အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါမာဆွန်က ချဲလ်ဆီး အသင်းဟာ ရော်နယ်ဒိုကို ခေါ်ယူခြင်းကနေ အကျိုးရလဒ်တွေ ရရှိနိုင်မယ်လို့ ယူဆထားပါတယ်။ သင့်တော်တဲ့ ကမ်းလှမ်းမှုသာ ရှိလာရင် ပေါ်တူဂီသားဟာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ အဆင်သင့်ပါပဲ။ ပြီးတော့ သူဟာ ချန်ပီယံလိဂ်မှာလည်း ကစားချင်သေးတာကြောင့်ပါ။ မက်ဒရစ် ကစားသမားဟောင်းဟာ ပြီးခဲ့တဲ့ရာသီက အိုးထရက်ဖို့ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး ပရီးမီးယားလိဂ် ၁၈ ဂိုး အပါအဝင် ပြိုင်ပွဲစုံမှာ ၂၄ ဂိုး သွင်းယူထားပါတယ်။ ဒီလို ဆိုပေမဲ့ သရဲနီတို့ဟာ သမိုင်းတစ်လျောက် အဆိုးဝါးဆုံးသော ရာသီကို ကြုံတွေ့ခဲ့ရပါတယ်။ သူတို့ဟာ အဆင့် ၆ နေရာမှာ ပြီးခဲ့ပြီး နောက်ရာသီ ယူရိုပါလိဂ်မှာ ကစားရမှာပါ။

ရော်နယ်ဒိုဟာ သူ့ရဲ့ အစီအစဥ်မှာ ပါဝင်တယ်လို့ နည်းပြအသစ် တန်ဟက်က ပြောဆိုခဲ့ပေမဲ့ ၃၇ နှစ်အရွယ် ကစားသမားဟာ အသင်းရဲ့ တက်ကြွမှု ပျောက်ဆုံးနေတဲ့အပေါ် စိုးရိမ်နေပြီး ထိပ်သီးနေရာအတွက် ယှဥ်ပြိုင်ဖို့ သူတို့ရဲ့ စွမ်းဆောင်ရည်ကို မယုံကြည ဖြစ်နေတာပါ။ ချဲလ်ဆီး အသင်းကတော့ ပေါ်တူဂီသားကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲက တစ်သင်းပါ။ ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ရာသီက အဆင့် ၃ နေရာနဲ့ ပြီးဆုံးခဲ့ပြီး အားထားရတဲ့ တိုက်စစ်မှူးနဲ့အတူ သူတို့ရဲ့ တိုက်စစ်ကို အားဖြည့်ဖို့ မျှော်လင့်ထားပါတယ်။ လူကာကူက အင်တာမီလန်ကို အငှားနဲ့ ပြန်လည်ရောက်တာနဲ့အတူ ဝါနာကလည်း လိုက်ပ်ဇစ်က ခြေစွမ်းမျိုး မပိုင်ဆိုင်တော့ပါဘူး။

ဒါ့ကြောင့် ချဲလ်ဆီး အသင်းကတော့ တိုက်စစ်မှူး အသစ်ကို ရှာဖွေနေတာပါ။ မာဆွန်က ရော်နယ်ဒိုဟာ ချဲလ်ဆီးအတွက် ကောင်းမွန်တဲ့ ခေါ်ယူမှုပါလို့ ပြောဆိုခဲ့ပါတယ်။ သူက စကိုင်းစပေါ့မှာ ” ဒီလိုသာ ဖြစ်မယ်ဆိုရင် ရော်နယ်ဒိုက ထွက်ခွာဖို့ ကြိုးစားမယ်လို့ ထင်ပါတယ်။ သူက ချန်ပီယံလိဂ်မှာ ကစားချင်တယ်လို့ ကျွန်တော်တို့ ကြားထားပါတယ်။ ဒါကြောင့် ဒါဟာ ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။ သူသာ ချဲလ်ဆီးကို သွားမယ်ဆိုရင် ၂ဖက်လုံးအတွက် အကျိုးရှိမှာပါ။ ဒါဟာ မကြာခင်မှာ ဖြစ်လာလိမ့်မယ်လို့လည်း ထင်ပါတယ်။ ရာသီစတင်ဖို့ကလည်း ၄ ၊ ၅ ပတ်လောက် လိုပါသေးတယ်။ ” လို့ ရေးသားခဲ့ပါတယ်။ ၅၄ နှစ်အရွယ် ကစားသမားဟောင်းဟာ ယူနိုက်တက်ဟာ အဆင့် ၄ အတွင်း မဝင်တာကို တွေးရမယ်ဆိုရင် ရော်နယ်ဒိုဟာ အသင်းက ထွက်ခွာမယ်လို့ ယူဆထားပါတယ်။

သူက ဆက်လက်ပြီး ” ယူနိုက်တက်က ချန်ပီယံလိဂ် မဝင်ရောက်နိုင်ခဲ့တာ ကြာပါပြီ။ ဘာကြောင့် အညွန့်ချိုးခံလိုက်ရလဲဆိုတာ ကျွန်တော် မသိတော့ပါဘူး။ ကျွန်တော်သာ ယူနိုက်တက် ပရိတ်သတ်ဆိုရင် အနည်းငယ်တော့ စိတ်ပျက်မိမှာပါ။ ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ရော်နယ်ဒို အပြင် သူတို့ စိတ်ဝင်စားနေတဲ့ နောက်ထပ် တိုက်စစ်မှူးကတော့ စီးတီးရဲ့ စတာလင်ပါ။ နောက်ဆုံးရ သတင်းများအရ ချဲလ်ဆီးဟာ မန်စီးတီး တောင်ပံကစားသမား ရာဟင် စတာလင်ကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သိရပါတယ်။ ချဲလ်ဆီးအသင်းကတော့ လာမယ့် စနေနေ့မှာ LA ကိုထွက်ခွာမယ့် ရာသီကြိုခြေစမ်းခရီးစဉ်မတိုင်ခင်မှာ သူ့ရဲ့အပြောင်းအရွှေ့ကို အပြီးသတ်ချင်နေတာပါ။

အစောပိုင်းမှာတော့ ပေါင် ၄၅ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် အခုတော့ပေါင်သန်း ၅၀ အထိ ပေးရမယ်လို့ ဆိုပါတယ်။ ဒါဟာ စတာလင်အတွက် မန်စီးတီးက လီဗာပူးလ်ကို ပေးခဲ့ရတဲ့ပြောင်းရွှေ့ကြေးနဲ့ ထပ်တူညီပါပဲ။ ချဲလ်ဆီးနည်းပြ တူချယ်က စတာလင်ကို အမေရိကခြေစမ်းခရီးစဉ်မှာ လိုက်ပါစေလိုတာကြောင့် အပြောင်းအရွှေ့ဟာ ရက်ပိုင်းအတွင်း ပြီးမြောက်သွားဖွယ် ရှိနေပါတယ်။ အင်္ဂလန် လက်ရွေးစင်ဟာ စီးတီး ဂျာစီနဲ့ သွင်းဂိုး ၁၀၀ ကျော် သွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ZAWGYI: အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါမာဆွန်က ချဲလ်ဆီး အသင်းဟာ ရော်နယ်ဒိုကို ခေါ်ယူခြင်းကနေ အကျိုးရလဒ်တွေ ရရှိနိုင်မယ်လို့ ယူဆထားပါတယ်။ သင့်တော်တဲ့ ကမ်းလှမ်းမှုသာ ရှိလာရင် ပေါ်တူဂီသားဟာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ အဆင်သင့်ပါပဲ။ ပြီးတော့ သူဟာ ချန်ပီယံလိဂ်မှာလည်း ကစားချင်သေးတာကြောင့်ပါ။ မက်ဒရစ် ကစားသမားဟောင်းဟာ ပြီးခဲ့တဲ့ရာသီက အိုးထရက်ဖို့ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး ပရီးမီးယားလိဂ် ၁၈ ဂိုး အပါအဝင် ပြိုင်ပွဲစုံမှာ ၂၄ ဂိုး သွင်းယူထားပါတယ်။ ဒီလို ဆိုပေမဲ့ သရဲနီတို့ဟာ သမိုင်းတစ်လျောက် အဆိုးဝါးဆုံးသော ရာသီကို ကြုံတွေ့ခဲ့ရပါတယ်။ သူတို့ဟာ အဆင့် ၆ နေရာမှာ ပြီးခဲ့ပြီး နောက်ရာသီ ယူရိုပါလိဂ်မှာ ကစားရမှာပါ။