မက်ဆီနဲ့ စီရော်နယ်ဒိုတို့ကြား ဘယ်သူက ပိုကောင်းတယ်ဆိုတဲ့ ငြင်းခုန်မှုတွေဟာ ဘယ်တော့မှ ပြီးဆုံးသွားမယ့် အရာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ အာဆင်နယ် အသင်းရဲ့ နည်းပြဟောင်း အာဆင်ဝင်းဂါးကတော့ စီရော်နယ်ဒိုနဲ့ မက်ဆီကို တူညီတဲ့ အဆင့်တစ်ခုမှာ ထားရှိခဲ့ပါတယ်။ ဝင်းဂါး အနေနဲ့ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ကြား ငြင်းခုန်မှုတွေမှာ ဘယ်သူက ပိုကောင်းပါတယ်လို့ တိတိကျကျ မပြောသွားခဲ့ပဲ တစ်ဦးက အားကစားသမား ဘောလုံးသမား တစ်ဦးကတော့ ထူးခြားတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်တယ်လို့ အခိုင်အမာပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

မက်ဆီနဲ့ စီရော်နယ်ဒိုတို့ကြား ငြင်းခုန်မှုတွေဟာ ဘောလုံးလောကမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာမြင့်လာတဲ့ အထိ ရှိနေတာ ဖြစ်ပြီး၊ လက်ရှိ ကစားသမား နှစ်ဦးလုံးရဲ့ ကစားသမား ဘဝကနေ အနားယူရတော့မယ့် အချိန်ကို ရောက်ရှိနေချိန်မှာတော့ ငြင်းခုန်မှုတွေက ရှိနေဆဲ ဖြစ်ပါတယ်။ သေချာတာ တစ်ခုကတော့ မက်ဆီရော စီရော်နယ်ဒိုတို့ နှစ်ဦးလုံးဟာ တစ်ဦးနဲ့ တစ်ဦး တွန်းအားတွေ ပေးရင် အမြင့်ဆုံး အဆင့်တစ်ခုကို ရောက်ရှိလာခဲ့ကြတဲ့ ကစားသမားတွေ ဖြစ်ကြတယ်ဆိုတာကိုတော့ ငြင်းလို့ ရနိုင်မှာ မဟုတ်ပါဘူး။

မြက်ခင်းစိမ်းထက်မှာ ပြိုင်ဘက်တွေ အဖြစ်နဲ့ အကြိမ်ကြိမ်အခါခါ ရင်ဆိုင် ခဲ့ကြရပေမဲ့ နှစ်ဦးလုံးဟာ တစ်ယောက်ကို တစ်ယောက်တော့ လေးစားမှု အပြည့်ရှိခဲ့ကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။ ဘောလုံးလောကရဲ့ စင်မြင့်ထက်မှာ ဆယ်စုနှစ် တစ်ခုကျော်ကြာတဲ့ အထိ ဘောလုံး ပရိသတ်တွေကို ဖျော်ဖြေမှု အပြည့် ပေးနိုင်နေကြဆဲ ဖြစ်ပြီး၊ မကြာခင်မှာတော့ ကစားသမားဘဝကို စွန့်ခွာဖို့ နီးကပ်လာခဲ့ကြပြီ ဖြစ်ပါတယ်။

မက်ဆီဟာ မကြာသေးခင်ကပဲ အသက်(၃၅)နှစ် ပြည့်ခဲ့ပြီ ဖြစ်သလို စီရော်နယ်ဒိုကလည်း အသက်(၃၇)နှစ် အရွယ် ရှိနေပြီ ဖြစ်ပါတယ်။ သာမန် ကစားသမားတွေဆို အသက်(၃၀)ကျော်လာတာနဲ့ နောက်ရေးအတွက် ပိုက်ဆံရှာဖို့ ကာတာနဲ့ အာရှက ကလပ်အသင်းတွေမှာ လစာ အများအပြားနဲ့ သွားရောက် ကစားကြပေမဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ကတော့ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖို့ ထိပ်တန်း ကလပ်အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားနေကြဆဲ ဖြစ်ပါတယ်။

ကစားသမားတိုင်း နည်းပြတိုင်းကို မက်ဆီနဲ့ စီရော်နယ်ဒို ဘယ်သူပိုကောင်းလဲဆိုတ့ မေးခွန်းတွေ မေးတိုင်း ပြတ်သား ရေရာတဲ့ အဖြေမျိုးတော့ ထွက်လာလေ့ မရှိပါဘူး။ အခုလည်း အာဆင်နယ် နည်းပြဟောင်း အာဆင်ဝင်းဂါးက မက်ဆီနဲ့ စီရော်နယ်ဒိုတို့ကြား ဘယ်သူပိုကောင်းလဲဆိုတဲ့ အပေါ်မှာ အခုလိုပဲ ဖြေကြားပေးသွားခဲ့ပါတယ်။ အာဆင်ဝင်းဂါးက ” ခရစ္စတီယာနို စီရော်နယ်ဒိုက ဘောလုံး သမားတစ်ယောက် ဖြစ်တယ်ဆိုတာ ကျွန်တော် အမြဲ ပြောခဲ့သလို မက်ဆီကလည်း ထူးခြားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်တယ်ဆိုတာကို ကျွန်တော် အမြဲတမ်း ပြောခဲ့ပါတယ်၊ ”

” ဒါက သူတို့နှစ်ယောက် ကြားထဲက ခြားနားချက် တစ်ခုပါပဲ၊ မက်ဆီဆိုတာက ဖန်တီးမှု ပိုင်း အရမ်းကောင်းတဲ့ ကစားသမားတစ်ယောက်ပါ၊ သူက ရော်နယ်ဒိုထက်ပိုပြီးတော့ ဖန်တီးမှု ပိုင်းမှာ ပို ကောင်းပါတယ်၊ ရော်နယ်ဒိုကတော့ အဆုံးသတ်သူ တစ်ယောက်ပါ၊ လေထဲမှာဆိုရင် ရော်နယ်ဒိုက မက်ဆီထက် ပိုကောင်းပါတယ်၊ မက်ဆီထက် ပိုပြီးတော့ ဘောလုံး သမားဆန်ပါတယ်၊ မက်ဆီကတော့ရော်နယ်ဒိုထက် ပိုပြီးတော့ အနုပညာဆန်ပါတယ်၊ ”

” ဒါ့ကြောင့် မက်ဆီလို ကစားသမားက ခင်ဗျားကို ပိုပြီးတော့ ဆွဲဆောင်နိုင်ပါတယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီနေ့မှာဆိုရင် မက်ဆီရော စီရော်နယ်ဒိုတို့ရဲ့ အသက်ဟာ ကစားသမားဘဝရဲ့ နေဝင်ချိန်ကို ရောက်ရှိနေပြီဖြစ်တာကြောင့် မက်ဆီနဲ့ စီရော်နယ်ဒိုတို့ မရှိတော့မယ့် ဘောလုံးလောကဟာ ဘောလုံးအားကစားကို မြတ်နိုးတဲ့ သူတွေအတွက် လွမ်းမောစရာတွေနဲ့ ပြည့်နေတော့မှာ သေချာပါတယ်။

ZAWGYI: မက်ဆီနဲ့ စီရော်နယ်ဒိုတို့ကြား ဘယ်သူက ပိုကောင်းတယ်ဆိုတဲ့ ငြင်းခုန်မှုတွေဟာ ဘယ်တော့မှ ပြီးဆုံးသွားမယ့် အရာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ အာဆင်နယ် အသင်းရဲ့ နည်းပြဟောင်း အာဆင်ဝင်းဂါးကတော့ စီရော်နယ်ဒိုနဲ့ မက်ဆီကို တူညီတဲ့ အဆင့်တစ်ခုမှာ ထားရှိခဲ့ပါတယ်။ ဝင်းဂါး အနေနဲ့ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ကြား ငြင်းခုန်မှုတွေမှာ ဘယ်သူက ပိုကောင်းပါတယ်လို့ တိတိကျကျ မပြောသွားခဲ့ပဲ တစ်ဦးက အားကစားသမား ဘောလုံးသမား တစ်ဦးကတော့ ထူးခြားတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်တယ်လို့ အခိုင်အမာပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

မက်ဆီနဲ့ စီရော်နယ်ဒိုတို့ကြား ငြင်းခုန်မှုတွေဟာ ဘောလုံးလောကမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာမြင့်လာတဲ့ အထိ ရှိနေတာ ဖြစ်ပြီး၊ လက်ရှိ ကစားသမား နှစ်ဦးလုံးရဲ့ ကစားသမား ဘဝကနေ အနားယူရတော့မယ့် အချိန်ကို ရောက်ရှိနေချိန်မှာတော့ ငြင်းခုန်မှုတွေက ရှိနေဆဲ ဖြစ်ပါတယ်။ သေချာတာ တစ်ခုကတော့ မက်ဆီရော စီရော်နယ်ဒိုတို့ နှစ်ဦးလုံးဟာ တစ်ဦးနဲ့ တစ်ဦး တွန်းအားတွေ ပေးရင် အမြင့်ဆုံး အဆင့်တစ်ခုကို ရောက်ရှိလာခဲ့ကြတဲ့ ကစားသမားတွေ ဖြစ်ကြတယ်ဆိုတာကိုတော့ ငြင်းလို့ ရနိုင်မှာ မဟုတ်ပါဘူး။

မြက်ခင်းစိမ်းထက်မှာ ပြိုင်ဘက်တွေ အဖြစ်နဲ့ အကြိမ်ကြိမ်အခါခါ ရင်ဆိုင် ခဲ့ကြရပေမဲ့ နှစ်ဦးလုံးဟာ တစ်ယောက်ကို တစ်ယောက်တော့ လေးစားမှု အပြည့်ရှိခဲ့ကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။ ဘောလုံးလောကရဲ့ စင်မြင့်ထက်မှာ ဆယ်စုနှစ် တစ်ခုကျော်ကြာတဲ့ အထိ ဘောလုံး ပရိသတ်တွေကို ဖျော်ဖြေမှု အပြည့် ပေးနိုင်နေကြဆဲ ဖြစ်ပြီး၊ မကြာခင်မှာတော့ ကစားသမားဘဝကို စွန့်ခွာဖို့ နီးကပ်လာခဲ့ကြပြီ ဖြစ်ပါတယ်။

မက်ဆီဟာ မကြာသေးခင်ကပဲ အသက်(၃၅)နှစ် ပြည့်ခဲ့ပြီ ဖြစ်သလို စီရော်နယ်ဒိုကလည်း အသက်(၃၇)နှစ် အရွယ် ရှိနေပြီ ဖြစ်ပါတယ်။ သာမန် ကစားသမားတွေဆို အသက်(၃၀)ကျော်လာတာနဲ့ နောက်ရေးအတွက် ပိုက်ဆံရှာဖို့ ကာတာနဲ့ အာရှက ကလပ်အသင်းတွေမှာ လစာ အများအပြားနဲ့ သွားရောက် ကစားကြပေမဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ကတော့ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖို့ ထိပ်တန်း ကလပ်အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားနေကြဆဲ ဖြစ်ပါတယ်။

ကစားသမားတိုင်း နည်းပြတိုင်းကို မက်ဆီနဲ့ စီရော်နယ်ဒို ဘယ်သူပိုကောင်းလဲဆိုတ့ မေးခွန်းတွေ မေးတိုင်း ပြတ်သား ရေရာတဲ့ အဖြေမျိုးတော့ ထွက်လာလေ့ မရှိပါဘူး။ အခုလည်း အာဆင်နယ် နည်းပြဟောင်း အာဆင်ဝင်းဂါးက မက်ဆီနဲ့ စီရော်နယ်ဒိုတို့ကြား ဘယ်သူပိုကောင်းလဲဆိုတဲ့ အပေါ်မှာ အခုလိုပဲ ဖြေကြားပေးသွားခဲ့ပါတယ်။ အာဆင်ဝင်းဂါးက ” ခရစ္စတီယာနို စီရော်နယ်ဒိုက ဘောလုံး သမားတစ်ယောက် ဖြစ်တယ်ဆိုတာ ကျွန်တော် အမြဲ ပြောခဲ့သလို မက်ဆီကလည်း ထူးခြားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်တယ်ဆိုတာကို ကျွန်တော် အမြဲတမ်း ပြောခဲ့ပါတယ်၊

ဒါက သူတို့နှစ်ယောက် ကြားထဲက ခြားနားချက် တစ်ခုပါပဲ၊ မက်ဆီဆိုတာက ဖန်တီးမှု ပိုင်း အရမ်းကောင်းတဲ့ ကစားသမားတစ်ယောက်ပါ၊ သူက ရော်နယ်ဒိုထက်ပိုပြီးတော့ ဖန်တီးမှု ပိုင်းမှာ ပို ကောင်းပါတယ်၊ ရော်နယ်ဒိုကတော့ အဆုံးသတ်သူ တစ်ယောက်ပါ၊ လေထဲမှာဆိုရင် ရော်နယ်ဒိုက မက်ဆီထက် ပိုကောင်းပါတယ်၊ မက်ဆီထက် ပိုပြီးတော့ ဘောလုံး သမားဆန်ပါတယ်၊ မက်ဆီကတော့ရော်နယ်ဒိုထက် ပိုပြီးတော့ အနုပညာဆန်ပါတယ်၊

ဒါ့ကြောင့် မက်ဆီလို ကစားသမားက ခင်ဗျားကို ပိုပြီးတော့ ဆွဲဆောင်နိုင်ပါတယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီနေ့မှာဆိုရင် မက်ဆီရော စီရော်နယ်ဒိုတို့ရဲ့ အသက်ဟာ ကစားသမားဘဝရဲ့ နေဝင်ချိန်ကို ရောက်ရှိနေပြီဖြစ်တာကြောင့် မက်ဆီနဲ့ စီရော်နယ်ဒိုတို့ မရှိတော့မယ့် ဘောလုံးလောကဟာ ဘောလုံးအားကစားကို မြတ်နိုးတဲ့ သူတွေအတွက် လွမ်းမောစရာတွေနဲ့ ပြည့်နေတော့မှာ သေချာပါတယ်။