ပီအက်စ်ဂျီ အသင်းရဲ့ ကြယ်ပွင့်ကစားသမား လီယွန်နယ်မက်ဆီကတော့ စီရော်နယ်ဒိုနဲ့ တစ်သင်းထဲမှာ တူတူတွဲကစားဖို့နဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ အရိုးရှင်းဆုံးသော သဘောထားကို ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ လက်ရှိမှာ မက်ဆီဟာ ပီအက်စ်ဂျီမှာ ကစားလျက် ရှိနေပြီး စီရော်နယ်ဒိုကတော့ မန်ယူနိုက်တက်မှာ အနာဂတ် မရေရာ မသေချာမှုတွေနဲ့ အသင်းပြောင်းရွှေ့ဖို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။

သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရှိလာရင် ဒီနွေရာသီ ဈေးကွက်ထဲမှာ အသင်းကနေ ထွက်ခွာဖို့ မန်ယူနိုက်တက်တာဝန်ရှိသူတွေထံ အသိပေးပြောကြားခဲ့ပြီးတဲ့နောက် မန်ယူနိုက်တက်ရဲ့ ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်တွေမှာပါ စီရော်နယ်ဒိုတစ်ယောက် ပါဝင်လာ ခြင်းမရှိတော့ပါဘူး။ အသက်(၃၇)နှစ် ရှိနေပြီဖြစ်တဲ့ ပေါ်တူဂီသားဟာ လက်ကျန်ကစားသမားဘဝမှာ ချန်ပီယံလိဂ်ပြိုင်ပွဲလို အမြင့်ဆုံး အဆင့် ပြိုင်ပွဲတွေမှာ ကစားပြီး အောင်မြင်မှုတွေ ရရှိဖို့ အလိုရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက မန်ယူနိုက်တက်တို့ဟာ အဆင့် (၆)နဲ့ ရာသီသိမ်းခဲ့ပြီးတဲ့နောက် လာမယ့်ရာသီသစ်မှာ ချန်ပီယံလိဂ် ဝင်ခွင့် လွဲချော်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ နွေဈေးကွက်အတွင်း မန်ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ အပေါ်မှာလည်း စီရော်နယ်ဒိုတစ်ယောက် ပျော်ရွှင်မှု မရှိဖြစ်နေတယ်လို့ သတင်းတွေက ဆိုကြပြန်ပါတယ်။ မန်ယူနိုက်တက်တို့ဟာ လက်ရှိ အချိန်အထိ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ဖီရင်နုက လာမာစီယာ တစ်ယောက်ကိုသာ ခေါ်ယူထားနိုင်ခဲ့သေးတာ ဖြစ်ပြီး ကျန်တဲ့ ဒီဂျောင်၊ မာတီနက်၊ အန်တိုနီတို့လို ကစားသမားတွေ အတွက်တော့ ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

ဒီအချက်တွေကြောင့်ပဲ စီရော်နယ်ဒိုဟာ မန်ယူနိုက်တက် ထွက်ခွာဖို့ စဉ်းစားလာခဲ့ပုံ ရတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ စီရော်နယ်ဒိုကိုခေါ်ယူဖို့ လက်ရှိမှာ ချဲလ်ဆီး၊ ဘိုင်ယန်နဲ့ နာပိုလီတို့လို ထိပ်တန်းအသင်းကြီးတွေဟာ သတင်းထွက်ပေါ်လျက် ရှိနေပါတယ်။ ဒါ့အပြင် ပြင်သစ်ကလပ် ပီအက်စ်ဂျီကလည်း ဘလွန်းဒီအော် (၅) ကြိမ်ဆုရှင် စီရော်နယ်ဒို ပြောင်းရွှေ့ ကစားနိုင်တဲ့ အသင်းတစ်သင်းအဖြစ် ရှိနေတာ ဖြစ်ပါတယ်။

တကယ်လို့ စီရော်နယ်ဒိုသာ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ကစားသမား ဘဝတလျှောက် ပြိုင်ဘက်အဖြစ် ရှိနေခဲ့တဲ့ လီယွန်နယ်မက်ဆီနဲ့ တစ်သင်းထဲ အတူတွဲ ကစားတာကို လာမယ့် ရာသီမှာ မြင်တွေ့ သွားရတော့မှာ ဖြစ်ပါတယ်။ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ တစ်သင်းထဲမှာ အတူတွဲကစားတာကို မြင်တွေ့ရတာကတော့ ဘောလုံး ပရိသတ်တွေ အတွက် တော်တော်လေး ကြီးကျယ်ခမ်းနားတဲ့ အရာတစ်ခု ဖြစ်လာမှာ သေချာပါတယ်။

ဒါပေမဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်တို့မှာ ပြိုင်ဘက်တွေ အဖြစ် တောက်လျှောက် ရင်ဆိုင်ခဲ့ရသလို ဘလွန်းဒီအော်ဆု အတွက်လည်း အမြဲလိုလို ပြိုင်ဆိုင်ခဲ့ကြရတဲ့ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ တစ်ဦးနဲ့ တစ်ဦး တစ်သင်းထဲမှာ အတူတွဲကစားဖို့ အလိုရှိမလားဆိုတဲ့ မေးခွန်းတွေကလည်း ထွက်ပေါ်လာပါတယ်။ လွန်ခဲ့တဲ့ (၂၀၁၅)ခုနှစ်တုန်းက စီရော်နယ်ဒိုနဲ့ တစ်သင်းထဲ အတူ တွဲကစားဖို့ မက်ဆီကို မေးမြန်းခဲ့ရာမှာတော့ မက်ဆီဟာ အခုလိုပဲ ပြောကြားသွားခဲ့ ဖူးပါတယ်။

မက်ဆီက ” ကျွန်တော် တကယ်ပဲ တွဲကစားချင်ပါတယ်၊ ကျွန်တော်က အမြဲတမ်း အကောင်းဆုံးတွေနဲ့ တွဲကစားချင်တာပါ၊ သူကလည်း အကောင်းဆုံးတွေထဲက တစ်ယောက်ပါပဲ၊ ကျွန်တော်တို့ တစ်သင်းထဲမှာ တူတူ တွဲကစားဖို့ကတော့ ခက်ခဲမယ် ထင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် သူနဲ့ တွဲကစားချင်ပါတယ်၊ ကျွန်တော်ဟာ ကစားသမားကောင်းတွေနဲ့ တစ်သင်းထဲမှာ တူတူ တွဲကစားခွင့်ရဖို့ ကံကောင်းခဲ့ပါတယ်၊ သူနဲ့လည်း အဲ့ဒီလိုမျိုး တူတူ ကစားခွင့်ရချင်ပါတယ် ” လို့ ပြောကြား သွားခဲ့ ဖူးတာ ဖြစ်ပါတယ်။

လက်ရှိမှာ စီရော်နယ်ဒိုဟာ မန်ယူနိုက်တက်ကနေထွက်ခွာဖို့ အသင်းထံ တောင်းဆိုထားခဲ့ပေမဲ့ စီရော်နယ်ဒိုကို တိတိကျကျ သေသေချာချာ ခေါ်ယူချင်တဲ့ အသင်းကတော့ မရှိသေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီး၊ ဘိုင်ယန်တို့လို အသင်းတွေနဲ့ကလည်း ကောလဟာလအဆင့်မှာသာ ရှိနေသေးတာ ဖြစ်ပြီး ဘယ်အသင်းကို ပြောင်းရွှေ့ သွားမလဲဆိုတာကတော့ ဈေးကွက်ထဲမှာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

ZAWGYI: ပီအက်စ်ဂျီ အသင်းရဲ့ ကြယ်ပွင့်ကစားသမား လီယွန်နယ်မက်ဆီကတော့ စီရော်နယ်ဒိုနဲ့ တစ်သင်းထဲမှာ တူတူတွဲကစားဖို့နဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ အရိုးရှင်းဆုံးသော သဘောထားကို ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ လက်ရှိမှာ မက်ဆီဟာ ပီအက်စ်ဂျီမှာ ကစားလျက် ရှိနေပြီး စီရော်နယ်ဒိုကတော့ မန်ယူနိုက်တက်မှာ အနာဂတ် မရေရာ မသေချာမှုတွေနဲ့ အသင်းပြောင်းရွှေ့ဖို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။