မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကစားသမားကြီး ဒေးဗစ်ဘက်ခမ်းက လက်ရှိယူနိုက်တက်မှာ ရှိသမျှလူအားလုံး ဒီရာသီကို အမြန်ဆုံးအဆုံးသတ်လိုနေတာကို သိရှိပြီး ခရစ္စတီယာနိုရော်နယ်ဒိုကိုလည်း အသင်းမှာ ဆက်နေပြီး စာချုပ်သက်တမ်းတောင် တိုးသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ စနေနေ့တုန်းက ဘရိုက်တန်ကို ၄-၀ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီး အဆင့် ၆ နေရာကနေ အမြင့်ဆုံးရည်မှန်းချက်အဖြစ် ယူရိုပါလိဂ်ဝင်ခွင့်သာ မှန်းနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လာမယ်နွေရာသီမှာ စာချုပ်ကုန်ဆုံးတော့မယ့် ကစားသမားအများအပြားကို အသင်းကနေ ထွက်ခွာခွင့်ပေးသွားမှာဖြစ်လို့ နည်းပြသစ်အဲရစ်တန်ဟတ်အနေနဲ့ အသင်းကို အလုံးစုံပြောင်းလဲရဖွယ် ရှိနေပါတယ်။

ရော်နယ်ဒိုရဲ့ စာချုပ်ကလည်း တစ်နှစ်သာကျန်တော့ပြီး အသင်းကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လျက်ရှိပါတယ်။ ဒါပေမယ့် ဘက်ခမ်းကတော့ အသင်းကနေ ထွက်မယ့်အစာ ဆက်နေဖို့အတွက် ပေါ်တူဂီစူပါစတားကို တိုက်တွန်းခဲ့ပါတယ်။

တနင်္ဂနွေနေ့က Miami Grand Prix ပြိုင်ပွဲမှာ Sky Sports နဲ့ အင်တာဗျူးလုပ်ရာမှာတော့ ဘက်ခမ်းက “ခရစ္စတီယာနိုက လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း လီယို(မက်ဆီ)နဲ့အတူ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်ခဲ့တဲ့သူပါ။ (လက်ရှိယူနိုက်တက်က) အပြောင်းအလဲ လုပ်ကိုလုပ်ရမှာပါ၊ ”

“ပြောင်းလဲနေတယ်လို့လည်း ထင်ပါတယ်၊ ကျွန်တော်တို့ တွေ့ရမှာပါ။ ဒီရာသီကိုတော့ ခက်ခက်ခဲခဲနဲ့ပဲ သိမ်းရဖို့များပါတယ်။ ဒါပေမယ့် ဒီရာသီကုန်ကျရင်တော့ ယူနိုက်တက်ပရိသတ်တွေ အများကြီး ပျော်ရွှင်ရမယ်ထင်ပါတယ်၊ မုန်တိုင်းပြီးရင် လေပြေလာပါလိမ့်မယ်။ ဘယ်အရာမဆို အတက်အကျဆိုတာကတော့ရှိစမြဲပါပဲ။”

“ရာသီတိုင်းမှာ ကစားသမားတွေရော၊ နည်းပြတွေကပါ အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့လိုပါတယ်။ ဒါပေမယ့် ကွင်းထဲမှာ ပရိသတ်တွေ အမြဲတမ်းပြည့်နေတာကို မြင်တွေ့ရရင် ဒီအသင်းရဲ့ အခြေအနေက ကောင်းပါတယ်။ အဲ့ဒါကြောင့် ပရိသတ်က အယုံအကြည်ရှိသေးတယ်လို့ မှတ်လို့ရတယ်။ ပရိသတ်တွေက အားပေးနေဆဲပဲ။ ပရိသတ်က အားပေးးနေဆဲပဲဆိုတိုင်း ပေါ့လို့တော့မရဘူး၊”

“ပရိသတ်တွေနဲ့ ထိုက်တန်တာ ပြန်ပေးရမှာပါ၊ ပြီးခဲ့တဲ့နှစ်တွေမှာ ရုန်းကန်ခဲ့ရတဲ့ အသင်းတွေ၊ အခုလက်ရှိအချိန်မှာ အောင်မြင်လာတာက ကွင်းထဲမှာ ပရိသတ်တွေ အမြဲပြည့်နေတဲ့ အချက်ကလည်း အဓိက အချက်တစ်ခုပါ။ အဲ့ဒီတော့ ပရိသတ်ရဲ့ အသင်းအပေါ် ယုံကြည်မှုက အရမ်းအရေးကြီးတယ်၊ အဲ့ဒီယုံကြည်မှုနဲ့ ထိုက်တန်တဲ့ ပြောင်းလဲမှုမျိုးကိုလည်း အသင်းဘက်က လုပ်ပြနိုင်ဖို့တော့လိုတယ်”လို့ ပြောသွားခဲ့ပါတယ်။

ZAWGYI: မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကစားသမားကြီး ဒေးဗစ်ဘက်ခမ်းက လက်ရှိယူနိုက်တက်မှာ ရှိသမျှလူအားလုံး ဒီရာသီကို အမြန်ဆုံးအဆုံးသတ်လိုနေတာကို သိရှိပြီး ခရစ္စတီယာနိုရော်နယ်ဒိုကိုလည်း အသင်းမှာ ဆက်နေပြီး စာချုပ်သက်တမ်းတောင် တိုးသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။