မန်ယူနိုက်တက်တို့ရဲ့ တိုက်စစ်မှူးကြီး စီရော်နယ်ဒိုဟာ လာမယ့်ရာသီဆို အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ အသင်းအတွက် ဒီရာသီ ဂိုးတွေကို အဓိက သွင်းယူပေးနေတဲ့ တိုက်စစ်မှူးကြီးဟာ အသက်အရွယ်အရ မန်ယူနိုက်တက်ရဲ့ စီမံကိန်းတွေမှာ ပါဝင်ဖို့ မဖြစ်နိုင်တော့တာ ကြောင့် မန်ယူနိုက်တက်တို့ အနေနဲ့လည်း လူငယ်တိုက်စစ်မှူးတွေကို ဈေးကွက်ထဲမှာ ရှာဖွေလျက်ရှိနေပါတယ်။ လက်ရှိမှာ မန်ယူနိုက်တက်နဲ့ သတင်းတွေ ထွက်နေတဲ့ တိုက်စစ်မှူးစာရင်းက အများအပြားရှိနေပြီး မန်ယူနိုက်တက်ရဲ့ စီမံကိန်းနဲ့ အမှန်တကယ် သင့်လျော်ပြီး ခေါ်ယူသင့်တဲ့ ကစားသမား(၃)ဦးစာရင်းကို ဖော်ပြ ပေးလိုက်ပါတယ်။

(၁)ဗစ်တာ အိုဆင်ဟမ်။ ။အရပ် (၆)ပေ (၃)လက်မနဲ့ နာပိုလီအသင်းရဲ့ တိုက်စစ်မှူးလေး အိုဆင်ဟမ်ဟာ ဒီရာသီမှာ နာပိုလီအတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၁၈)ဂိုး သွင်းယူပေးထားပါတယ်။ အသက်(၂၃)နှစ်သာရှိနေသေးပြီးတော့ နိုင်ဂျီရီးယားသားလေးရဲ့ ခြေစွမ်းဟာ စီးရီးအေ ခံစစ်မှူးတွေအတွက် အိပ်မက်ဆိုး ဖြစ်စေပါတယ်။ ပြိုင်ဘက် ခံစစ်ကစားသမားတွေရဲ့ နောက်မှာ လျင်မြန်စွာရွေ့လျားမှုတွေ ပြုလုပ်နိုင်ပြီး အဆုံးသတ် စွမ်းရည်ပိုင်းမှာလည်း အိုဆင်ဟမ်ဟာ မြင်မားလှပါတယ်။ တန်ဟတ်လက်ထက် အသင်းကို စီမံကိန်းတွေနဲ့ ပြန်ပြင်ဆင်ဖို့ ပြင်ဆင်နေတဲ့ မန်ယူူနိုက်တက်တို့အတွက်တော့ အိုဆင်ဟမ်ဟာ မေ့ထားလို့ မရတဲ့ တိုက်စစ်မှူး တစ်ဦး အဖြစ် ရှိနေပါတယ်။

အရပ်အမောင်း မြင့်မားပြီး ကြံ့ခိုင်မှု ကောင်းမွန်တာကြောင့် တန်ဟတ်ရဲ့ ကစားကွက်မှာလည်း အံဝင်နိုင်မယ့် ကစားသမားမျိုး ဖြစ်နေတာကြောင့် မန်ယူနိုက်တက်တို့ အနေနဲ့ ခေါ်ယူသင့်တယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ ပြောင်းရွှေ့ကြေး အနေနဲ့ကတော့ ပေါင်(၇၅)သန်းလောက်အထိ ရှိနိုင်တာကြောင့် ခေါ်ယူဖို့အတွက်တော့ အဟန့်အတား ဖြစ်လာနိုင်ပါတယ်။ (၂)အနျတိုနီ ။ ။ လကျရှိ ဘရားဇီးသား တှထေဲမှာ ဆှဲမကျဖှယျ ကစားဟနျတှနေဲ့ ဖမျးစားနိုငျတဲ့ တိုကျစဈကစားသမား တဈယောကျအဖွဈ အနျတိုနီကို သကျမှတျလို့ရပါတယျ။ ဒီရာသီမှာ အေ၈ကွအြတှကြ (၂၃)ပှဲမှာ (၁၄) ဂိုး သှငျးယူပေးထားခဲ့ပွီး၊ အရေးပါတဲ့ ကစားသမားတဈယောကျ အဖွဈ ရပျတညျနိုငျခဲ့ပါတယျ။

တန်ဟတ်လက်ထက် အေဂျက်အသင်းရဲ့ တောင်ပံမှာ အထင်ကြီးလောက်စရာ ခြေစွမ်းတွေ ပြသနေခဲ့တာဖြစ်ပြီး လက်ရှိ ဈေးကွက်ထဲမှာလည်း ထိပ်တန်းအသင်းကြီးတွေရဲ့ ပစ်မှတ် ကစားသမားတစ်ယောက်အဖြစ် ရှိနေတာပဲ ဖြစ်ပါတယ်။ အသက်(၂၂)နှစ်သာရှိနေသေးပြီး၊ ကြံ့ခိုင်မှု ပိုင်းမှာတော့ အတိုးအလှုပ်တွေနဲ့ ပြိုင်ဘက် ခံစစ်မှူးတွေကို ရူးလောက်အောင် ဖမ်းစားနိုင်စွမ်း ရှိတဲ့ သူ အဖြစ် သက်မှတ်ခံထားရတဲ့ သူဖြစ်ပါတယ်။ ဘုရားဇီးသားပီပီ၊ ဘောလုံး စကေးပိုင်းကလည်း ပြောစရာမလိုအောင်ကို ကောင်းမွန်လှတဲ့ သူ ဖြစ်ပါတယ်။

လက်ရှိ မန်ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ်စာရင်းမှာ ရှိနေသလို တန်ဟတ်ကို မန်ယူနိုက်တက်ဆီ ပြောင်းရွှေ့မှု အတွက် နှုတ်ဆက် စကားပြောကြားခဲ့ရာမှာလည်း ခင်ဗျားသာ ကျွန်တော်ကို လိုအပ်တယ်ဆိုရင် ခင်ဗျားနဲ့ အတူ အမြဲတမ်း ရှိနေမှာ ခင်ဗျား သိပါတယ် ဆိုပြီး ဗီဒီယို မတ်ဆေ့တောင် ပေးပို့ထားခဲ့တာ ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေးကလည်း အေဂျက်မှာ မန်ယူနိုက်တက် ဂန္ဓဝင် ဗန်ဒါဆား ရှိနေတာကြောင့် အခြားအသင်းတွေလို ဈေးကိုင်နေမှာ မဟုတ်ပဲ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးဖွယ်ရှိနေတာကြောင့် မန်ယူနိုက်တက်တို့ဟာအန်တိုနီကို ခေါ်ယူမယ်ဆိုရင်တော့ အခြားအသင်းတွေထက် အသာရဖို့ ရှိနေတာပဲဖြစ်ပါတယ်။

(၃)ဒါဝင်နူနက်ဇ်။ ။ဘင်ဖီကာ အသင်းရဲ့ တိုက်စစ်မှူးလေး ဒါဝင်နူနက်ကတော့ ဥရောပအသင်းကြီးတွေ တိုင်းက စိတ်ဝင်စားနေကြတဲ့ တိုက်စစ်ကစားသမားလေး တစ်ဦးပဲဖြစ်ပါတယ်။ လက်ရှိ သူ့ရဲ့ ပြောင်းရွှေ့ကြေးကိုတော့ ယူရိုသန်း (၆၀)ခန့် သက်မှတ်ထားတာ ဖြစ်ပါတယ်။ ဘင်ဖီကာအတွက် ဒီရာသီမှာ (၃၈)ပွဲမှာ ဂိုးပါဝင်ပတ်သက်မှုက (၃၈) ဂိုးအထိရှိထားပြီး ဒီထဲမှာ (၃၂)ဂိုးကတော့ ကိုယ်တိုင် သွင်းယူထားခဲ့တာ ဖြစ်ပါတယ်။ အသက်(၂၂)နှစ်သာ ရှိနေသေးတဲ့ ကစားသမား တစ်ယောက်အတွက်တော့ ဒီမှတ်တမ်းက အထင်ကြီးလောက်စရာ ဖြစ်နေတာပါ။

သန်မာတဲ့ သူဖြစ်သလို သူ့ရဲ့ အမြန်နှုန်းနဲ့ အရှိန်ဟာလည်း တော်တော်လေးကို ထူးခြားကောင်းမွန်မှု ရှိပါတယ်။ ပြိုင်ဘက်ခံစစ်မှူးတွေရဲ့ နောက် ရွေ့လျားနေရာယူပုံတွေကလည်း ကောင်းမွန်မှု ရှိနေတာဖြစ်ပါတယ်။ ဒါပေမဲ့ တန်ဟတ်ရဲ့ ကစားဟန်မှာတော့ နူနက်ဇ်ရဲ့ ကစားဟန်က အံဝင်ပါ့မလားဆိုတဲ့ စိုးရိမ်စရာ အချက်တွေ ရှိနေပြီး၊ မန်ယူနိုက်တက် အနေနဲ့ ခေါ်ယူချင်တယ်ဆိုရင်တော့ ဒီအချက်ကို သတိထားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နူနက်ဇ်ဟာလက်ရှိ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး တစ်ဦး ဖြစ်လာဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတယ်ဆိုတာကိုတော့ ငြင်းလို့ မရပါဘူး။

ZAWGYI: မန်ယူနိုက်တက်တို့ရဲ့ တိုက်စစ်မှူးကြီး စီရော်နယ်ဒိုဟာ လာမယ့်ရာသီဆို အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ အသင်းအတွက် ဒီရာသီ ဂိုးတွေကို အဓိက သွင်းယူပေးနေတဲ့ တိုက်စစ်မှူးကြီးဟာ အသက်အရွယ်အရ မန်ယူနိုက်တက်ရဲ့ စီမံကိန်းတွေမှာ ပါဝင်ဖို့ မဖြစ်နိုင်တော့တာ ကြောင့် မန်ယူနိုက်တက်တို့ အနေနဲ့လည်း လူငယ်တိုက်စစ်မှူးတွေကို ဈေးကွက်ထဲမှာ ရှာဖွေလျက်ရှိနေပါတယ်။ လက်ရှိမှာ မန်ယူနိုက်တက်နဲ့ သတင်းတွေ ထွက်နေတဲ့ တိုက်စစ်မှူးစာရင်းက အများအပြားရှိနေပြီး မန်ယူနိုက်တက်ရဲ့ စီမံကိန်းနဲ့ အမှန်တကယ် သင့်လျော်ပြီး ခေါ်ယူသင့်တဲ့ ကစားသမား(၃)ဦးစာရင်းကို ဖော်ပြ ပေးလိုက်ပါတယ်။