လီဗာပူး အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ဂျေမီ ကာရေဂါ က ယူနိုက်တက် နည်းပြသစ် အဲရစ် တန်ဟတ် အနေနဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ကို ဒီနွေမှာ ရောင်းထုတ်လိုက်သင့်ကြောင်း အကြံပေး သွားခဲ့လိုက်ပါတယ် ။

ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ အသက် 37 နှစ် အရွယ်် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဒီရာသီ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ 24 ဂိုး အထိ သွင်းယူခဲ့ပြီး ယူနိုက်တက် ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်နိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ သူဟာ ဖိအားပေး တိုက်စစ်ဆင် ကစားမှုတွေ မလုပ်နိုင်ခဲ့တဲ့ အတွက် ပရိသတ်တွေနဲ့ သတင်းသုံးသပ်သူတွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပါတယ် ။ ကာရေဂါ ကတော့ ရော်နယ်ဒို ရဲ့ အကောင်းဆုံး အချိန်တွေဟာ သိပ်မရှိတော့ကြောင်း ပြောခဲ့လိုက်ပါတယ် ။

အခုတော့ Overlap နဲ့ episode မှာ ကာရေဂါ က အဲရစ် တန်ဟတ် အနေနဲ့ လီဗာပူး နည်းပြ ယာဂင် ကလော့ပ် ၊ မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ တို့ကို အတုယူပြီး ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့ လိုအပ်လိမ့်မယ်လို့ ပြောခဲ့လိုက်ပါတယ် ။

ဒီအတွက် ဂွာဒီယိုလာမှ အင်္ဂလန် လက်ရွေးစင် ဂိုးသမား ဖြစ်သူ ဂျိုးဟတ် ၊ ယာဂင် ကလော့ပ် မှ စျေးကြီးပေးပြီး ဝယ်ထားခဲ့တဲ့ ခရစ္စတီယံ ဘန်တီကီ တို့ကို ရှင်းထုတ်ခဲ့တဲ့ အဖြစ်အပျက်ကို ကာရေဂါ က ဥပမာပေး ပြောကြားသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

” ခင်ဗျားကို အခုပြောမယ် ၊ တန်ဟတ် အနေနဲ့ ရော်နယ်ဒို ကို ဒီလိုပဲ လုပ်သင့်ပါတယ် ။ သူဟာ အဲတာကို လုပ်ခွင့် ရနိုင်မလား ၊ မရနိုင်ဘူးလား ဆိုတာကိုတော့ ကျွန်တော်လည်း မသိပါဘူး ။ ကျွန်တော်ကတော့ ဒီစကားကို တစ်ရာသီလုံး ပြောခဲ့ပြီးပါပြီ ”

” ရော်နယ်ဒိုကို ပြန်ခေါ်တာက ကောင်းမွန်တဲ့ ခေါ်ယူမှု မဟုတ််ပါဘူး ။ သူက ဘောလုံး သမိုင်းကြောင်းရဲ့ အကောင််းဆုံး ကစားသမားပါ ။ ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက်် အသင်းအနေနဲ့ အသက် 38 နှစ် အရွယ် တိုက်စစ်မှူး တစ်ဦးနဲ့ တစ်ရာသီလုံး ဖြတ်သန်းလို့ မရနိုင်ပါဘူး ”

” သူ ဂိုးတွေ သွင်းယူနိုင်သေးရင်တော့ ယူနိုက်တက် အတွက်် အကောင်းဆုံး ဖြစ်ဦးမှာ မဟုတ်သေးပါဘူး ။ ရော်နယ်ဒို အသက် 37 နှစ် အရွယ်မှာ ပရီးမီးယားလိဂ် ရောက််လာပြီး မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပရီးမီးယားလိဂ် ဂိုး 20 နီးပါး သွင်းပေးတာက အံ့ဖွယ်ပါပဲ ”

” ယူနိုက်တက်တို့ တိုက်စစ်မှူး ထပ်ဝယ်ဖို့ လိုပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ အထောင်တိုက်စစ်မှာ ရော်နယ်ဒို တစ်ဦးထဲ ရှိလို့ပါပဲ ။ ဒါဆို ဘယ်သူ့ကို ခေါ်မလဲ ? ပွဲထွက် ကစားပေးမယ့်သူလား ၊ ဒါမှမဟုတ် အရံခုံ အပေါ် ထိုင်ခိုင်းစေဖို့ အတွက်လား ? ”

” အကယ်လို့ အပါတ်တိုင်း ကစားခွင့် မပေးနိုင်ရင် ရော်နယ်ဒို ဟာ နောက်ရာသီမှာ ယူနိုက်တက် အတွက် ကြီးမားလွန်းတဲ့ ပြသနာ ဖြစ်လာပါလိမ့်မယ် ။ အဲ့တာကို ဒီရာသီမှာ မြင်ခဲ့ပြီးပါပြီ ။ သူဟာ လူစားလဲခံရချိန်မှာတောင် အလိိုမကျ ဖြစ်နေခဲ့သူပါ ”

” အလုပ်မှာတော့ မန်နေဂျာက ပါဝါအရှိဆုံးသူပါ ။ ကျွန်တော််ဆိုရင်လည်း မန်နေဂျာ ဖြစ်ရင် ကြီးမားတဲ့ ဆုံးဖြတ်ချက််တွေကို အခြားသော နည်းပြကြီးတွေလို ချမှတ်သွားမှာပါပဲ ။ အခြားသူတွေ ဒါမျိုးလုပ်တာ မြင်ခဲ့ပြီးပါပြီ ” လို့ ကာရေဂါ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။