မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ ပြီးခဲ့တဲ့ ၂၀၀၆ခုနှစ်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ် တခုမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုက လီယွန်နယ် မက်ဆီထက် ပိုကောင်းတယ်လို့ ရွေးချယ်ခဲ့ပါတယ်။ ဒီပေါ်တူဂီသားရဲ့ စွယ်စုံရ စွမ်းရည်တွေက သူ့ကို အခြား ကစားသမားတွေနဲ့ ကွဲပြားသွားစေတယ်လို့ ဂန ္တဝင် နည်းပြကြီးက ဆိုထားပြီး၊ စကော့တလန်သား နည်းပြကြီးဟာ ရော်နယ်လ်ဒိုကို ပြီးခဲ့တဲ့ ၂၀၀၃ခုနှစ်မှာ စပို့တင်းလစ္စဘွန်း အသင်းကနေ ယူရို၁၉သန်းနဲ့ ခေါ်ယူခဲ့တာပါ။

ဒီတိုက်စစ်မှူးဟာ ယူနိုက်တက်ကို ရောက်ရှိလာပြီးနောက် ခြောက်နှစ်တာ ကာလအတွင်း သရဲနီတို့ အတွက် ၁၁၈ဂိုးသွင်းယူကာ ၆၈ဂိုးဖန်တီး ပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံ၃ကြိမ်နဲ့ ချန်ပီယံလိဂ် ချန်ပီယံ၁ကြိမ် အပါအဝင် အခြား အဓိက ဆုဖလားတွေလည်း ဆွတ်ခူး နိုင်ခဲ့ပါတယ်။ ရော်နယ်လ်ဒိုရဲ့ ထူးခြားလှတဲ့ စွမ်းဆောင်ရည်တွေက ဖာဂူဆန်ရဲ့ အသင်းကို အောင်မြင်မှုတွေ ရယူနိုင်ဖို့ အများကြီး ကူညီပေးနိုင် ခဲ့တဲ့အပြင် သူကိုယ်တိုင်လည်း ၂၀၀၈ခုနှစ်မှာ ကစားသမားဘဝရဲ့ ပထမဆုံး ဘလွန်းဒီအော်ဆုကို ရယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ် တခုမှာ ဖာဂူဆန်ကို သူ့ရဲ့ ကစားသမားဟောင်း ရော်နယ်လ်ဒိုနဲ့ အဆိုပါ အချိန်က ဘာစီလိုနာ ကြယ်ပွင့် လီယွန်နယ် မက်ဆီတို့ကြား ဘယ်သူက ပိုကောင်းသလဲ ဆိုတာ ရွေးချယ်ပေးဖို့ တောင်းဆိုခဲ့ဖူးပါတယ်။ ဒီလို ရွေးချယ်ဖို့ ရှိလာရာမှာ စကော့တလန်သား နည်းပြကြီးက မက်ဆီရဲ့ ထက်မြက်မှုကို အသိအမှတ်ပြု ချီးကျူးထားပေမယ့် ရော်နယ်လ်ဒိုက ဘယ်လို အသင်းဖော်နဲ့မဆို တွဲကစားကာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်တာကြောင့် ဒီပေါ်တူဂီသားကို ပိုကောင်းတယ်လို့ မြင်မိကြောင်း အခုလို ပြောခဲ့ဖူးပါတယ်။

“ဒီရက်ပိုင်းတွေမှာ ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့လို ကစားသမားတွေရဲ့ အကြောင်းတွေ အများကြီး ကြားနေရတာ ကျွန်တော့် အတွက် စိတ်ဝင်စားစရာ ကိစ္စတခုပါ။ အခု ကျွန်တော့်ရဲ့ ရွေးချယ်မှုကို ခင်ဗျားဘက်က အထင်မှားတာမျိုး မဖြစ်စေချင်ပါဘူး။ မက်ဆီက အရမ်းကောင်းတဲ့ ကစားသမား တယောက်ပါ။ သူက ဘောလုံးကို ထိန်းချုပ်တဲ့နေရာမှာ ခြေထောက်နဲ့ တသားတည်းကျအောင် လုပ်နိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ကြား ဘာကွာလဲဆိုတဲ့ ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင် မက်ဆီက ဘာစီလိုနာမှာပဲ ခြေစွမ်းကောင်းတွေ ပြသနိုင်တာပါ။”

“ရော်နယ်လ်ဒိုကတော့ အဲ့လို တသင်းတည်းမှာ ကစားတတ်သူ မဟုတ်ပါဘူး။ သူက စတော့ပေါ့ကောင်တီ အသင်းငယ်လေးမှာ ကစားရရင်တောင် ဟက်ထရစ် သွင်းယူနိုင်ပါတယ်။ သူ့မှာ တိုက်စစ်မှူး တယောက် ရှိသင့်တဲ့ အရည်အသွေး အားလုံး ရှိနေပါတယ်။ သူက ဘယ်ခြေ၊ ညာခြေ နှစ်ဖက်စလုံးနဲ့ ဂိုးသွင်းယူနိုင်စွမ်း ရှိနေပြီး၊ ခေါင်းတိုက် ဂိုးသွင်းရာမှာလည်း ထူးချွန်ပါတယ်။ နောက်ပြီး ရော်နယ်လ်ဒိုက ခြင်္သေ့တကောင်လို ရဲရင့်ပါသေးတယ်။ အဲဒီ အရည်အသွေးတွေကို အခြားသူတွေ သတိထားမိမယ် မထင်ပါဘူး။”

“ကျွန်တော် မန်ချက်စတာ ယူနိုက်တက်မှာ ရှိနေခဲ့စဉ် ကာလအတွင်း သူနဲ့ အတူတွဲပြီး အလုပ်လုပ်ခွင့် ရခဲ့တာကြောင့် အခြားသူတွေထက် အများကြီး ကံကောင်းခဲ့တယ်လို့ ထင်မိပြီး၊ သူနဲ့အတူ အရမ်းကောင်းတဲ့ အချိန်တွေ ဖြတ်သန်းခဲ့ရပါတယ်။ ကျွန်တော်နဲ့အတူ လက်တွဲခဲ့ဖူးတဲ့ ကစားသမား တွေထဲမှာ ဂယ်ရီနဗီးလ်က သူ့ရဲ့ ကျင့်ဝတ်တွေကို တလေးတစား လိုက်နာပြီး၊ အံ့ဩစရာကောင်းတဲ့ ကစားသမား တယောက် ဖြစ်လာအောင် သူ့ကိုယ်သူ ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒေးဗစ်ဘက်ခမ်းလည်း အဲလိုပါပဲ။ ဒါပေမယ့် ရော်နယ်လ်ဒိုကတော့ သူတို့နဲ့ မတူပါဘူး။ ဒီကောင်လေးက သူ့ကိုယ်သူ မောပန်းနွမ်းနယ်ပြီး အားအင်တွေ ကုန်ဆုံးသွားတဲ့အထိ အလုပ်ကြိုးစားတာပါ။ ဘာလို့လဲဆိုတော့ သူက ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမား ဖြစ်ချင်ခဲ့တာလေ။”

ZAWGYI: မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ ပြီးခဲ့တဲ့ ၂၀၀၆ခုနှစ်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ် တခုမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုက လီယွန်နယ် မက်ဆီထက် ပိုကောင်းတယ်လို့ ရွေးချယ်ခဲ့ပါတယ်။ ဒီပေါ်တူဂီသားရဲ့ စွယ်စုံရ စွမ်းရည်တွေက သူ့ကို အခြား ကစားသမားတွေနဲ့ ကွဲပြားသွားစေတယ်လို့ ဂန ္တဝင် နည်းပြကြီးက ဆိုထားပြီး၊ စကော့တလန်သား နည်းပြကြီးဟာ ရော်နယ်လ်ဒိုကို ပြီးခဲ့တဲ့ ၂၀၀၃ခုနှစ်မှာ စပို့တင်းလစ္စဘွန်း အသင်းကနေ ယူရို၁၉သန်းနဲ့ ခေါ်ယူခဲ့တာပါ။

ဒီတိုက်စစ်မှူးဟာ ယူနိုက်တက်ကို ရောက်ရှိလာပြီးနောက် ခြောက်နှစ်တာ ကာလအတွင်း သရဲနီတို့ အတွက် ၁၁၈ဂိုးသွင်းယူကာ ၆၈ဂိုးဖန်တီး ပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံ၃ကြိမ်နဲ့ ချန်ပီယံလိဂ် ချန်ပီယံ၁ကြိမ် အပါအဝင် အခြား အဓိက ဆုဖလားတွေလည်း ဆွတ်ခူး နိုင်ခဲ့ပါတယ်။ ရော်နယ်လ်ဒိုရဲ့ ထူးခြားလှတဲ့ စွမ်းဆောင်ရည်တွေက ဖာဂူဆန်ရဲ့ အသင်းကို အောင်မြင်မှုတွေ ရယူနိုင်ဖို့ အများကြီး ကူညီပေးနိုင် ခဲ့တဲ့အပြင် သူကိုယ်တိုင်လည်း ၂၀၀၈ခုနှစ်မှာ ကစားသမားဘဝရဲ့ ပထမဆုံး ဘလွန်းဒီအော်ဆုကို ရယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ် တခုမှာ ဖာဂူဆန်ကို သူ့ရဲ့ ကစားသမားဟောင်း ရော်နယ်လ်ဒိုနဲ့ အဆိုပါ အချိန်က ဘာစီလိုနာ ကြယ်ပွင့် လီယွန်နယ် မက်ဆီတို့ကြား ဘယ်သူက ပိုကောင်းသလဲ ဆိုတာ ရွေးချယ်ပေးဖို့ တောင်းဆိုခဲ့ဖူးပါတယ်။ ဒီလို ရွေးချယ်ဖို့ ရှိလာရာမှာ စကော့တလန်သား နည်းပြကြီးက မက်ဆီရဲ့ ထက်မြက်မှုကို အသိအမှတ်ပြု ချီးကျူးထားပေမယ့် ရော်နယ်လ်ဒိုက ဘယ်လို အသင်းဖော်နဲ့မဆို တွဲကစားကာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်တာကြောင့် ဒီပေါ်တူဂီသားကို ပိုကောင်းတယ်လို့ မြင်မိကြောင်း အခုလို ပြောခဲ့ဖူးပါတယ်။

“ဒီရက်ပိုင်းတွေမှာ ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့လို ကစားသမားတွေရဲ့ အကြောင်းတွေ အများကြီး ကြားနေရတာ ကျွန်တော့် အတွက် စိတ်ဝင်စားစရာ ကိစ္စတခုပါ။ အခု ကျွန်တော့်ရဲ့ ရွေးချယ်မှုကို ခင်ဗျားဘက်က အထင်မှားတာမျိုး မဖြစ်စေချင်ပါဘူး။ မက်ဆီက အရမ်းကောင်းတဲ့ ကစားသမား တယောက်ပါ။ သူက ဘောလုံးကို ထိန်းချုပ်တဲ့နေရာမှာ ခြေထောက်နဲ့ တသားတည်းကျအောင် လုပ်နိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ကြား ဘာကွာလဲဆိုတဲ့ ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင် မက်ဆီက ဘာစီလိုနာမှာပဲ ခြေစွမ်းကောင်းတွေ ပြသနိုင်တာပါ။”

“ရော်နယ်လ်ဒိုကတော့ အဲလို တသင်းတည်းမှာ ကစားတတ်သူ မဟုတ်ပါဘူး။ သူက စတော့ပေါ့ကောင်တီ အသင်းငယ်လေးမှာ ကစားရရင်တောင် ဟက်ထရစ် သွင်းယူနိုင်ပါတယ်။ သူ့မှာ တိုက်စစ်မှူး တယောက် ရှိသင့်တဲ့ အရည်အသွေး အားလုံး ရှိနေပါတယ်။ သူက ဘယ်ခြေ၊ ညာခြေ နှစ်ဖက်စလုံးနဲ့ ဂိုးသွင်းယူနိုင်စွမ်း ရှိနေပြီး၊ ခေါင်းတိုက် ဂိုးသွင်းရာမှာလည်း ထူးချွန်ပါတယ်။ နောက်ပြီး ရော်နယ်လ်ဒိုက ခြင်္သေ့တကောင်လို ရဲရင့်ပါသေးတယ်။ အဲဒီ အရည်အသွေးတွေကို အခြားသူတွေ သတိထားမိမယ် မထင်ပါဘူး။”