မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ယခုနှစ် နွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာလိုကြောင်း အသင်း တာဝန်ရှိသူတွေထံ တောင်းဆိုမှု ပြုလုပ်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။ ဟုတ်ပါတယ် အသက် ၃၇နှစ်အရွယ် ကစားသမားဟာ ဒီနွေရာသီ အပြောင်းအရွှေ့ စျေးကွက်မှာ ယူနိုက်တက်ရဲ့ ရည်မှန်းချက် ကင်းမဲ့တဲ့ လုပ်ဆောင်ပုံတွေကို စိတ်ပျက်နေတာကြောင့် ဆုဖလားတွေ စိန်ခေါ်နိုင်မယ့် အသင်းတသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာပါ။ ဒါ့ကြောင့် ရော်နယ်လ်ဒိုသာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာသွားခဲ့ရင် အသင်း တာဝန်ရှိသူတွေ အနေနဲ့ အရည်အသွေးရှိ တိုက်စစ်မှူးတဦး ရှာဖွေဖို့ လိုအပ်လာမှာဖြစ်ပြီး၊ သူ့ရဲ့နေရာကို အစားထိုးနိုင်မယ့် ကစားသမား ၅ယောက်ကို အခုလို ဖော်ပြပေးလိုက်ပါတယ်။

၅။ဗစ်တာအော့စမန် (နာပိုလီ)။ ။ ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ နာပိုလီ အသင်းလည်း ပါဝင်နေတယ်လို့ သတင်းတွေအရ သိရပြီး၊ သူတို့ဟာ ဗစ်တာအော့စမန်လို အရည်အသွေးရှိ တိုက်စစ်မှူးတဦး ပိုင်ဆိုင်ထားပြီးသား အသင်းတသင်းပါ။ နာပိုလီ အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတဲ့အသင်း ဖြစ်တာကြောင့် သရဲနီတို့ဟာ ဒီပြိုင်ပွဲမှာ ပါဝင်ကစားချင်တဲ့ ရော်နယ်လ်ဒိုကို နာပိုလီ တိုက်စစ်မှူး ဗစ်တာအော့စမန်နဲ့ အလဲအထပ် ပြုလုပ်ဖို့တောင် စဉ်းစားလာနိုင်ပါတယ်။

၄။ဆာ့ဂ်ျဂနာဘရီ (ဘိုင်ယန်မြူးနစ်)။ ။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရော်နယ်လ်ဒိုရဲ့ နေရာမှာ အစားထိုးဖို့ ဘိုင်ယန်မြူးနစ် တောင်ပံ တိုက်စစ်မှူး ဆာ့ဂ်ျဂနာဘရီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး၊ ဂနာဘရီဟာ ဘိုင်ယန်မြူးနစ် အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချထားတယ်လို့ သိရပါတယ်။ ဂနာဘရီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ မြို့ခံပြိင်ဘက် မန်စီးတီး အသင်းလည်း ပါဝင်နေပြီး၊ သတင်းတွေအရတော့ ဘိုင်ယန်မြူးနစ် အသင်းဟာ ဂနာဘရီ အတွက် ပေါင်၃၅သန်းရမယ်ဆိုရင် လက်လွှတ်ဖွယ် ရှိနေပါတယ်။

၃။အန်တိုနီ (အေဂျက်စ်)။ ။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့ရဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ နွေရာသီ အပြောင်းအရွှေ့ စတင်ချိန်ကတည်းက အန်တိုနီကို စောင့်ကြည့်ခဲ့တာ ဖြစ်ပြီး၊ ယခုအခါ အသင်းကနေ ရော်နယ်လ်ဒို ထွက်ခွာဖွယ် ရှိလာတာကြောင့် တိုက်စစ်မှူးတဦး ခေါ်ယူရေးဟာ သူတို့အတွက် ဦးစားပေးကိစ္စ ဖြစ်လာခဲ့ပါတယ်။ သတင်းတွေအရ ယူနိုက်တက် နည်းပြသစ် အဲရစ် တန်းဟဂ်ဟာ အေဂျက်စ် တောင်ပံ တိုက်စစ်မှူး အန်တိုနီကို ခေါ်ယူပေးဖို့ အသင်း တာဝန်ရှိသူတွေထံ တောင်းဆိုထားပြီး၊ ဟော်လန် ကလပ်ဟာ သူတို့ရဲ့ တိုက်စစ်မှူးကို ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ ထွက်ခွာခွင့်ပြုမှာ မဟုတ်ပဲ ပေါင်သန်း၇၀လောက် အလိုရှိနေပါတယ်။

၂။ရောဘတ် လီဝမ်ဒေါစကီး (ဘိုင်ယန်မြူးနစ်)။ ။ ဘိုင်ယန်မြူးနစ် အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ ရောဘတ် လီဝမ်ဒေါစကီးဟာ ဒီနွေရာသီမှာ အသင်းမှ ထွက်ခွာလိုကြောင်း တရားဝင် ပြောဆိုထားပြီး၊ သူဟာ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ကစားဖို့ စိတ်အား ထက်သန်နေပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းကနေ ထွက်ခွာချင်နေတဲ့ လီဝမ်ဒေါစကီးရဲ့ အသင်းသစ်တွေထဲမှာ ယူနိုက်တက်လည်း ပါဝင်လာနိုင်ပေမယ့်၊ သရဲနီတို့ဟာ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် မရခဲ့တာကြောင့် လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ အဟန့်အတား ဖြစ်လာနိုင်ပါတယ်။

၁။နေမာ (ပီအက်စ်ဂျီ)။ ။ ပီအက်စ်ဂျီ အသင်းဟာ ယခုနှစ် နွေရာသီမှာ နေမာ အတွက် သင့်တော်တဲ့ ပြောင်းရွှေ့ကြေး ရရှိမယ်ဆိုရင် ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး၊ သတင်းတွေအရ နေမာရဲ့ အေးဂျင့်တွေဟာ ဒီအပြောင်းအရွှေ့ အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အချိတ်အဆက်တွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိ အချိန်မှာ နေမာကို ခေါ်ယူဖို့ စဉ်းစားထားခြင်း မရှိပေမယ့်၊ သူတို့ရဲ့ တိုက်စစ်မှူး ရော်နယ်လ်ဒိုသာ ဒီနွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာသွားခဲ့ရင် နေမာရဲ့ အပြောင်းအရွှေ့ အပေါ် ထားရှိတဲ့ သူတို့ရဲ့ သဘောထား ပြောင်းလဲသွားနိုင်ပါတယ်။

ZAWGYI: မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ယခုနှစ် နွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာလိုကြောင်း အသင်း တာဝန်ရှိသူတွေထံ တောင်းဆိုမှု ပြုလုပ်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။ ဟုတ်ပါတယ် အသက် ၃၇နှစ်အရွယ် ကစားသမားဟာ ဒီနွေရာသီ အပြောင်းအရွှေ့ စျေးကွက်မှာ ယူနိုက်တက်ရဲ့ ရည်မှန်းချက် ကင်းမဲ့တဲ့ လုပ်ဆောင်ပုံတွေကို စိတ်ပျက်နေတာကြောင့် ဆုဖလားတွေ စိန်ခေါ်နိုင်မယ့် အသင်းတသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာပါ။ ဒါ့ကြောင့် ရော်နယ်လ်ဒိုသာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာသွားခဲ့ရင် အသင်း တာဝန်ရှိသူတွေ အနေနဲ့ အရည်အသွေးရှိ တိုက်စစ်မှူးတဦး ရှာဖွေဖို့ လိုအပ်လာမှာဖြစ်ပြီး၊ သူ့ရဲ့နေရာကို အစားထိုးနိုင်မယ့် ကစားသမား ၅ယောက်ကို အခုလို ဖော်ပြပေးလိုက်ပါတယ်။