ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သတင်းကြီးနေပြီး၊ ဒီလိုအချိန်မှာ သရဲနီ တိုက်စစ်မှူး ရော်နယ်လ်ဒိုနဲ့ ပတ်သက်တဲ့ သူ့ရဲ့ မှတ်ချက်ဟောင်းတွေ ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါ နယ်သာလန် လက်ရွေးစင်ဟာ ပေါ်တူဂီ ကြယ်ပွင့် ရော်နယ်လ်ဒိုကို ထိပ်တန်း ကစားသမား တဦးအဖြစ် ချီးကျူးခဲ့ဖူးပြီး၊ သူဟာ ရော်နယ်လ်ဒိုလို ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေနဲ့ အမြဲတမ်း ယှဉ်ပြိုင်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။

ဒီဂျောင်ရဲ့ အသင်းဟောင်း အေဂျက်စ်ဟာ ၂၀၁၉ခုနှစ်က ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဂျူဗင်တပ်စ် အသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိခဲ့ပြီး၊ အဆိုပါအချိန်က ဂျူဗင်တပ်စ် တိုက်စစ်မှူး ရော်နယ်လ်ဒိုဟာ အဲဒီပွဲကို ပါဝင်ကစားဖို့ မသေချာတဲ့ အခြေအနေမျိုး ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီပွဲမှာ ဒီဂျောင်ရဲ့ အေဂျက်စ် အသင်းဟာ အနိုင်ရဖို့ အခွင့်အရေးတွေ ရှိခဲ့ပေမယ့်၊ ဒီကွင်းလယ်လူကတော့ ပြိုင်ဘက် ဂျူဗင်တပ်စ် အသင်းမှာ ရော်နယ်လ်ဒို ပါဝင်ကစားဖို့ လွဲချော်မယ့် အခြေအနေမျိုး ဖြစ်လာခဲ့နိုင်တာကြောင့် မပျော်ရွှင်ခဲ့ပါဘူး။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ၂၀၁၉ခုနှစ်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ် တခုမှာ ဒီဂျောင်က၊ အကောင်းဆုံး ကစားသမားတွေနဲ့ ယှဉ်ပြိုင်ချင်တာကြောင့် ပွဲမတိုင်မီ ဂျူဗင်တပ်စ် တိုက်စစ်မှူး ရော်နယ်လ်ဒို ဒဏ်ရာက သက်သာလာဖို့ မျှော်လင့်တယ်လို့ အခုလို ပြောခဲ့ဖူးပါတယ်။ “ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သူ့ရဲ့ ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီး ကျွန်တော်တို့နဲ့ ကစားရမယ့်ပွဲမှာ ပါဝင်လာဖို့ မျှော်လင့်ပါတယ်။ သူက ဘောလုံးလောကရဲ့ ထာဝရ အကောင်းဆုံး ကစားသမား တယောက် ဖြစ်ပြီး၊ ဒီနေ့အထိလည်း ထိပ်တန်း အဆင့်မှာ ရပ်တည်နေသူပါ။”

“ဂျူဗင်တပ်စ်နဲ့ ကစားရမယ့်ပွဲမှာ ကျွန်တော်တို့ အနိုင်ရဖို့ အခွင့်အရေး ရှိနေပေမယ့်၊ ဒီပွဲမှာ သူမပါရင် ကျွန်တော်တို့အတွက် ပိုပြီး လွယ်ကူလိမ့်မယ် ထင်ပါတယ်။ ဒါပေမယ့် အဲဒီအခြေအနေကို ကျွန်တော် မပျော်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က ရော်နယ်လ်ဒိုလို အကောင်းဆုံး ကစားသမားတွေနဲ့ ယှဉ်ပြိုင်ပြီး သူတို့ကို အနိုင်ယူချင်တဲ့ ဆန္ဒမျိုး ရှိနေလို့ပါ။” ဆိုပြီး အေဂျက်စ် ကစားသမားဟောင်း ဒီဂျောင်က ဂျူဗင်တပ်စ် အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲမတိုင်မီ ပြောခဲ့ဖူးပါတယ်။

ဂျူဗင်တပ်စ် တိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒိုဟာ အဆိုပါ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ် ၂ကျော့စလုံးမှာ ပါဝင်ကစားခဲ့ပြီး၊ သူဟာ ၂ပွဲစလုံးမှာ ဂိုးသွင်းယူ နိုင်ခဲ့ပေမယ့်၊ အေဂျက်စ် အသင်းဟာ အဝေးကွင်းမှာ ၁၂ဂိုးနဲ့ အနိုင်ရထားတာကြောင့် အိုးလေဒီတို့ ဆီမီးဖိုင်နယ်နဲ့ လွဲခဲ့ရပါတယ်။ ဖရန်ကီ ဒီဂျောင်ဟာ ပြီးခဲ့တဲ့လ ကတည်းက မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ ကစားသမား တဦးဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာ အသင်းဘက်က သူ့ကို ဘာမှ ပြောမလာသေးတာကြောင့် ဒီအပြောင်းအရွှေ့ အတွက် မစဉ်းစားသေးဘူးလို့ သူက ပြောခဲ့ပါတယ်။

ဒါ့အပြင် သူဟာ နူးကမ့်မှာ ဆက်နေဖို့ စိတ်အား ထက်သန်နေကြောင်းကို “မန်ချက်စတာ ယူနိုက်တက်နဲ့ ကျွန်တော့်ရဲ့ အပြောင်းအရွှေ့ သတင်းတွေတော့ ကြားနေရတာပါပဲ။ ဒါပေမယ့် အသင်းဘက်က ကျွန်တော့်ကို ဒီအပြောင်းအရွှေ့ အတွက် ဘာမှမပြောသေးပါဘူး။ အဲဒါကြောင့် နူးကမ့်မှာ ကျွန်တော့်ရဲ့ အနာဂတ် ဆက်ရှိဖို့ စိတ်မပူပါဘူး။ ကျွန်တော် ယူနိုက်တက် နည်းပြသစ် တန်းဟဂ်နဲ့ အဆက်အသွယ် ရှိခဲ့လားလို့ ခင်ဗျား မေးလာခဲ့ရင် အဲဒီမေးခွန်း အတွက် ကျွန်တော့်ဘက်က ဘာမှ ပြောစရာ မရှိပါဘူး။”

“နောက်ပြီး တန်းဟဂ် မဟုတ်တဲ့ အခြား နည်းပြအကြောင်း ဒါမှမဟုတ် အခြား အသင်းအကြောင်း ခင်ဗျား မေးလာခဲ့ရင်လည်း ကျွန်တော့်မှာ ခင်ဗျားရဲ့ မေးခွန်းအတွက် အဖြေမရှိပါဘူး။ လာမယ့် ဘောလုံးရာသီ အတွက် ကျွန်တော် ဇာဗီနဲ့ စကားပြောဖြစ်ခဲ့တာမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် သူနဲ့ပြောခဲ့တာက ကျွန်တော့်ရဲ့ အပြောင်းအရွှေ့ ကိစ္စအတွက် မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြောခဲ့တာက၊ ဘောလုံးအကြောင်း၊ အသင်းအကြောင်းနဲ့ ကျွန်တော်တို့ အသင်း တိုးတက်ဖို့ လိုအပ်နေတဲ့ ကိစ္စတွေကိုပဲ ပြောဖြစ်ခဲ့တာပါ။”လို့ ဒီဂျောင်က ပြောထားပါတယ်။

ZAWGYI: ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သတင်းကြီးနေပြီး၊ ဒီလိုအချိန်မှာ သရဲနီ တိုက်စစ်မှူး ရော်နယ်လ်ဒိုနဲ့ ပတ်သက်တဲ့ သူ့ရဲ့ မှတ်ချက်ဟောင်းတွေ ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါ နယ်သာလန် လက်ရွေးစင်ဟာ ပေါ်တူဂီ ကြယ်ပွင့် ရော်နယ်လ်ဒိုကို ထိပ်တန်း ကစားသမား တဦးအဖြစ် ချီးကျူးခဲ့ဖူးပြီး၊ သူဟာ ရော်နယ်လ်ဒိုလို ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေနဲ့ အမြဲတမ်း ယှဉ်ပြိုင်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။