ပီအက်စ်ဂျီ တောင်ပံ ကစားသမား အိန်ဂျယ် ဒီမာရီယာက သူ့ရဲ့ အသင်းဖော် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ သူနဲ့အတူ တွဲကစားခဲ့ဖူးတဲ့ ထိပ်တန်း ကစားသမား တွေထဲမှာ အကောင်းဆုံး ကစားသမား တဦးဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာ အသင်းတို့ထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ရှိနေတဲ့ အသက် ၃၄နှစ်အရွယ် ဒီကစားသမားဟာ သူနဲ့ ခေတ်ပြိုင် ကစားသမားတွေထဲက အကောင်းဆုံး ကစားသမား အချို့နဲ့ တွဲကစားခဲ့ဖူးသူ ဖြစ်ပါတယ်။

ဟုတ်ပါတယ် သူဟာ ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာ ယူနိုက်တက်နဲ့ ပီအက်စ်ဂျီ အသင်းတို့မှာ ကစားခဲ့စဉ် အချိန်အတွင်း လီယွန်နယ် မက်ဆီ၊ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ဝိန်းရွန်းနီ၊ ဇလာတန် အီဘရာဟီမိုဗစ်ခ်ျ၊ နေမာတို့နဲ့ တွဲကစားခဲ့တာပါ။ ဒီလို ထိပ်တန်း ကစားသမားတွေနဲ့ တွဲကစားဖူးခဲ့တဲ့ အတွေ့အကြုံတွေကို ၂၀၂၀ခုနှစ်က အင်တာဗျူး အစီအစဉ် တခုမှာ ဒီမာရီယာက ဖွင့်ဟသွားခဲ့ပြီး၊ သူနဲ့ တွဲကစားခဲ့ဖူးတဲ့ အသင်းဖော် တွေထဲမှာ ဘယ်သူက အကောင်းဆုံးလဲ ဆိုတာကို အခုလို ပြောခဲ့ပါတယ်။

“ရွန်းနီ၊ ဇလာတန် အီဘရာဟီမိုဗစ်ခ်ျ၊ ခရစ္စတီယာနို ရော်နယ်လ်ဒို အပါအဝင် မက်ဆီတို့လို ကစားသမားတွေနဲ့ တွဲကစားခွင့် ရဖို့ဆိုတာက အိပ်မက်တခုလို့ ပြောရမှာပါ။ ကျွန်တော် ဂိမ်းကစားတိုင်း သူတို့ကို ရွေးချယ်ဖြစ်ပြီး၊ အတူတွဲ ကစားရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ပါဘူး။ သူတို့ရဲ့ ကစားပုံတွေကို ကျွန်တော် အတုယူခဲ့ပြီး၊ သူတို့နဲ့ တွဲကစားဖို့ အမှန်တကယ် အခွင့်အရေး ရလာချိန်ဟာ ကျွန်တော့် အတွက် အရမ်းကောင်းတဲ့ ခံစားမှုပါ။ အဲဒီ ကစားသမား လေးယောက်ထဲမှာ အကောင်းဆုံးက လီယို ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။”

“ခရစ္စတီယာနိုကတော့ ဘောလုံးကစားရာမှာ ဘီလူးတကောင်လို စိတ်အားထက်သန်ပြီး၊ နေမာရဲ့ ကစားပုံက ရိုးရိုးရှင်းရှင်းလေးနဲ့ ကြည့်ရတာ စိတ်ကျေနပ်စရာပါ။ သူက ဘရာဇီးလ်သား ဖြစ်နေတာကြောင့် ကွင်းထဲမှာ သူလုပ်ပြနေသမျှကို ကြည့်ရတာ အနုပညာမြောက်ပြီး တကယ် ပျော်ဖို့ကောင်းပါတယ်။ အီဘရာဟီမိုဗစ်ခ်ျ အကြောင်းကို ခြုံပြီး ပြောရမယ်ဆိုရင် သူ့ရဲ့ပုံစံက ရူးသွပ်တဲ့ စရိုက်လက္ခာမျိုးပါ။ ကွင်းထဲက သူ့ရဲ့ပုံစံကို ကြည့်ပြီး၊ လူဆိုးတယောက်လို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ ဒါပေမယ့် သူက အရမ်းတော်တဲ့ ကစားသမားပါ။”

“ကျွန်တော် သူနဲ့ တွဲကစားခဲ့ဖူးတဲ့ ကာလတလျှောက် အရမ်းကောင်းခဲ့ပြီး၊ ဒီအသင်းမှာ ကစားခဲ့စဉ် အချိန်တွေတုန်းကလည်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာ တွေ့ရပါတယ်။ ရွန်းနီကတော့ နားအေးပါးအေး နေတတ်တဲ့ ကစားသမားမျိုးဗျ။ သူနဲ့ တွဲမကစားခင် အချိန်အထိ သူ.အဲလောက် သန်မာလိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မတွေးမိခဲ့ပါဘူး။ ကျွန်တော်နဲ့ တွဲကစားခဲ့ဖူးတဲ့ ကစားသမားတွေဟာ အားလုံး ထူးချွန်နေတာကြောင့် ဘယ်သူက ပိုကောင်းသလဲ ဆိုတာ ရွေးရခက်ပါတယ်။”

“ဒါပေမယ့် ကျွန်တော့်ရဲ့ ကစားသမား ဘဝတလျှောက် တွဲကစားခဲ့ဖူးတဲ့ သူတွေထဲက အကောင်းဆုံး တယောက်ကို မဖြစ်မနေ ရွေးရမယ်ဆိုရင် အဲဒီတယောက်က လီယိုပဲ ဖြစ်ပါလိမ့်မယ်။”လို့ ဒီမာရီယာက ပြောသွားခဲ့ပါတယ်။ ဒီမာရီယာဟာ ကလပ်အသင်း ကစားသမား ဘဝတလျှောက် လာလီဂါ ချန်ပီယံ၁ကြိမ်၊ လီဂူးဝမ်း ချန်ပီယံ၅ကြိမ်၊ ကိုပါဒယ်ရေး ချန်ပီယံ၂ကြိမ်နဲ့ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ချန်ပီယံ၁ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့လည်း ကိုပါအမေရိက ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီး၊ ၂၀၂၁ခုနှစ်က ဘရာဇီးလ် အသင်းနဲ့ ကစားခဲ့တဲ့ ကိုပါအမေရိက ဗိုလ်လုပွဲမှာ အနိုင်ဂိုး သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။

ZAWGYI: ပီအက်စ်ဂျီ တောင်ပံ ကစားသမား အိန်ဂျယ် ဒီမာရီယာက သူ့ရဲ့ အသင်းဖော် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ သူနဲ့အတူ တွဲကစားခဲ့ဖူးတဲ့ ထိပ်တန်း ကစားသမား တွေထဲမှာ အကောင်းဆုံး ကစားသမား တဦးဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာ အသင်းတို့ထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ရှိနေတဲ့ အသက် ၃၄နှစ်အရွယ် ဒီကစားသမားဟာ သူနဲ့ ခေတ်ပြိုင် ကစားသမားတွေထဲက အကောင်းဆုံး ကစားသမား အချို့နဲ့ တွဲကစားခဲ့ဖူးသူ ဖြစ်ပါတယ်။

ဟုတ်ပါတယ် သူဟာ ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာ ယူနိုက်တက်နဲ့ ပီအက်စ်ဂျီ အသင်းတို့မှာ ကစားခဲ့စဉ် အချိန်အတွင်း လီယွန်နယ် မက်ဆီ၊ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ဝိန်းရွန်းနီ၊ ဇလာတန် အီဘရာဟီမိုဗစ်ခ်ျ၊ နေမာတို့နဲ့ တွဲကစားခဲ့တာပါ။ ဒီလို ထိပ်တန်း ကစားသမားတွေနဲ့ တွဲကစားဖူးခဲ့တဲ့ အတွေ့အကြုံတွေကို ၂၀၂၀ခုနှစ်က အင်တာဗျူး အစီအစဉ် တခုမှာ ဒီမာရီယာက ဖွင့်ဟသွားခဲ့ပြီး၊ သူနဲ့ တွဲကစားခဲ့ဖူးတဲ့ အသင်းဖော် တွေထဲမှာ ဘယ်သူက အကောင်းဆုံးလဲ ဆိုတာကို အခုလို ပြောခဲ့ပါတယ်။

“ရွန်းနီ၊ ဇလာတန် အီဘရာဟီမိုဗစ်ခ်ျ၊ ခရစ္စတီယာနို ရော်နယ်လ်ဒို အပါအဝင် မက်ဆီတို့လို ကစားသမားတွေနဲ့ တွဲကစားခွင့် ရဖို့ဆိုတာက အိပ်မက်တခုလို့ ပြောရမှာပါ။ ကျွန်တော် ဂိမ်းကစားတိုင်း သူတို့ကို ရွေးချယ်ဖြစ်ပြီး၊ အတူတွဲ ကစားရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ပါဘူး။ သူတို့ရဲ့ ကစားပုံတွေကို ကျွန်တော် အတုယူခဲ့ပြီး၊ သူတို့နဲ့ တွဲကစားဖို့ အမှန်တကယ် အခွင့်အရေး ရလာချိန်ဟာ ကျွန်တော့် အတွက် အရမ်းကောင်းတဲ့ ခံစားမှုပါ။ အဲဒီ ကစားသမား လေးယောက်ထဲမှာ အကောင်းဆုံးက လီယို ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။”

“ခရစ္စတီယာနိုကတော့ ဘောလုံးကစားရာမှာ ဘီလူးတကောင်လို စိတ်အားထက်သန်ပြီး၊ နေမာရဲ့ ကစားပုံက ရိုးရိုးရှင်းရှင်းလေးနဲ့ ကြည့်ရတာ စိတ်ကျေနပ်စရာပါ။ သူက ဘရာဇီးလ်သား ဖြစ်နေတာကြောင့် ကွင်းထဲမှာ သူ.လုပ်ပြနေသမျှကို ကြည့်ရတာ အနုပညာမြောက်ပြီး တကယ် ပျော်ဖို့ကောင်းပါတယ်။ အီဘရာဟီမိုဗစ်ခ်ျ အကြောင်းကို ခြုံပြီး ပြောရမယ်ဆိုရင် သူ့ရဲ့ပုံစံက ရူးသွပ်တဲ့ စရိုက်လက္ခာမျိုးပါ။ ကွင်းထဲက သူ့ရဲ့ပုံစံကို ကြည့်ပြီး၊ လူဆိုးတယောက်လို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ ဒါပေမယ့် သူက အရမ်းတော်တဲ့ ကစားသမားပါ။”