မန်ချက်စတာယူနိုက်တက် အသင်းကတော့ ခရစ်စတီယာနိုရော်နယ်ဒိုထက် ပြသနာတွေ ရင်ဆိုင်နေရပြီး စူပါစတား တိုက်စစ်မှူးကို ရောင်းချဖို့ကို တွေးတောင်မတွေး သင့်ဘူးလို့ သရဲနီ ဂန္ဓဝင် ရွိုင်းကိန်းက ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ဟာ တနင်္လါနေ့က ကစားခဲ့တဲ့ ယခု ပရီးမီးယားလိဂ်ရာသီ သူတို့ရဲ့ နောက်ဆုံး အိမ်ကွင်းပွဲစဥ်မှာ ဘရန်းဖို့ကို ၃ ဂိုး ပြတ် အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါ ပွဲစဥ်မှာ ရော်နယ်ဒိုဟာ ပွဲစဥ်အတွင်း အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။

ပေါ်တူဂီသားဟာ အိုးထရက်ဖို့မှာ ဒုတိယပိုင်း ပင်နယ်တီကို ကန်သွင်းခဲ့ပြီး ယခုနှစ် ရာသီရဲ့ ၁၈ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ သူ့ထက် သာတဲ့ ကစားသမားကတော့ ဆာလတ် (၂၃ ဂိုး) နဲ့ ဆွန်ဟောင်မင် (၁၉ ဂိုး) သာရှိပါတယ်။ ဂျူဗင်တပ်ကနေ ပြောင်းရွှေ့လာကတည်းက ဂိုးပေါက်ရှေ့မှာ အကောင်းဆုံး စွမ်းဆောင်ထားနိုင်ပေမဲ့ ယာယီနည်းပြ ရန်းနစ်ရဲ့ ဖိအားပေး ကစားတဲ့ နည်းစနစ်မှာ ရော်နယ်ဒိုက ကိုက်ညီမှု ရှိပါ့မလားဆိုတဲ့ သံသယ ရှိသူတွေတော့ အများကြီး ရှိနေခဲ့ပါတယ်။ ပြီးတော့ အသစ်ရောက်ရှိလာမဲ့ အဲရစ်တန်ဟက်ရဲ့ ကစားကွက်မှာရော ကိုက်ညီမှု ရှိပါ့မလားဆိုပြီး သံသယရှိ နေကြတာပါ။

ရော်နယ်ဒိုက ၃၇ နှစ်ရှိပြီ ဆိုတာကို ထည့်တွေးရမယ်ဆိုရင် ဘောလုံး ဝေဖန်သူတွေကြားမှာတော့ သူတို့ရဲ့ ကြယ်ပွင့် ကစားသမားကို ပြောင်းရွှေ့ခွင့်ပေးပြီး လူငယ်တိုက်စစ်မှူး ခေါ်ယူစေလိုတဲ့ အတွေးတွေ အများကြီး ရှိနေပါပြီ။ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်းကိန်းကတော့ ဒီအဆိုကို လက်မခံခဲ့ပါဘူး။ အဲဒီအစား သူ့ကို ထောက်ပံပေးနိုင်မဲ့ အခြားသော တိုက်စစ် ကစားသမား အပေါ်မှာသာ အသင်းက ရင်းနှီးဖို့ လိုအပ်ကြောင်း အကြံပြုခဲ့ပါတယ်။

တနင်္လါနေ့ည စကိုင်းစပေါ့မှာ ကိန်းက ” ရော်နယ်ဒိုကို ခေါ်ယူတာဟာ ပရိတ်သတ်တွေ ၊ ရှယ်ယာရှင်တွေအတွက် ရေတိုပါ။ ဒါပေမဲ့ သူက ဂိုးတွေ သွင်းယူနေဆဲပါပဲ​။ ယူနိုက်တက်က ရော်နယ်ဒိုထက် အခြားပိုကြီးတဲ့ ပြသနာတွေ ရှိနေတာပါ။ သူရရှိခဲ့တဲ့ သွင်းဂိုးတွေ ၊ သူ့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သတ်ပြီး ကျွန်တော် တွေးကြည့်တဲ့အခါ အသင်းမှာ ဆက်လက်ရှိနေစေချင်ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ကတော့ သူ့ဘေးမှာ အကောင်းဆုံး ပံ့ပိုးပေးနိုင်မဲ့ ကစားသမားတွေ လိုပါတယ်။ သူတို့ နောက်ထပ် တိုက်စစ်မှူးတွေ ခေါ်ယူရမှာပါ။ ပြီးတော့ နေရာတစ်ခုအတွက်လည်း ပြိုင်ဆိုင်မှုတွေ ရှိသင့်ပါတယ်။ ”

” ခင်ဗျားတို့ မှီခိုနေရတဲ့ ဂိုးသွင်းရှင်ဟာ အသက် ၃၇ နှစ်ဆိုရင်တော့ ဒါဟာ အရမ်းကောင်းမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ ရော်နယ်ဒိုဆိုရင် ထောက်ခံပါတယ်။ ခင်ဗျားတို့ ကစားမဲ့ ပုံစံနဲ့ ပါတ်သတ်ပြီး တစ်ပတ်ပြီးတစ်ပတ် ကစားရမှာ မဟုတ်ဘူးလို့ ပြောဆိုမှုတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုဂိုးတွေ အများကြီးသွင်းတဲ့ ကစားသမားကို ဘာလို့ ချန်လှပ်မှာလဲ? အဲဒီမှာ ယုတ္တိမရှိတာပဲ။ ” လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကိန်းကတော့ ရော်နယ်ဒိုဟာ သူ့အသက်အရွယ် ကြီးမြင့်လာတာကြောင့် ပုံမှန်ပွဲထွက်ခွင့် မရရှိတဲ့အချိန် ရင့်ကျက်ရမယ် ဆိုတာကိုတော့ လက်ခံခဲ့ပါတယ်။

ကိန်းက ဆက်လက်ပြီး ” ထိပ်သီး နည်းပြတစ်ယောက် ရောက်ရှိလာပြီး သူနဲ့ ပတ်သတ်လို့ စကားပြောဆိုရမယ်လို့ ထင်ပါတယ်။ “အဲဒီနေရာမှာတော့ ရော်နယ်ဒိုဟာ ကိုရင့်ကျက်ပြီး ပိုကောင်းတဲ့ ခေါင်းဆောင်ဖြစ်ဖို့ လိုပါတယ်။ ခင်ဗျားတို့ ချန်လှပ်ခံရချိန် စိတ်ပျက်မှာကတော့ အမှန်ပဲပေါ့။ ဒါပေမဲ့ အဲဒါကိုတော့ နှစ်ရက်လောက် ထိန်းမထားပါနဲ့။ ရော်နယ်ဒိုက ပိုပြီး ကြီးမားတဲ့ ပုံရိပ်တွေကို ကြည့်သင့်ပါတယ်။ ခင်ဗျားတို့ ထပ်သီး နည်းပြနဲ့ စကားတွေပြောတဲ့အခါ သည်းမခံနိုင်တဲ့သူကို ရှင်းအောင်ပြောပါ။ ”

” သူက ဒါကို လက်မခံရင် ‘ မင်းက ငါ့ရဲ့ အစီအစဥ်တွေထဲမှာ မပါဘူး ‘ လို့ ပြောလိုက်ပါ။ သူဟာ ပွဲတိုင်းရဲ့ မိနစ်တိုင်းကို ကစားရမယ်လို့ တွေ့ထားရင်တော့ သူ့အသက်အရွယ်မှာ ဒါဟာ အမှိုက်တစ်ခုလို ဖြစ်နေမှာပါ။ ” လို့ ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ အသင်းဖော် ရက်ရှ်ဖို့က နောက်ထပ် အိုးထရက်ဖို့မှာ အနာဂတ်မသေချာတဲ့ ကစားသမားပါ။ အင်္ဂလန်သားဟာ ယခုနှစ် ပရီးမီးယားလိဂ် သွင်းဂိုး လေးဂိုးသာ ရရှိထားပါတယ်။ ယူနိုက်တက်ဟာ နောက်ရာသီ ချန်ပီယံလိဂ်နဲ့ လွဲချော်သွားဖို့ သေချာနေပြီး တန်ဟက်ရဲ့ လက်အောက် ပြန်လည် တည်ဆောက်မှုမတိုင်ခင် အိုးထရက်ဖို့ကနေ ထွက်ခွာတော့မဲ့ ကစားသမားတွေထဲက တစ်ယောက်အဖြစ် ကောလဟာလတွေ ထွက်ပေါ်နေပါတယ်။

ဘရန်းဖို့နဲ့ ပွဲစဥ်မှာ အီလန်ဂါ ၊ မာတာတို့ကို ရွေးချယ်ခဲ့တာကြောင့် ကိန်းကတော့ ရက်ရှ်ဖို့ဟာ အိုးထရက်ဖို့မှာ အောင်မြင်မှုတွေ ဆာလောင်နေဆဲ မဟုတ်ဘူးလားလို့ မေခွန်းထုတ်ခဲ့ပါတယ်။ ကိန်းက ” ဒါဟာ ယုံကြည်မှု အပေါ်မှာ မူတည်တာ ဖြစ်ပါစေ ၊ ကျွန်တော်တို့ သူ့ရဲ့ အရည်အချင်းကို အရင်က မြင်ခဲ့ရပြီးပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ ဒါကို မမြင်ရတာ နှစ်နှစ်လောက် ရှိပါပြီ။ ရက်ရှ်ဖို့ဟာ အခုဆို နှစ်အနည်းငယ် ကြာနေပါပြီ။ သူ့မှာ အတွေ့အကြုံရှိပြီး နိုင်ငံတကာ ပွဲစဥ်တွေကိုလည်း ကစားနေတာပါ။ ဒါပေမဲ့ သူက ရင့်ကျက်တဲ့ ပုံတော့မပေါ်ပါဘူး။”

“သူ လီဗာပူးနဲ့ ပွဲစဥ်မှာ ကွင်းလယ်အထိ ဆော့ခဲ့ပြီး ပြီးခဲ့တဲ့ ပွဲအနည်းငယ်မှာလည်း ကျွန်တော်တို့ မြင်ခဲ့ရပါတယ်။ သူက ကလေးလို ကစားနေတာလို့တောင် ​ကျွန်တော် ပြောခဲ့ပါသေးတယ်။ ဒါဟာ သူက ပွဲစဥ်ကနေ မသင်ယူတာပါ။ သူက အဲဒါနဲ့ မျောနေတာပါ။ သူက ပွဲဆာလောင်တာတွေ ပျောက်ဆုံးခဲ့တယ်။ ဒီ လူငယ်ကစားသမားတွေဟာ ပိုက်ဆံအများကြီး ရရှိပြီး သူတို့ကို ကံကောင်းစေပေမဲ့ သူ့ရဲ့ ပုံစံကောင်း ပျောက်ဆုံးခဲ့ပြီး ပြန်လည်ရှာဖွေနိုင်ဖို့ ရုန်းကန်နေရတာပါ။ ယူနိုက်တက်က ရှေ့ဆက်နေတိုင်း ရက်ရှ်ဖို့ကတော့ နောက်မှာ ကျန်နေခဲ့တာပါ။ ”

” သူ ဒီနေ့ညမှာလည်း နောက်ကျကျန်ခဲ့ပြန်တာကြောင့် ကျွန်တော့်အတွက် မှားသွားပြီလား? သူ အရင်က လုပ်ပြနိုင်ခဲ့ပေမဲ့ ဆုံးရှုံးသွားတဲ့အခါ ပြန်ရနိုင်ဖို့ ခက်ပါတယ်။ သူ့ရဲ့ ဆာလောင်မှုကို ပွဲစဥ်တွေအတွင်း ပြန်လည်ထည့်သွင်းပြီး အီလန်ဂါကို ဒီနေ့မြင်ခဲ့ရသလို ကြိုးပမ်းရမှာပါ။ ရက်ရှ်ဖို့ဟာ ကစားသမားတစ်ယောက်အတွက် ကြီးမားတဲ့ စိတ်ကို ဆုံးရှုံးခဲ့ရတာပါ။ သူက အရည်အချင်းရှိပေမဲ့ အဲလိုစိတ်ဓာတ်ကို မတွေ့မိပါဘူး။ ” လို့ ပြောဆိုခဲ့ပါတယ်။