မန်ယူနိုက်တက် ဂန္ဓဝင် တိုက်စစ်ကစားသမား ကြီး စီရော်နယ်ဒိုဟာ ဆောဒီအာရေဗျမှာ လာရောက်ကစားဖို့အတွက် တော်တော်လေး ကြီးမားလှတဲ့ ကမ်းလှမ်းမှုမျိုးတွေနဲ့ ကမ်းလှမ်းမှု တစ်ခုကို ရရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြသွားခဲ့ပါတယ်။ ပေါ်တူဂီကနေ လာတဲ့ သတင်းတွေအရ စီရော်နယ်ဒိုကို အရှေ့အလယ်ပိုင်း ဒေသကို အခြေပြုထားတဲ့ ဆော်ဒီအာရေဗျနိုင်ငံက အမည်မသိရသေးတဲ့ ကလပ်တစ်ခုဟာ စီရော်နယ်ဒိုကို ယူရိုသန်း(၃၀)နဲ့ မန်ယူ အသင်းထံ ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

ယူရို သန်း(၃၀)ဆိုတဲ့ ပမာဏဟာ ဂျုဗင်တပ်ကနေ ပြီးခဲ့တဲ့ နွေရာသီတုန်းက ပြန်လည်ခေါ်ယူခဲ့စဉ်က မန်ယူနိုက်တက်တို့ ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးထက် ပိုမိုများပြားတဲ့ ပြောင်းရွှေ့ကြေး ပမာဏတစ်ခုလည်းပဲ ဖြစ်ပါတယ်။ စီရော်နယ်ဒို အနေနဲ့ အပြောင်းအရွှေ့ကို သဘောတူညီခဲ့မယ်ဆိုရင် အဆိုပါ ဆော်ဒီအာရေဗျ ကလပ်အသင်းမှာ တစ်နှစ်လုပ်ခလစာ ပေါင် (၁၀၅)သန်း အထိ ရရှိသွားမှာ ဖြစ်ပြီး (၂)နှစ်လုပ်ခလစာ အတွက် ပေါင် သန်း (၂၁၀) အထိ ရရှိသွားမှာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

အဆိုပါ လုပ်ခလစာပမာဏကို ဆော်ဒီနိုင်ငံရဲ့ ချမ်းသာလှတဲ့ ဘောလုံး ကလပ်တစ်ခုက ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး၊ အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့မယ်ဆိုရင် စီရော်နယ်ဒိုရဲ့ အေးဂျင့် အနေနဲ့လည်း အေးဂျင့်ခအဖြစ် ပေါင်သန်း (၂၀) အထိတောင် ရရှိဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ လတုန်းက သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရှိလာခဲ့မယ်ဆိုရင် အသင်းကနေ ထွက်ခွာခွင့် ပြုပေးဖို့ တောင်းဆိုထားခဲ့တာ ဖြစ်ပြီး၊ အသင်းပရိသတ်တွေကြားမှာလည်း တော်တော်လေးတော့ ဂယက်ထခဲ့တာ ဖြစ်ပါတယ်။

အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ တောင်းဆိုပြီးကတည်းက မိသားစုကိစ္စဆိုတဲ့ အကြောင်းပြချက်နဲ့ စီရော်နယ်ဒိုဟာ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို လာရောက်ပူးပေါင်းခဲ့ ခြင်းမရှိသလို ရာသီကြို ခြေစမ်းခရီးစဉ်တွေကိုလည်း လိုက်ပါလာခဲ့ခြင်း မရှိခဲ့ပါဘူး။ စီရော်နယ်ဒို အနေနဲ့ အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုထားခဲ့ပေမဲ့ မန်ယူနိုက်တက်ဘက်ကတော့ စီရော်နယ်ဒိုကို ရောင်းချဖို့ အစီစဉ် မရှိဘူး ဖြစ်နေတာပါ။ နည်းပြသစ် တန်ဟတ်ကိုယ်တိုင်က စီရော်နယ်ဒိုဟာ လာမယ့်ရာသီ သူ့ရဲ့ အစီအစဉ်တွေထဲမှာ ပါနေတယ်ဆိုပြီး ပြောကြားထားခဲ့တာပါ။

တန်ဟတ်က ” ရာသီသစ်မှာ စီရော်နယ်ဒို အတွက် ကျွန်တော်တို့မှာ အစီအစဉ်တွေ ရှိနေပါတယ်၊ ဒါပါပဲ၊ ကျွန်တော်တို့ သူနဲ့ အလုပ်တွဲလုပ်ဖို့ မျှော်လင့်ထားပါတယ်၊ ကျွန်တော် သတင်းတွေ ဖတ်ရပါတယ်၊ ဒါပေမဲ့ စီရော်နယ်ဒိုက ရောင်းဖို့ မဟုတ်ပါဘူး၊ သူက ကျွန်တော်တို့ရဲ့ အစီအစဉ်တွေထဲမှာ ပါနေပါတယ်၊ သူနဲ့ အတူတူ အောင်မြင်မှုတွေကို ကျွန်တော်လိုချင်ပါတယ်၊ အခုထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့ သတင်းတွေ မတိုင်ခင် ကျွန်တော် သူနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်၊

သူနဲ့ စကားတွေ အများကြီးပြောခဲ့ပြီးတော့ ကောင်းမွန်တဲ့ ပြောဆိုမှုတွေရှိခဲ့ပါတယ်၊ ဒါက စီရော်နယ်ဒိုနဲ့ ကျွန်တော့်ကြားမှာ ရှိနေခဲ့တဲ့ အရာပါပဲ၊ သူနဲ့ ကျွန်တော့်ကြားမှာ တကယ့်ကို ကောင်းမွန်တဲ့ စကားပြောဆိုမှုတွေ ရှိထားပါတယ် ” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက မန်ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၂၄)ဂိုးနဲ့ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား တစ်ယောက် ဖြစ်ခဲ့ပြီး အဆိုပါ (၂၄)ဂိုးထဲမှာ ပရီးမီးယားလိဂ် သွင်းဂိုး (၁၈)ဂိုး အထိ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် သွင်းဂိုး (၁၈)ဂိုးနဲ့ စီရော်နယ်ဒိုဟာ ဆွန်ဟောင်မင်နဲ့ ဆာလက်တို့နောက် ပရီးမီးယားလိဂ်မှာ တတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သလို ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံး ဆုအတွက်လည်း ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ လာမယ့်ရာသီမှာတော့ စီရော်နယ်ဒိုတစ်ယောက် မန်ယူနိုက်တက်မှာ ဆက်ရှိနေဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းတဲ့ အခြေအနေတစ်ခုမှာ ရှိနေခဲ့ပြီလို့ ဆိုသွားရမှာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ မန်ယူနိုက်တက်တို့ဟာ ရာသီကြိုခြေစမ်းပွဲ ဒုတိယမြောက် ပွဲစဉ်ကို ကစားဖို့အတွက် ထိုင်းနိုင်ငံကနေ သြစေးလျားနိုင်ငံဆီ ရောက်ရှိနေပြီ ဖြစ်ကာ မနက်ဖြန်ညနေ မြန်မာစံတော်ချိန် (၄)နာရီခွဲ အချိန်မှာ မဲဘုန်းဗစ်တိုရီအသင်းနဲ့ ရင်ဆိုင်ကစားသွားမှာ ဖြစ်ပါတယ်။ ဆိုတော့ကာ စီရော်နယ်ဒိုတစ်ယောက် နှစ်ရာသီ ကစားပြီး လစာမျိုးမျိုးမြတ်မြတ် ရရှိမယ့် ဆော်ဒီကလပ်ကိုပဲ ပြောင်းမလား၊ အောင်မြင်မှုတွေ ရရှိဖို့အတွက် ချန်ပီယံလိဂ် ကစားခွင့်ရမယ့် ဥရောပ ထိပ်တန်း ကလပ် အသင်းတစ်သင်းဆီကိုပဲ ပြောင်းမလားဆိုတာကတော့ စိတ်ဝင်စားစရာ ဖြစ်နေတာပါ။

ZAWGYI: မန်ယူနိုက်တက် ဂန္ဓဝင် တိုက်စစ်ကစားသမား ကြီး စီရော်နယ်ဒိုဟာ ဆောဒီအာရေဗျမှာ လာရောက်ကစားဖို့အတွက် တော်တော်လေး ကြီးမားလှတဲ့ ကမ်းလှမ်းမှုမျိုးတွေနဲ့ ကမ်းလှမ်းမှု တစ်ခုကို ရရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြသွားခဲ့ပါတယ်။ ပေါ်တူဂီကနေ လာတဲ့ သတင်းတွေအရ စီရော်နယ်ဒိုကို အရှေ့အလယ်ပိုင်း ဒေသကို အခြေပြုထားတဲ့ ဆော်ဒီအာရေဗျနိုင်ငံက အမည်မသိရသေးတဲ့ ကလပ်တစ်ခုဟာ စီရော်နယ်ဒိုကို ယူရိုသန်း(၃၀)နဲ့ မန်ယူ အသင်းထံ ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။