မန်စီးတီး နဲ့ ဟာလန်း အပြောင်းအရွှေ့ က ကျယ်လောင်လာတဲ့ အချိန်နဲ့တပြိုင်နက်ထဲမှာပဲ အိမ်နီးခြင်း မြို့ခံပြိုင်ဘက် မန်ယူနိုက်တဒ် နဲ့ သတင်းတချို့ ထွက်ပေါ်လာပါတယ်။ ဟာလန်း နဲ့ မန်စီးတီး ကြား သဘောတူညီမှု့အပြည့်အဝ ရထားပြီးဖြစ်တယ်ဆိုတဲ့ သတင်းတွေ အောက်မှာ ဒေါ့မွန်အမှု့ဆောင်ဝါဇ့်ကီ ကတော့ မန်ယူနိုက်တဒ်ကို ဆွဲသွင်းလိုက်တာပဲ ဖြစ်ပါတယ်။

ဝါဇ့်ကီ က “ကျွန်တော်တို့ ဟာလန်း ရဲ့ စာချုပ်မှာ ဖျတ်သိမ်းကြေးကို ထည့်သွင်းခဲ့တယ်လေ၊ဒိတော့ မန်ယူနိုက်တဒ် အနေနဲ့အလိုရှိရင် ခေါ်ယူလို့ရပါတယ်”လို့ ပြောဆိုခဲ့ပြီး အကြိမ်ကြိမ်ငြင်းဆိုခဲ့တဲ့ စာချုပ်ဖျတ်သိမ်းကြေး ကို အတည်ပြုလိုက်တာဖြစ်ပါတယ်။ ဟာလန်း ရဲ့ စာချုပ်ဖျတ်သိမ်းကြေးက ယူရို(၇၅)သန်းကနေ (၉၅)သန်းအထိ မြင့်တက်သွားမှာဖြစ်လို့ ခြေစွမ်းနဲ့အသက်အရွယ် အရ တန် ပေမယ့် အခြား ကုန်ကျစားရိတ်တွေအရတော့ အတော်လေး ဝန်ပိုမယ့် အပြောင်းရွှေ့ ဖြစ်လာပါလိမ့်မယ်။

ဟာလန်း နဲ့ ပက်သက်ပြီး လိုက်ဇစ် မှာ လက်တွဲခဲ့ဖူးတဲ့ ယူနိုက်တဒ် ယာယီနည်းပြ ရန်းနဂ် က “သူက မန်ယူနိုက်တဒ် အသင်း အတွက်နောက်နှစ်များစွာ ကစားပေနိုင်မယ့် ကစားသမားမျိုးဖြစ်တာကြောင့်ကျွန်တော်တို့သေချာပေါက် ကြိုးစားအဖြေရှာပြီး စည်းရုံးသင့်တဲ့ ကစားသမားတစ်ယောက် လို့ ကျွန်တော်မြင်ပါတယ်။သူက ငယ်ရွယ်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အသက် (၂၁-၂၂) မှာပဲ ကမ္ဘာ့အဆင့်တိုက်စစ်မှုး တစ်ယောက်ဖြစ်နေပါပြီ။ဒီလို ကစားသမားမျိုးကို ခေါ်ယူဖို့ ကျွန်တော်အမြဲတစေ ပြောဆိုလေ့ရှိပါတယ်။

တခြားတစ်ဖက်မှာတော့ သူက ကုန်ကျစားရိတ်အမြင့်ဆုံးဖြစ်လာမယ့် တိုက်စစ်မှု တစ်ယောက် ဆို လည်း မမှားပါဘူး”လို့ဆိုပါတယ်။ ရဒ်ဘူးလ်ဆဲလ်ဘက်ဇ် အသင်းထံ မိုလ်ဒီ ကနေ ဟာလန်း ကို ခေါ်ယူရာမှာ ရန်းနဂ် က အခရာကျခဲ့သူ ဖြစ်ပြီး နော်ဝေးလ်သားကို မိုလ်ဒီမှာ စင်တင်ပေးခဲ့တဲ့ ဆိုးလ်ရှား ကလည်း တာဝန်မရှိတော့သည်တိုင် အဉ်းကအလိုရှိရင် အပြောင်းအရွှေ့အတွက် ကူညီ စည်းရုံးပေးဖွယ် ရှိတယ်လို့သိရပါတယ်။

မန်ယူနိုက်တဒ် အသင်းဟာ လာမယ့်ရာသီအတွက် တိုက်စစ်ပိုင်းကိုဖြည့်တင်းရန်ကြိုးစားနေပြီး ကာဗာနီ၊ဂရင်းဝုဒ်၊မာစီရယ် တို့ နေရာကို ခြေစွမ်းထက် လူငယ် တိုက်စစ်မှုးတစ်ဦးနဲ့ ပြန်လည်အစားထိုးလိုနေတာပဲ ဖြစ်ပါတယ်။ ဒါဝင်နူနက်ဇ် က နာမည်ကြီး နေပေမယ့် ဘင်ဖီကာ တိုက်စစ်မှုး ရဲ့ စွမ်းဆောင်ရည်တွေက ပရီးမီးယားလိဂ် မှာ အံဝင်ပါ့မလားဆိုတာကိုတော့ ယူနိုက်တဒ်ဖက်က စိုးရိမ်နေပြီး ဟာလန်း လို မှတ်ကျောက်တင်ပြီးသား ကစားသမား က ပိုပြီးအံဝင်နိုင်မယ်လို့ ယူဆထားပါတယ်။

ဟာလန်း က ရော်နယ်ဒို ပရိတ်သတ်ဖြစ်ပြီး တစ်နေ့မှာအတူတွဲကစားလိုကြောင်းဝန်ခံထားတာကြောင့် ပေါ်တူဂီသားရဲ့ နောက်ဆုံးနေ့ရက်တွေ နီးကပ်လာချိန် အိုးထရဒ့်ဖိုဒ့် မှာ သူ့ရဲ့ Idol နဲ့ အတူတွဲပြီးကစားမှာလားဆိုတာတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ တခြားတစ်ဖက်မှာတော့ ဒေါ့မွန် မှာအတွဲညီခဲ့တဲ့ ဂျေဒန်ဆန်ချို လည်း ရှိတာကြောင့် ယူနိုက်တဒ် သာ လှုပ်ရှားမယ်ဆိုရင် အဆင်ပြေနိုင်တဲ့ အချက်တွေတော့ ပိုင်ဆိုင်ထားပါတယ်။

ZAWGYI: မန်စီးတီး နဲ့ ဟာလန်း အပြောင်းအရွှေ့ က ကျယ်လောင်လာတဲ့ အချိန်နဲ့တပြိုင်နက်ထဲမှာပဲ အိမ်နီးခြင်း မြို့ခံပြိုင်ဘက် မန်ယူနိုက်တဒ် နဲ့ သတင်းတချို့ ထွက်ပေါ်လာပါတယ်။ ဟာလန်း နဲ့ မန်စီးတီး ကြား သဘောတူညီမှု့အပြည့်အဝ ရထားပြီးဖြစ်တယ်ဆိုတဲ့ သတင်းတွေ အောက်မှာ ဒေါ့မွန်အမှု့ဆောင်ဝါဇ့်ကီ ကတော့ မန်ယူနိုက်တဒ်ကို ဆွဲသွင်းလိုက်တာပဲ ဖြစ်ပါတယ်။