ဘရာဇီးလ် ဂန္တဝင် ဘယ်နောက်ခံလူ ရော်ဘတ်တို ကားလို့စ်ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ နှစ်ဦးမှာ ဘယ်သူက ပိုကောင်းသလဲ ဆိုတဲ့ ဆွေးနွှေး ငြင်းခုံမှုထဲမှာ ပါဝင်လာခဲ့ပြီး၊ ဆယ်စုနှစ် တခုကျော်ကြာ ရှိနေခဲ့တဲ့ ဒီငြင်းခုံမှုအတွက် အခုထိလည်း အဖြေမရှိသေးပါဘူး။ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အထင်ကရ ကစားသမားတဦး ဖြစ်ခဲ့တဲ့ ကားလို့စ်က ဘာနေဗျူးမှာ ခမ်းနားတဲ့ ကစားသမားဘဝ ပိုင်ဆိုင်နိုင်ခဲ့သူ ရော်နယ်လ်ဒိုဟာ မက်ဆီထက် ပိုကောင်းတယ်လို့ ယုံကြည်ကြောင်း သူ့ရဲ့ ရွေးချယ်မှုကို အခုလို ပြောသွားခဲ့ပါတယ်။

“ဒီရက်ပိုင်းတွေမှာ ခင်ဗျား ဘောလုံးနဲ့ ပတ်သက်တဲ့အကြောင်း ပြောဖြစ်တဲ့အခါ နေမာ၊ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ အကြောင်းတွေ ပြောဖြစ်လိမ့်မယ် ထင်ပါတယ်။ သူတို့ထဲက ခရစ္စတီယာနိုဟာ သူ့ကိုယ်သူ တိုးတက်ဖို့ ကြိုးစားခဲ့တဲ့ ကစားသမားပါ။ ဘလွန်းဒီအော်ဆု ဒါမှမဟုတ် အခြားဆုတွေ အကြောင်း ပြောကြတဲ့အခါ မဲပေးတဲ့သူတွေနဲ့ ဘောလုံးအကြောင်း နားလည်တဲ့သူတွေဟာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည် ကိန်းဂဏန်း အချက်အလက်တွေကို ကြည့်ပြီး ရွေးချယ်ကြတာပါ။”

“ကျွန်တော် ရီးရဲလ်မက်ဒရစ် အသင်းမှာ ရှိခဲ့စဉ်က ရော်နယ်လ်ဒိုရဲ့ လေ့ကျင့်မှုတွေကို စောင့်ကြည့်ဖြစ်ခဲ့ပြီး၊ သူ အလုပ်လုပ်တဲ့ ပုံစံက တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ သူက နေ့စဉ်နဲ့အမျှ တိုးတက်ချင်နေတဲ့ ကစားသမား ဖြစ်လို့ အလုပ်ကြိုးစားတာ မထူးဆန်းပါဘူး။ အဲဒီအချိန်က သူနဲ့ မက်ဆီကြားက ကွာခြားချက်တခု ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ လီယိုက ပါရမီရှင် ကစားသမား တဦးဖြစ်ပြီး၊ နေမာနဲ့ ပတ်သက်တဲ့ ငြင်းခုံမှုမျိုးကိုတော့ ကျွန်တော်တို့ ဘယ်တုန်းကမှ မပြောဖြစ်ခဲ့ကြပါဘူး။”

“ဒါပေမယ့် ခရစ္စတီယာနိုရဲ့ ကြိုးစားမှုတွေကို လေ့လာကြည့်ရင် လေ့ကျင့်မှုတွေ၊ ပရော်ဖက်ရှင်နယ် ဆန်တဲ့ အပြုအမူတွေ၊ အာရုံစူးစိုက်မှုနဲ့ အောင်မြင်ချင်စိတ် ရှိတာတွေ တွေ့ရပြီး၊ အဲဒီအချက်တွေက အခြားသူတွေထက် အားသာချက်ရှိနေတာပါ။” ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကြယ်စင်စု အဖွဲ့ဝင်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ ရော်ဘတ်တို ကားလို့စ်ရဲ့ ပြောစကားတွေဟာ လီယွန်နယ် မက်ဆီရဲ့ ပရိတ်သတ်တွေ အတွက် စိတ်အနှောက်အယှက် ဖြစ်စေတဲ့ စကားလုံးတွေလို့ ဆိုရမှာပါ။

ဒါပေမယ့် ရော်ဘတ်တို ကားလို့စ်နဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ နှစ်ဦးစလုံးဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့အတူ ဆုဖလားတွေ ရယူကာ အောင်မြင်တဲ့ ကစားသမား ဘဝကို ပိုင်ဆိုင်နိုင် ခဲ့ကြတာကြောင့် သူ့ရဲ့ ရွေးချယ်မှုက သိပ်တော့ အံ့ဩစရာ မရှိပါဘူး။ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ နှစ်ဦးစလုံးဟာ ကစားသမား ဘဝရဲ့ နေဝင်ချိန်ကို နီးကပ်လာခဲ့ပြီ ဖြစ်ပြီး၊ သူတို့ရဲ့ နေရာကို လူငယ် ကြယ်ပွင့်တွေ လွှဲပြောင်းယူနိုင်ခြင်း မရှိသေးခင် ကာလအတွင်း အခုထက်ပိုတဲ့ စကားစစ်ထိုးမှုတွေ ရှိလာဦးမှာ သေချာပါတယ်။

ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ ဂိုးသွင်းစက် ရော်နယ်လ်ဒိုဟာ ဘလွန်းဒီအော် ဆုပေးပွဲ စင်မြင့်ထက်မှာ အချိန် အတော်ကြာအောင် ရပ်တည် နိုင်ခဲ့ပေမယ့်၊ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ ဒီဆုပေးပွဲရဲ့ ထိပ်ဆုံး ကစားသမား သုံးဦးစာရင်းမှာ မပါဝင်နိုင်ခဲ့ပါဘူး။ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၂၄ဂိုးအထိ သွင်းယူ နိုင်ခဲ့ပေမယ့်၊ ဒီသွင်းဂိုး အရေအတွက်က သူ့ရဲ့ စံနှုန်းနဲ့ တိုင်းတာမယ်ဆိုရင် သိသိသာသာ လျော့နည်းလာခဲ့တာ အမှန်ပါပဲ။ အလားတူပဲ လီယွန်နယ် မက်ဆီဟာလည်း ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့သွားချိန် ကတည်းက သွင်းဂိုးတွေနဲ့ တွဲမြင်ရတာမျိုး မရှိတော့ပဲ၊ ဂိုးဖန်တီးမှု အနည်းငယ်သာ ပြုလုပ်နိုင်ခဲ့ပြီး၊ ပြင်သစ်မြေမှာ သူ့ရဲ့ ပထမဆုံး ဘောလုံးရာသီက သွင်းဂိုး အရေအတွက်ဟာ ၁၁ဂိုးသာရှိခဲ့ပါတယ်။

ZAWGYI: ဘရာဇီးလ် ဂန္တဝင် ဘယ်နောက်ခံလူ ရော်ဘတ်တို ကားလို့စ်ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ နှစ်ဦးမှာ ဘယ်သူက ပိုကောင်းသလဲ ဆိုတဲ့ ဆွေးနွှေး ငြင်းခုံမှုထဲမှာ ပါဝင်လာခဲ့ပြီး၊ ဆယ်စုနှစ် တခုကျော်ကြာ ရှိနေခဲ့တဲ့ ဒီငြင်းခုံမှုအတွက် အခုထိလည်း အဖြေမရှိသေးပါဘူး။ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အထင်ကရ ကစားသမားတဦး ဖြစ်ခဲ့တဲ့ ကားလို့စ်က ဘာနေဗျူးမှာ ခမ်းနားတဲ့ ကစားသမားဘဝ ပိုင်ဆိုင်နိုင်ခဲ့သူ ရော်နယ်လ်ဒိုဟာ မက်ဆီထက် ပိုကောင်းတယ်လို့ ယုံကြည်ကြောင်း သူ့ရဲ့ ရွေးချယ်မှုကို အခုလို ပြောသွားခဲ့ပါတယ်။