်တော်တို့ဘက်က လီဝမ်ဒေါစကီးကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး၊ ဒီကစားသမားက ကျွန်တော်တို့ရဲ့ အောင်မြင်မှု အတွက် အရေးပါလိမ့်မယ်လို့ ယုံကြည် ခဲ့တယ်။ အဲဒါကြောင့် ရော်နယ်လ်ဒိုကို ခေါ်ယူမယ့်အစား ဘိုင်ယန်မြူးနစ် အသင်းနဲ့ ဆက်သွယ်ခဲ့တာပါ။ အဲဒါက တကယ့် အဖြစ်မှန်ပါပဲ။ ရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းတွေက ဘောလုံးသမိုင်းရဲ့ အစိတ်အပိုင်း တခုအဖြစ် အမြဲတမ်း ရှိနေခဲ့တာတော့ ငြင်းလို့မရပါဘူး။ သူ့ရဲ့ အပြောင်းအရွှေ့က အရမ်း စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတခုပဲလေဗျာ။ ဒါပေမယ့် အခုလို ကောလဟာလတွေနဲ့ ဆန့်ကျင်ဘက် သတင်းတွေ အများကြီးကိုလည်း ခင်ဗျား ကြားနေရဦးမှာပါပဲ။”

“အခုတော့ ကျွန်တော်တို့ လီဝမ်ဒေါစကီးကို ခေါ်ယူထားပြီးပါပြီ။ သူက ဒီအပြောင်းအရွှေ့ ကာလမှာ ကျွန်တော်တို့ရဲ့ အဓိက ပစ်မှတ်တခု ဖြစ်ခဲ့ပြီး၊ အပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့ ကောလဟာလတွေကို ကျွန်တော့် အနေနဲ့ နောက်ထပ် မှတ်ချက်ပေးတာမျိုး မလုပ်ချင်တော့ပါဘူး။” ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာချင်တာ မှန်ပေမယ့်၊ သူ့ကို ခေါ်ယူချင်တဲ့ အသင်းသစ် ရှာဖွေလို့ မရသေးပဲ ယမန်နေ့က ဗယ်လက်ကာနိုနဲ့ ပွဲစဉ်မှာ ၄၅ မိနစ် ဝင်ရောက် ကစားသွား ခဲ့ပါတယ်။

ZAWGYI: ဘာစီလိုနာ အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာချင်နေတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အေးဂျင့် ဂျော့မန်ဒက်စ်ထံမှ ကမ်းလှမ်းမှု ရခဲ့တယ်လို့ ကာတာလန် ကလပ်ရဲ့ ဥက္ကဋ္ဌ ဂျိုအန်လာပေါ်တာက အရိပ်အမြွက် ပြောကြား လိုက်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာ အသင်း ဥက္ကဋ္ဌဟာ ရော်နယ်လ်ဒိုကို ခေါ်ယူမယ့်အစား လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ ဆုံးဖြတ်သွားခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဆက်လက် ကစားချင်တာကြောင့် ဒီနွေရာသီမှာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ကြိုးစားနေတာပါ။