မနေ့ညက ကစားသွားခဲ့ကြတဲ့ ပီအက်စ်ဂျီနဲ့ ထရိုရက်စ်တို့ရဲ့ ပွဲစဉ်မှာ တစ်ဖက် (၂)ဂိုးစီနဲ့ သရေကျပြီးဆုံးသွားခဲ့ပါတယ်။ အမှတ်ပေးချန်ပီယံဆုကို ရရှိခဲ့ပြီးဖြစ်လို့ အမှတ်မလိုတော့တဲ့ ပီအက်စ်ဂျီတို့ဟာ ထရိုရက်စ်ကို ဦးဆောင်ဂိုးတွေ ရယူပြီးမှ ခြေပဂိုးတွေ ပြန်ပေးခဲ့ရပြီး သရေကျသွားခဲ့တာဖြစ်ပါတယ်။ ဒီရလဒ် အရထရိုးရက်စ်အတွက်တော့ တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာလည်း ပီအက်စ်ဂျီ ပရိသတ်တွေကတော့ အသင်းအပေါ်ကို အလိုမကျ ဖြစ်ခဲ့ကြပြန်ပြီး၊ အထူးသဖြင့် မက်ဆီအပေါ် ကို ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါပွဲစဉ်မှာ ပီအက်စ်ဂျီတို့ဟာ မာကွင်ဟို့စ်(၆)မိနစ်နဲ့ နေမာ (၂၅)မိနစ်တို့မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ပွဲကစားချိန် မိနစ်(၃၀)နဲ့ (၄၉)မိနစ်တို့မှာ ခြေပဂိုးတွေ ပြန်လည်ပေးခဲ့ရပြီး သရေကျသွားခဲ့တာဖြစ်ပါတယ်။ ဒါဟာ ပီအက်စ်ဂျီအတွက် လီဂူး(၁) နောက်ဆုံး(၃)ပွဲဆက်တိုက် သရေကျခဲ့ခြင်းလည်းဖြစ်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့ဟာ ပွဲချိန်ပြည့် ပါဝင်ကစားသွားခဲ့ကြပေမဲ့လည်း လိုချင်တဲ့ အနိုင်(၃)မှတ်ကိုတော့ ရရှိခဲ့ခြင်းမရှိခဲ့ပါဘူး။

အသင်းပရိသတ်တွေ အနေနဲ့ ပိုချက်တီနိုရဲ့ အသင်းခြေစွမ်းအပေါ် စိတ်ပျက်နေခဲ့ကြသလို အထူးသဖြင့် မက်ဆီရဲ့ ခြေစွမ်းအပေါ် ပိုပြီးတော့ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြတာပါ။ အာဂျင်တီးနား လက်ရွေးစင် ဘာစီလိုနာ ကစားသမားဟောင်းမက်ဆီအနေနဲ့ ဒီရာသီ ပီအက်စ်ဂျီအတွက် အမှတ်ပေးပြိုင်ပွဲမှာ (၂၄)ပွဲ အထိပါဝင်ကစားထားခဲ့ပေမဲ့ သွင်းဂိုးကတော့ (၄)ဂိုးသာ သွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဘလွန်းဒီအော်ကို (၇)ကြိမ် အထိရရှိထားခဲ့ပြီး သမိုင်းတလျှောက်အကောင်းဆုံး ကစားသမားရယ်လို့ အများစုက သက်မှတ်ထားတဲ့မက်ဆီရဲ့ ခြေစွမ်းနဲ့ ဂိုးသွင်းနှုန်းအပေါ် ပရိသတ်တွေကတော့ ထရိုရက်စ်နဲ့ ပွဲ အပြီးမှာ ပြင်းပြင်း ထန်ထန်ကို ဝေဖန်သွားခဲ့ကြပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကုန်ချိန်မှာ ဘာစီလိုနာကနေ ထွက်ခွာတော့မယ်လို့ သေချာသွားတဲ့ အချိန်မှာ အားလုံးဟာ အံ့အားသင့်ခဲ့ကြရပါတယ်။ အကြောင်းအရင်းကတော့ မက်ဆီဟာ ဘာစီလိုနာမှာပဲ ကစားသမားဘဝကို အဆုံးသတ်လိ့မ့်မယ်လို့ အားလုံးက ယုံကြည်ထား ခဲ့ကြတာကြောင့်ပါ။

မက်ဆီ အနေနဲ့ ဘာစီလိုနာကနေအလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့တာဖြစ်ပေမဲ့ မက်ဆီရဲ့ လုပ်ခလစာကို တတ်နိုင်တဲ့ အသင်းက များများစားစား မရှိတာကြောင့် မက်ဆီရဲ့ လုပ်ခလစာကိုလည်းတတ်နိုင်ပြီး ချန်ပီယံလိဂ်ဖလားကို လိုချင်နေတဲ့ ပီအက်စ်ဂျီတို့က မက်ဆီကို အမိအရ ခေါ်ယူခဲ့ကြပါတယ်။ သယ် အီးဗင်နင်း စတန်းဒက် သတင်းစာရဲ့ဖော်ပြချက်အရ မက်ဆီဟာ ပီအက်စ်ဂျီမှာ အခွန်ဆောင်ပြီး၊ တစ်နှစ်လုပ်ခလစာက ယူရို (၃၅)သန်းအထိရရှိနေတယ်လို့ ဆိုပါတယ်။ မစ်ရာ သတင်းစာရဲ့ ဖော်ပြချက်မှာလည်း ပီအက်စ်ဂျီမှာ (၂၀၂၀-၂၁)ဘောလုံးရာသီမှာ ယူရို(၂၂၄.၃)သန်း အရှုံးပေါ်ခဲ့ပြီး၊ ကိုဗစ် ကြောင့် အသင်းရဲ့ ပုံမှန်လက်မှတ် ရောင်းရငွေ ယူရို (၃၁)သန်း ဆုံးရှုံးခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။

ဒီလိုအခြေအနေမှာပဲ အသင်းဆီကို မက်ဆီ၊ ဝစ်နယ်ဒန်၊ ဒွန်နာရမ်မာနဲ့ ရာမို့စ်တို့လို လုပ်ခလစာမြင့်မားတဲ့ ကစားသမားတွေ ရောက်ရှိလာချိန်မှာတော့ အသင်းရဲ့ ကစားသမားတွေအပေါ်ပေးချေရတဲ့ လုပ်ခလစာပမာဏဟာ ယူရို (၄၃၁)သန်းအထိ မြင့်တက်လာခဲ့ပါတော့တယ်။ ဒါဟာ ကျန်တဲ့ လီဂူး(၁) အသင်း(၁၉) သင်း အားလုံးပေါင်းထက်ကို များပြားလွန်းနေခဲ့တာဖြစ်ပါတယ်။ ဒီအခြေအနေက ရီးရဲလ်မက်ဒရစ်က အသည်းအသန်အလိုရှိနေပြီး၊ လာမယ့် နွေမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အမ်ဘာပေကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ သံသယဖြစ်စရာ အခြေအနေတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

ဒီအခြေအနေမှာတောင် ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ကွာတားဖိုင်နယ်ကနေပဲ ထွက်ခွာခဲ့ရတဲ့ အပေါ်မှာ ပီအက်စ်ဂျီ ပရိသတ်တွေကတော့ မက်ဆီအစား စီရော်နယ်ဒိုကိုသာ ခေါ်ယူခဲ့ သင့်တယ်လို့ ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်တစ်ဦးကဆိုရင် ” ငါ ဒီလိုပြောရတာကို မုန်းတယ်၊ ဒါပေမဲ့ မက်ဆီကို ခေါ်ယူခဲ့တာက တော်တော်လေး ကြောက်စရာကောင်းတဲ့ ခေါ်ယူမှုတစ်ခုဖြစ်ခဲ့တယ်၊ ငါတို့ စီရော်နယ်ဒိုကို ခေါ်ယူခဲ့ သင့်တာ၊ သူက မက်ဆီထက် ပိုကောင်းတယ်၊

ပြီးတော့ လစာလည်း ပိုနည်းတယ်၊ သူက ငါတို့ အသင်းမှာ လိုအပ်တဲ့ အရာတစ်ခုခုကို ပိုင်ဆိုင်ထားတဲ့သူပါ ” ဆိုပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ တစ်ကောင်ထဲသာ ပြေးနေပြီး၊ ရာသီအစကတည်းက ချန်ပီယံ ဘယ်အသင်းဖြစ်မလဲဆိုတာ သိရလောက်တဲ့ ပီအက်စ်ဂျီ တစ်သင်းထဲသာ ပြေးနေတဲ့ လယ်သမားလိဂ်မှာ ရုန်းကန်နေရပေမဲ့လည်း စီရော်နယ်ဒိုကတော့ ရက်ဖို့၊ မတ်ဂွဲယားတို့လို ကစားသမားတွေနဲ့ တစ်သင်းထဲနေပြီး၊ ပြိုင်ပွဲစုံ သွင်းဂိုး (၂၄)ဂိုးနဲ့ အသက်(၃၇)နှစ်နဲ့ မလိုက်တဲ့ စွမ်းဆောင်ရည်တွေကို ပြသထားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ပီအက်စ်ဂျီ ပရိသတ်တွေက စီရော်နယ်ဒိုဟာ ပီအက်စ်ဂျီမှာ လာကစားခဲ့ရင် မက်ဆီထက်ပို မြင့်မားတဲ့ အရာတစ်ခုခုကို လုပ်ပြနိုင်ခဲ့လိမ့်မယ်လို့ ယုံကြည်နေကြတာပဲဖြစ်ပါတယ်။

ZAWGYI: မနေ့ညက ကစားသွားခဲ့ကြတဲ့ ပီအက်စ်ဂျီနဲ့ ထရိုရက်စ်တို့ရဲ့ ပွဲစဉ်မှာ တစ်ဖက် (၂)ဂိုးစီနဲ့ သရေကျပြီးဆုံးသွားခဲ့ပါတယ်။ အမှတ်ပေးချန်ပီယံဆုကို ရရှိခဲ့ပြီးဖြစ်လို့ အမှတ်မလိုတော့တဲ့ ပီအက်စ်ဂျီတို့ဟာ ထရိုရက်စ်ကို ဦးဆောင်ဂိုးတွေ ရယူပြီးမှ ခြေပဂိုးတွေ ပြန်ပေးခဲ့ရပြီး သရေကျသွားခဲ့တာဖြစ်ပါတယ်။ ဒီရလဒ် အရထရိုးရက်စ်အတွက်တော့ တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာလည်း ပီအက်စ်ဂျီ ပရိသတ်တွေကတော့ အသင်းအပေါ်ကို အလိုမကျ ဖြစ်ခဲ့ကြပြန်ပြီး၊ အထူးသဖြင့် မက်ဆီအပေါ် ကို ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။