ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ စပိန်ကနေ ထွက်ခွာလာပြီးနောက် ဂိုးတွေ အများကြီး သွင်းယူနိုင်ခဲ့တာ မှန်ပေမယ့်၊ ဒီလို သွင်းဂိုးတွေ အတွက်နဲ့တော့ ဥရောပ ထိပ်သီး အသင်းတွေက ရော်နယ်လ်ဒို ခေါ်ယူဖို့ အစီအစဉ်ရှိမှာ မဟုတ်ဘူးလို့ အချို့က ယူဆနေကြပါတယ်။ ရော်နယ်လ်ဒိုဟာ ယခုနှစ် နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာချင်ကြောင်း အသင်းထံ တောင်းဆိုမှု ပြုလုပ်ထားပြီး သူ့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတခု ရှိလာခဲ့ရင် ချန်ပီယံလိဂ် ပြိုင်ပွဲ ကစားခွင့်ရမယ့် အသင်းတသင်းထံ ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။

ဒီပေါ်တူဂီသား တိုက်စစ်မှူးဟာ ရီးရဲလ်မက်ဒရစ် အသင်းကနေ ထွက်ခွာလာပြီးနောက် ဂျူဗင်တပ်စ် အသင်းမှာ ကစားခဲ့တဲ့ ဘောလုံးရာသီ ၃ခုအတွင်း ပြိုင်ပွဲစုံ ၁၃၄ပွဲကစားကာ ၁၀၁ဂိုးအထိ သွင်းယူ နိုင်ခဲ့ပေမယ့်၊ အဆိုပါ ကာလအတွင်း ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အောင်မြင်မှု ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါ့အပြင် ဂျူဗင်တပ်စ် အသင်းဟာ ရော်နယ်လ်ဒိုလို ဂိုးသွင်းစွမ်းရည် ကောင်းမွန်တဲ့ ကစားသမားကို ပိုင်ဆိုင်ထားချိန်မှာတောင် ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် စီးရီးအေ အမှတ်ပေး ချန်ပီယံဆုကို လက်လွှတ်ခဲ့ရတာ တွေ့ရပါတယ်။

ရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ် အသင်းကနေ ထွက်ခွာလာပြီးနောက် ပရီးမီးယားလိဂ်ကို ပြန်ရောက်လာချိန် ကတည်းက မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ ၂၄ဂိုးအထိ သွင်းယူ ပေးနိုင်ခဲ့ပေမယ့်၊ အဆင့်၆နေရာထက် ပိုကောင်းအောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ သူဟာ ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပါဝင် ကစားခွင့်မရမယ့် အခြေအနေကို စိတ်ပျက်နေခဲ့ပြီး၊ ဒီနွေရာသီမှာ အိုးလ်ထရက်ဖို့ကနေ ထွက်ခွာဖို့ ကြိုးစားနေတာကြောင့် သရဲနီတို့ရဲ့ ရာသီကြို ခြေစမ်းပွဲ အချို့မှာ ပါဝင်ခဲ့ခြင်း မရှိပဲ ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။

ဒီလို ဝေဖန်သူတွေထဲမှာ ဂျင်မီကာရေဂါလည်း ပါဝင်နေပါတယ်။ ရော်နယ်လ်ဒို တယောက် အိုးလ်ထရက်ဖို့ဒ် အပြန်ခရီးရဲ့ နောက်ကွယ်မှာ ထင်သလောက် မရိုးရှင်းဘူးလို့ ကာရေဂါက သုံးသပ်ထားပြီး၊ ယုတ္တိမရှိဘူးလို့ ယူဆကြောင်း အခုလို ရှင်းပြသွားခဲ့ပါတယ်။ “မန်ချက်စတာ ယူနိုက်တက် အသင်းက ရော်နယ်လ်ဒိုကို ပြန်ခေါ်ခဲ့တာနဲ့ ပတ်သက်ပြီး အရမ်း ထူးဆန်းတယ်လို့ ကျွန်တော် အမြဲတမ်း တွေးနေမိခဲ့တာပါ။ သူက အသင်းအတွက် လက်ရှိထက် ပိုကောင်းအောင် လုပ်ပေးနိုင်ခဲ့ရင်တောင်၊ အခုလို အခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ခံစားမိနေပါတယ်။”

“သူက မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ၂နှစ်သက်တမ်းရှိတဲ့ စာချုပ်အပြင် နောက်ထပ်၁နှစ် သက်တမ်းတိုးခွင့် ပါဝင်တဲ့ သဘောတူညီမှုနဲ့ စာချုပ်ချုပ်ခဲ့တာကို ကျွန်တော် မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ သူက ဘယ်လို ကစားသမားမျိုးရဲ့ အရံအနေနဲ့မှ ကစားချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကစားသမား တယောက် အနေနဲ့ သူ့ရဲ့ ကစားသမား ဘဝမှာ အရင်ကလို တူညီတဲ့ အဆင့်မျိုး ရှိမနေတော့ဘူး ဆိုတာကို ကျွန်တော်တို့ အားလုံး သိထားကြသလို သူကိုယ်တိုင်လည်း လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။”

“သူက အရမ်းတော်တဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမား တယောက်ဖြစ်ပြီး၊ သူ့ရဲ့ ကစားသမားဘဝ သက်တမ်းကလည်း တော်တော်လေး ကြာခဲ့ပါပြီ။ နောက်ပြီး သူက ၃၈နှစ်ထဲကို ရောက်လာပြီဖြစ်လို့ အရင်ကနဲ့ မတူတော့ဘူးလေ။ ရော်နယ်လ်ဒိုက အခုအချိန်ထိ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူး တယောက် အနေနဲ့ ရှိနေဆဲ ဖြစ်ပေမယ့်၊ ငယ်ရွယ်စဉ်က အခြေအနေနဲ့ မတူတော့ပါဘူး။ ဒီအချိန်မှာ ဥရောပရဲ့ ထိပ်သီး အသင်းတွေက သူ့ကို မခေါ်ချင်တော့ဘူး ဆိုတာ ယုံကြည်တယ်။ ကျွန်တော်ထင်တာက မှားရင်လည်း မှားသွားနိုင်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကလည်း သူ့ကို ရောင်းထုတ်နိုင်ဖို့ မမြင်မိပါဘူး။ နောက်ပြီး အဲရစ်တန်းဟဂ်ကိုယ်တိုင်က ရော်နယ်လ်ဒိုကို မလိုချင်ဘူးလို့ ထင်နေမိတယ်။ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဝတ်လဲခန်းထဲက ကစားသမားတိုင်း အခုချိန်မှာ ရော်နယ်လ်ဒိုကို ရှိနေစေချင်မလား ဆိုတာ မသေချာပါဘူး။”

ZAWGYI: ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ စပိန်ကနေ ထွက်ခွာလာပြီးနောက် ဂိုးတွေ အများကြီး သွင်းယူနိုင်ခဲ့တာ မှန်ပေမယ့်၊ ဒီလို သွင်းဂိုးတွေ အတွက်နဲ့တော့ ဥရောပ ထိပ်သီး အသင်းတွေက ရော်နယ်လ်ဒို ခေါ်ယူဖို့ အစီအစဉ်ရှိမှာ မဟုတ်ဘူးလို့ အချို့က ယူဆနေကြပါတယ်။ ရော်နယ်လ်ဒိုဟာ ယခုနှစ် နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာချင်ကြောင်း အသင်းထံ တောင်းဆိုမှု ပြုလုပ်ထားပြီး သူ့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတခု ရှိလာခဲ့ရင် ချန်ပီယံလိဂ် ပြိုင်ပွဲ ကစားခွင့်ရမယ့် အသင်းတသင်းထံ ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။