မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ဟာ ဘောလုံး သမိုင်းကြောင််းရဲ့ အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်တဲ့အတွက် ပွဲစဥ် တစ်ပွဲ ကစားပြီးချိန်တိုင်း သူ့ဆီက ဂျာစီလိုချင်သူ ဒုနဲ့ဒေး ရှိခဲ့ကြပါတယ် ။ ဒီလို အနေအထားမျိုးမှာတော့ ရော်နယ်ဒိုဟာ များသောအားဖြင့် သူ့ရဲ့ ဂျာစီကို ပျော်ရွှင်စွာ ချွတ်ပေးလေ့ ရှိတတ်ခဲ့တာချည်းပါပဲ ။ ဒါကို လက်ခံ ရရှိသူတိုင်းကလည်း အပျော််လွန်ပြီး အောင်ပွဲခံခဲ့ကြတာ များလွန်းလှပါတယ် ။

ဒါပေမဲ့ ကစားသမား တစ်ဦးအတွက်တော့ ရော်နယ်ဒို နဲ့ ဂျာစီလဲမယ်လို့ ပြောခဲ့ခြင်းက ကစားသမား ဘဝရဲ့ အရှက််ရဆုံး အခိုက်အတန့် ဖြစ်သွားခဲ့ရပါတယ် ။ အဲ့ဒီလို ခံံစားချက် ပိုင်ဆိုင်သူကတော့ အင်တာ မီလန် အသင်းဆီ အငှား လာရောက် ကစားနေတဲ့ ဂိုဆန် ပဲ ဖြစ်ပါတယ် ။ ရော်ဘင် ဂိုဆန် ဆိုတာဟာ အတ္တလန္တာ အသင်းရဲ့ ကွင်းလယ် ခံစစ် ၊ ဘယ် ခံစစ် နေရာတွေမှာ ကစားပေးလေ့ရှိတတ်တဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး လက်ရှိ အချိန်မှာတော့ ပြိုင်ဖက် အင်တာ မီလန် အသင်းဆီ အငှား သွားရောက်် ကစားနေသူပဲ ဖြစ်ပါတယ် ။

သူဟာ စီးရီးအေ ပြိုင်ပွဲမှာပဲ ကစားသူ ဖြစ်ခဲ့တဲ့အတွက် ဂျူဗင်တပ် တိုက်စစ်မှူး ဖြစ်ခဲ့သူ ရော်နယ်ဒိုနဲ့ ကွင်းထဲမှာ ပြိုင်ဖက်အဖြစ် ရင်ဆိုင်ခဲ့ဖူးသူ ဖြစ်ပါတယ် ။ အခုတော့ ရော်နယ်ဒို ဆီက ဂျာစီ ရယူဖို့ တောင်းဆိုခဲ့တဲ့ ရက်စွဲဟာ ရှက်စရာ အကောင်းဆုံးနေ့ ဖြစ်ခဲ့ကြောင်း ဂိုဆန်က ပြောခဲ့လိုက်ပါတယ် ။ ” ပွဲသိမ်း ခရာ မှုတ်ပြီးချိန်မှာပဲ ကျွန်တော် သူ့ဆီ သွားခဲ့ပါတယ် ။ ဒါပေမဲ့ ရော်နယ်ဒို က လက်သင့် မခံခဲ့ပါဘူး ။ ကျွန်တော်က ‘ ခရစ္စတီယာနို ရေ ၊ ငါ မင်းရဲ့ ဂျာစီ ရနိုင်မလား ? ‘ လို့ မေးခဲ့ချိန်မှာ သူဟာ အနောက်ကိုတောင် လှည့်မကြည့်ပဲ ‘ No ‘ ဆိုပြီး ပြန်ဖြေသွားခဲ့ပါတယ် ”

” ကျွန်တော် လုံးဝ ရှက်ရွံ့ သွားခဲ့ရပါတယ် ။ ကျွန်တော် အဝေးကို ထွက်သွားပြီး သိမ်ငယ်စိတ်တွေ ဝင်နေခဲ့ရပါတယ် ။ ခင်ဗျား တစ်ယောက်ထဲ ရှက်ရွံ့ သိမ်ငယ်နေချိန်မှာ တစ်စုံတစ်ယောက်များ ဒါကို မြင်သွားမလားဆိုတဲ့ စိတ််မျိုး ခင်ဗျားတို့ ဖြစ်ဖူးမှာပါ။ ကျွန်တော်လည်း အဲ့လိုကြီးဖြစ်ခဲ့ပါတယ် ။ ကျွန်တော် အဲ့တာကို ဖုံးကွယ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ် ” လို့ ဂိုဆန် က အတ္တလန္တာ အသင်းမှာ ကစားခဲ့စဥ်က ကြုံတွေ့ခဲ့ရတဲ့ သူ့ရဲ့ ရှက်စရာ အဖြစ်အပျက်ကို ထုတ်ပြော သွားခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ဂိုဆန်ဟာ သူလိုချင်တဲ့ ပုံစံနဲ့ ကွင်းထဲမှာ ရော်နယ်ဒို နဲ့ ဂျာစီ မလဲလှယ်နိုင်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ပေါ်တူဂီသားဆီက ဂျာစီ ရရှိခဲ့ပါတယ် ။ အဲ့ဒီအချိန်က သူဟာ ဘယ်လောက်အထိ ပျော်ရွှင်ခဲ့သလဲဆိုတာကို အဝတ်လဲခန်းထဲ မြင်တွေ့ခဲ့ရပါသေးတယ် ။ အဲ့ဒီနောက် ဂျာမဏီ တို့ ပေါ်တူဂီ ကို 4 – 2 ဆိုတဲ့ ရလဒ်နဲ့ အနိုင် ကစားနိုင်ခဲ့ကြတဲ့ ယူရို 2020 ပွဲစဥ်မှာ ဂိုဆန်ကိုယ်တိုင် ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲစဥ်ရဲ့ အကောင်းဆုံး ကစားသမားဆု ကိုပါ ရယူရင်း ရော်နယ်ဒို ကို ပြန်လည် လက်စားချေသွားနိုင်ခဲ့ပါတယ်။

ZAWGYI: မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ဟာ ဘောလုံး သမိုင်းကြောင််းရဲ့ အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်တဲ့အတွက် ပွဲစဥ် တစ်ပွဲ ကစားပြီးချိန်တိုင်း သူ့ဆီက ဂျာစီလိုချင်သူ ဒုနဲ့ဒေး ရှိခဲ့ကြပါတယ် ။ ဒီလို အနေအထားမျိုးမှာတော့ ရော်နယ်ဒိုဟာ များသောအားဖြင့် သူ့ရဲ့ ဂျာစီကို ပျော်ရွှင်စွာ ချွတ်ပေးလေ့ ရှိတတ်ခဲ့တာချည်းပါပဲ ။ ဒါကို လက်ခံ ရရှိသူတိုင်းကလည်း အပျော််လွန်ပြီး အောင်ပွဲခံခဲ့ကြတာ များလွန်းလှပါတယ် ။

ဒါပေမဲ့ ကစားသမား တစ်ဦးအတွက်တော့ ရော်နယ်ဒို နဲ့ ဂျာစီလဲမယ်လို့ ပြောခဲ့ခြင်းက ကစားသမား ဘဝရဲ့ အရှက််ရဆုံး အခိုက်အတန့် ဖြစ်သွားခဲ့ရပါတယ် ။ အဲ့ဒီလို ခံံစားချက် ပိုင်ဆိုင်သူကတော့ အင်တာ မီလန် အသင်းဆီ အငှား လာရောက် ကစားနေတဲ့ ဂိုဆန် ပဲ ဖြစ်ပါတယ် ။ ရော်ဘင် ဂိုဆန် ဆိုတာဟာ အတ္တလန္တာ အသင်းရဲ့ ကွင်းလယ် ခံစစ် ၊ ဘယ် ခံစစ် နေရာတွေမှာ ကစားပေးလေ့ရှိတတ်တဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး လက်ရှိ အချိန်မှာတော့ ပြိုင်ဖက် အင်တာ မီလန် အသင်းဆီ အငှား သွားရောက်် ကစားနေသူပဲ ဖြစ်ပါတယ် ။

သူဟာ စီးရီးအေ ပြိုင်ပွဲမှာပဲ ကစားသူ ဖြစ်ခဲ့တဲ့အတွက် ဂျူဗင်တပ် တိုက်စစ်မှူး ဖြစ်ခဲ့သူ ရော်နယ်ဒိုနဲ့ ကွင်းထဲမှာ ပြိုင်ဖက်အဖြစ် ရင်ဆိုင်ခဲ့ဖူးသူ ဖြစ်ပါတယ် ။ အခုတော့ ရော်နယ်ဒို ဆီက ဂျာစီ ရယူဖို့ တောင်းဆိုခဲ့တဲ့ ရက်စွဲဟာ ရှက်စရာ အကောင်းဆုံးနေ့ ဖြစ်ခဲ့ကြောင်း ဂိုဆန်က ပြောခဲ့လိုက်ပါတယ် ။ ” ပွဲသိမ်း ခရာ မှုတ်ပြီးချိန်မှာပဲ ကျွန်တော် သူ့ဆီ သွားခဲ့ပါတယ် ။ ဒါပေမဲ့ ရော်နယ်ဒို က လက်သင့် မခံခဲ့ပါဘူး ။ ကျွန်တော်က ‘ ခရစ္စတီယာနို ရေ ၊ ငါ မင်းရဲ့ ဂျာစီ ရနိုင်မလား ? ‘ လို့ မေးခဲ့ချိန်မှာ သူဟာ အနောက်ကိုတောင် လှည့်မကြည့်ပဲ ‘ No ‘ ဆိုပြီး ပြန်ဖြေသွားခဲ့ပါတယ် ”

” ကျွန်တော် လုံးဝ ရှက်ရွံ့ သွားခဲ့ရပါတယ် ။ ကျွန်တော် အဝေးကို ထွက်သွားပြီး သိမ်ငယ်စိတ်တွေ ဝင်နေခဲ့ရပါတယ် ။ ခင်ဗျား တစ်ယောက်ထဲ ရှက်ရွံ့ သိမ်ငယ်နေချိန်မှာ တစ်စုံတစ်ယောက်များ ဒါကို မြင်သွားမလားဆိုတဲ့ စိတ််မျိုး ခင်ဗျားတို့ ဖြစ်ဖူးမှာပါ။ ကျွန်တော်လည်း အဲ့လိုကြီးဖြစ်ခဲ့ပါတယ် ။ ကျွန်တော် အဲ့တာကို ဖုံးကွယ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ် ” လို့ ဂိုဆန် က အတ္တလန္တာ အသင်းမှာ ကစားခဲ့စဥ်က ကြုံတွေ့ခဲ့ရတဲ့ သူ့ရဲ့ ရှက်စရာ အဖြစ်အပျက်ကို ထုတ်ပြော သွားခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ဂိုဆန်ဟာ သူလိုချင်တဲ့ ပုံစံနဲ့ ကွင်းထဲမှာ ရော်နယ်ဒို နဲ့ ဂျာစီ မလဲလှယ်နိုင်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ပေါ်တူဂီသားဆီက ဂျာစီ ရရှိခဲ့ပါတယ် ။ အဲ့ဒီအချိန်က သူဟာ ဘယ်လောက်အထိ ပျော်ရွှင်ခဲ့သလဲဆိုတာကို အဝတ်လဲခန်းထဲ မြင်တွေ့ခဲ့ရပါသေးတယ် ။ အဲ့ဒီနောက် ဂျာမဏီ တို့ ပေါ်တူဂီ ကို 4 – 2 ဆိုတဲ့ ရလဒ်နဲ့ အနိုင် ကစားနိုင်ခဲ့ကြတဲ့ ယူရို 2020 ပွဲစဥ်မှာ ဂိုဆန်ကိုယ်တိုင် ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲစဥ်ရဲ့ အကောင်းဆုံး ကစားသမားဆု ကိုပါ ရယူရင်း ရော်နယ်ဒို ကို ပြန်လည် လက်စားချေသွားနိုင်ခဲ့ပါတယ် ။