ရော်နယ်ဒို ရောက်နေတာကြောင့် ဖာနန်ဒက်စ်ဟာ ရော်နယ်ဒိုမရောက်ခင်က ယူနိုက်တက်မှာလိုမျိုး ခြေစွမ်းမပြနိုင်ဘူးဖြစ်နေတယ်လို့ ဂယ်ရီနဗီးလ်က ဆိုပါတယ်။ ဖာနန်ဒက်စ်ဟာ ယခုရာသီမှာတော့ ယူနိုက်တက်ရဲ့ ဒုတိယမြောက်ဂိုးသွင်းအများဆုံး ကစားသမား အဖြစ်ရပ်တည်နေပြီး ၁၀ ဂိုးသွင်းယူထားကာ ရော်နယ်ဒိုထက် ၈ ဂိုးနည်းနေတာဖြစ်ပါတယ်။

ဒီအရေအတွက်ဟာ ၂၀၂၀-၂၁ ရာသီက သွင်းယူထားတဲ့ ၁၈ ဂိုးထက်ကျသွားခဲ့တာဖြစ်ပြီး ယခုရာသီမှာ ဖန်တီးမှုလည်း ၆ ခါသာ ရှိတာကြောင့် ဒါဟာ သူ့ရဲ့ယခင်ရာသီဖန်တီးမှုရဲ့တစ်ဝက်သာ ရှိနေတာလည်းဖြစ်ပါတယ်။ ရော်နယ်ဒို ပြန်ရောက်လာတာကြောင့် ခြေစွမ်းကျသွားတဲ့အထဲမှာ မက်ဂွာရီနဲ့ ကာဗာနီတို့ပါဝင်တယ်လို့လည်း နဗီးလ်က ဆိုပါတယ်။

“ရာသီအစမှာတည်းက သူ့ကြောင့် ကာဗာနီပြဿနာစတက်တယ်လို့ထင်တယ်။ ကာဗာနီကို အသင်းမှာဆက်နေပြီး တိုက်စစ်ကို ဦးဆောင်ပါဆိုပြီးလုပ်ပြီးမှ ရော်နယ်ဒိုကိုခေါ်လိုက်ကြတော့ သူ ဒုက္ခရောက်ပြီး ခြေစွမ်းပျက်သွားတာပေါ့။ ဖာနန်ဒက်ရဲ့ ခြေစွမ်းခြေစလည်း အဲဒါကြောင့် ပျက်သွားပါတယ်။”

“ဖာနန်ဒက်က ရော်နယ်ဒိုကို တကယ့်ကိုလေးစားရတဲ့ ပုဂ္ဂိုလ်လိုမျိုး ပေါ်တူဂီမှာမြင်တာဆိုတော့ ရော်နယ်ဒိုလည်း ရောက်လာရော အရင်ကသူ့ကိုယ်သူမြင်တဲ့အမြင်ထက် ပိုပြီးသေးငယ်တဲ့အမြင်နဲ့မြင်သွားပုံပေါ်တယ်။ အသင်းခေါင်းဆောင် မက်ဂွာရီလည်း ရော်နယ်ဒိုဘာမှမလုပ်ဘဲနဲ့ သူ့ကိုယ်သူ သိမ်ငယ်သွားပုံပေါ်တယ်။”

“ရော်နယ်ဒိုကွင်းထဲမှာ ရောက်နေတာနဲ့ကို ယူနိုက်တက် အသင်းခေါင်းဆောင်ဖြစ်ဖို့ ကြိုးစားနေတဲ့ မက်ဂွာရီအနေနဲ့ လူတွေက အသင်းခေါင်းဆောင်နေရာမှာ သူနဲ့ ရော်နယ်ဒိုကိုယှဉ်နေကြမှာကို စိုးရိမ်နေပုံပေါ်တယ်။ ဘယ်ကနေဘယ်လို စဖြစ်တာလဲ ကျွန်တော်လည်း မသေချာပေမဲ့ ခင်ဗျားက စုတ်ပြတ်နေတယ်၊ ခြေပျက်နေတယ်ဆိုတဲ့စကားလုံးတွေကို ဖော်ပြခဲ့တယ်နော်။”

“သရဲနီအင်္ကျီအသားကုန်ကိုကောင်းပြီး ခြေစွမ်းပြကာကွယ်နေတယ်လို့ ပြီးခဲ့တဲ့ရာသီက ကျွန်တော်ထင်ထားခဲ့တဲ့ မက်ဂွာရီရဲ့ပုံစံလည်း ပျောက်သွားခဲ့ပြီ။ ဖာနန်ဒက်ဟာလည်း အရင်ခြေစွမ်းရဲ့ တစ်ဝက်လောက်ပဲ ခြေစွမ်းပြတော့တယ်။ ကျန်တဲ့လူငယ်ကစားသမားလေးတွေကလည်း လုံးဝကိုယုံကြည်မှုပျောက်သွားပုံပဲ။ သူတို့ကိုလည်း ဖယ်ထုတ်ကြတာပေါ့။ အဲဒီအချိန်ကစပြီး ခေါင်းဆောင်ပိုင်းကစပြီး အခြေခံကစပြီး လွဲကုန်တာ။ ဘယ်သူ့ကိုမှ အပြစ်တင်လို့ရမယ်လို့ ကျွန်တော်မထင်ဘူး။ လူတိုင်းအပြစ်တင်ခံရမှာ”လို့ နဗီးလ်ကဆိုပါတယ်။

ZAWGYI: ရော်နယ်ဒို ရောက်နေတာကြောင့် ဖာနန်ဒက်စ်ဟာ ရော်နယ်ဒိုမရောက်ခင်က ယူနိုက်တက်မှာလိုမျိုး ခြေစွမ်းမပြနိုင်ဘူးဖြစ်နေတယ်လို့ ဂယ်ရီနဗီးလ်က ဆိုပါတယ်။ ဖာနန်ဒက်စ်ဟာ ယခုရာသီမှာတော့ ယူနိုက်တက်ရဲ့ ဒုတိယမြောက်ဂိုးသွင်းအများဆုံး ကစားသမား အဖြစ်ရပ်တည်နေပြီး ၁၀ ဂိုးသွင်းယူထားကာ ရော်နယ်ဒိုထက် ၈ ဂိုးနည်းနေတာဖြစ်ပါတယ်။