ဒီနွေရာသီ အပြောင်းအရွှေ့မှာ အိုးလ်ထရက်ဖို့ဒ်က ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ ချဲလ်ဆီးနဲ့ အက်သလက်တီကို မက်ဒရစ် အသင်းတို့က အပြိုင်အဆိုင် ဦးဆောင်နေကြတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၂၀၂၁ခုနှစ် နွေရာသီမှာ ဂျူဗင်တပ်စ် အသင်းကနေ သရဲနီတို့ထံ ပြန်လည်ရောက်ရှိ လာပြီးနောက် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၂၄ဂိုးသွင်းယူကာ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် သူဟာ မကြာခင်မှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာတော့မယ်လို့ သိရပြီး၊ အသက် ၃၇နှစ်အရွယ် တိုက်စစ်မှူးဟာ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရမယ့် အသင်းတသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သုံးသပ်ထားကြပါတယ်။ လက်ရှိမှာတော့ သူဟာ သရဲနီတို့ရဲ့ ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်တွေမှာ လိုက်ပါလာခြင်း မရှိပဲ၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို အကြောင်းပြကာ အနားယူနေပြီး၊ ပေါ်တူဂီ ဂျာနယ်လစ် ပက်ဒရို ဆပ်ပူလ်ဗီဒါက ရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းကို အခုလို ပြောသွားခဲ့ပါတယ်။

“ရော်နယ်လ်ဒို အနေနဲ့ လာမယ့် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာနိုင်လိမ့်မယ်လို့ ကျွန်တော်တော့ မမြင်မိပါဘူး။ သူ့ကို ခေါ်ယူဖို့ အခြား အသင်းတွေထက် ပိုနီးစပ်နေတဲ့ အသင်းနှစ်သင်း ရှိပါတယ်။ အဲဒီ အသင်းတွေကတော့ ချဲလ်ဆီးနဲ့ အက်သလက်တီကို မက်ဒရစ် အသင်းတွေပါ။ သူ့အနေနဲ့ ယူနိုက်တက်က ထွက်ခွာနိုင်ခဲ့ရင် အဲဒီ အသင်းတွေဆီကိုပဲ ပြောင်းရွှေ့တာမျိုး ဖြစ်လာပါလိမ့်မယ်။ ချဲလ်ဆီး အသင်းဟာ ပိုင်ရှင်သစ်၊ စီမံကိန်း အသစ်တွေနဲ့ ဒီအပြောင်းအရွှေ့မှာ ငွေကြေး သုံးစွဲမှုတွေ ရှိလာနိုင်ပါတယ်။”

“သူက အခုထိတော့ လစ္စဘွန်းမှာပဲ ရှိနေပါသေးတယ်။ ရော်နယ်လ်ဒိုက ဥရောပရဲ့ ဘယ်နေရာမှာမှ ပုန်းရှောင်နေတာမျိုး မဟုတ်ပဲ လစ္စဘွန်းမှာပဲ ရှိနေပြီး၊ သူ့ကို တွေ့ချင်နေကြတဲ့လူတွေ၊ ဂျာနယ်လစ်တွေကို ရှောင်နေတာကလွဲရင် သူလုပ်နေကျအတိုင်း တယောက်တည်း လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ ရော်နယ်လ်ဒိုဟာ လစ္စဘွန်းက သူ့တိုက်ခန်း လသာဆောင်မှာ အနားယူနေတဲ့ ဓာတ်ပုံတွေ၊ တယောက်တည်း လေ့ကျင့်နေတဲ့ ဓာတ်ပုံတွေကို သူ့ရဲ့ အကောင့်မှာ တင်ထားတာ တွေ့ရပါတယ်။ အခုထိတော့ သူ့ရဲ့အေးဂျင့် ဂျော့မန်ဒက်စ်က သူ့ကို ဘာဆက်လုပ်ဖို့ ပြောလာမလဲ ဆိုတာကို စောင့်နေတုန်းပါပဲ။”

“သူ့အနေနဲ့ အနားယူပြီးရင် မန်ချက်စတာကို ခရီးထွက်မလား ဆိုတာတော့ ကျွန်တော် သေချာမသိပါဘူး။ ဒါပေမယ့် သူ မန်ချက်စတာကို ခရီးထွက်ဖြစ်ခဲ့မယ် ဆိုရင်တောင် အဲဒါက ယူနိုက်တက်မှာ ဆက်နေသွားမယ် ဆိုတဲ့ အဓိပ်ပါယျမြိုး မဟုတ်ပါဘူး။” အစောပိုင်း ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ရော်နယ်လ်ဒိုဟာ အမည်မဖော်လိုတဲ့ ဆော်ဒီအာရေဗီးယား ကလပ်အသင်း တသင်းထံက ယူရိုသန်း၃၀၀ တန်ကြေးရှိတဲ့ ကမ်းလှမ်းမှုတခု ရရှိခဲ့ပေမယ့်၊ ကစားသမားက ဒီကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကလပ်အသင်းဟာ ရော်နယ်လ်ဒို အတွက် ယူနိုက်တက်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း၃၀ ပေးချေဖို့နဲ့ အေးဂျင့် ဂျော့မန်ဒက်စ်ကို ယူရိုသန်း၂၀ပေးကာ ဒီတိုက်စစ်မှူးကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တယ်လို့ နောက်ထပ် သတင်းတွေအရ သိရပါတယ်။ ရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ချဲလ်ဆီး အသင်းနည်းပြ သောမတ်စ် တူချယ်က “ရော်နယ်လ်ဒိုရဲ့ နာမည်ကို ကြားလိုက်တာနဲ့ သူက အံ့ဩစရာ ကစားသမား တယောက်ဆိုတာ လူတိုင်း သိကြပါတယ်။”

“ဟုတ်ပါတယ် သူက ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာရှိတဲ့ ပြိုင်ဘက် အသင်းတသင်းရဲ့ အံ့ဩလောက်စရာ ကစားသမား တယောက်ပါ။ ကျွန်တော်တို့ အနေနဲ့ သူ့ရဲ့ ရပ်တည်မှုကို လေးစားတာကြောင့် ဒီကစားသမားနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးတာမျိုး မလုပ်ချင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အသင်းဟာ အခြား အသင်းရဲ့ နည်းပြတွေ ကစားသမားတွေ အကြောင်းကို ပြောရတာမျိုး မကြိုက်လို့ပါ။” ဆိုပြီး သောမတ်စ် တူချယ်က ရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့ အပေါ် မှတ်ချက်ပေးဖို့ ငြင်းဆန်ထားတာ တွေ့ရပါတယ်။

ZAWGYI: ဒီနွေရာသီ အပြောင်းအရွှေ့မှာ အိုးလ်ထရက်ဖို့ဒ်က ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ ချဲလ်ဆီးနဲ့ အက်သလက်တီကို မက်ဒရစ် အသင်းတို့က အပြိုင်အဆိုင် ဦးဆောင်နေကြတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၂၀၂၁ခုနှစ် နွေရာသီမှာ ဂျူဗင်တပ်စ် အသင်းကနေ သရဲနီတို့ထံ ပြန်လည်ရောက်ရှိ လာပြီးနောက် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၂၄ဂိုးသွင်းယူကာ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် သူဟာ မကြာခင်မှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာတော့မယ်လို့ သိရပြီး၊ အသက် ၃၇နှစ်အရွယ် တိုက်စစ်မှူးဟာ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရမယ့် အသင်းတသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သုံးသပ်ထားကြပါတယ်။ လက်ရှိမှာတော့ သူဟာ သရဲနီတို့ရဲ့ ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်တွေမှာ လိုက်ပါလာခြင်း မရှိပဲ၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို အကြောင်းပြကာ အနားယူနေပြီး၊ ပေါ်တူဂီ ဂျာနယ်လစ် ပက်ဒရို ဆပ်ပူလ်ဗီဒါက ရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းကို အခုလို ပြောသွားခဲ့ပါတယ်။

ရော်နယ်လ်ဒို အနေနဲ့ လာမယ့် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာနိုင်လိမ့်မယ်လို့ ကျွန်တော်တော့ မမြင်မိပါဘူး။ သူ့ကို ခေါ်ယူဖို့ အခြား အသင်းတွေထက် ပိုနီးစပ်နေတဲ့ အသင်းနှစ်သင်း ရှိပါတယ်။ အဲဒီ အသင်းတွေကတော့ ချဲလ်ဆီးနဲ့ အက်သလက်တီကို မက်ဒရစ် အသင်းတွေပါ။ သူ့အနေနဲ့ ယူနိုက်တက်က ထွက်ခွာနိုင်ခဲ့ရင် အဲဒီ အသင်းတွေဆီကိုပဲ ပြောင်းရွှေ့တာမျိုး ဖြစ်လာပါလိမ့်မယ်။ ချဲလ်ဆီး အသင်းဟာ ပိုင်ရှင်သစ်၊ စီမံကိန်း အသစ်တွေနဲ့ ဒီအပြောင်းအရွှေ့မှာ ငွေကြေး သုံးစွဲမှုတွေ ရှိလာနိုင်ပါတယ်။

သူက အခုထိတော့ လစ္စဘွန်းမှာပဲ ရှိနေပါသေးတယ်။ ရော်နယ်လ်ဒိုက ဥရောပရဲ့ ဘယ်နေရာမှာမှ ပုန်းရှောင်နေတာမျိုး မဟုတ်ပဲ လစ္စဘွန်းမှာပဲ ရှိနေပြီး၊ သူ့ကို တွေ့ချင်နေကြတဲ့လူတွေ၊ ဂျာနယ်လစ်တွေကို ရှောင်နေတာကလွဲရင် သူလုပ်နေကျအတိုင်း တယောက်တည်း လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ ရော်နယ်လ်ဒိုဟာ လစ္စဘွန်းက သူ့တိုက်ခန်း လသာဆောင်မှာ အနားယူနေတဲ့ ဓာတ်ပုံတွေ၊ တယောက်တည်း လေ့ကျင့်နေတဲ့ ဓာတ်ပုံတွေကို သူ့ရဲ့ အကောင့်မှာ တင်ထားတာ တွေ့ရပါတယ်။ အခုထိတော့ သူ့ရဲ့အေးဂျင့် ဂျော့မန်ဒက်စ်က သူ့ကို ဘာဆက်လုပ်ဖို့ ပြောလာမလဲ ဆိုတာကို စောင့်နေတုန်းပါပဲ။

သူ့အနေနဲ့ အနားယူပြီးရင် မန်ချက်စတာကို ခရီးထွက်မလား ဆိုတာတော့ ကျွန်တော် သေချာမသိပါဘူး။ ဒါပေမယ့် သူ မန်ချက်စတာကို ခရီးထွက်ဖြစ်ခဲ့မယ် ဆိုရင်တောင် အဲဒါက ယူနိုက်တက်မှာ ဆက်နေသွားမယ် ဆိုတဲ့ အဓိပ်ပါယျမြိုး မဟုတ်ပါဘူး။ အစောပိုင်း ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ရော်နယ်လ်ဒိုဟာ အမည်မဖော်လိုတဲ့ ဆော်ဒီအာရေဗီးယား ကလပ်အသင်း တသင်းထံက ယူရိုသန်း၃၀၀ တန်ကြေးရှိတဲ့ ကမ်းလှမ်းမှုတခု ရရှိခဲ့ပေမယ့်၊ ကစားသမားက ဒီကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကလပ်အသင်းဟာ ရော်နယ်လ်ဒို အတွက် ယူနိုက်တက်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း၃၀ ပေးချေဖို့နဲ့ အေးဂျင့် ဂျော့မန်ဒက်စ်ကို ယူရိုသန်း၂၀ပေးကာ ဒီတိုက်စစ်မှူးကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တယ်လို့ နောက်ထပ် သတင်းတွေအရ သိရပါတယ်။ ရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ချဲလ်ဆီး အသင်းနည်းပြ သောမတ်စ် တူချယ်က ရော်နယ်လ်ဒိုရဲ့ နာမည်ကို ကြားလိုက်တာနဲ့ သူက အံ့ဩစရာ ကစားသမား တယောက်ဆိုတာ လူတိုင်း သိကြပါတယ်။

ဟုတ်ပါတယ် သူက ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာရှိတဲ့ ပြိုင်ဘက် အသင်းတသင်းရဲ့ အံ့ဩလောက်စရာ ကစားသမား တယောက်ပါ။ ကျွန်တော်တို့ အနေနဲ့ သူ့ရဲ့ ရပ်တည်မှုကို လေးစားတာကြောင့် ဒီကစားသမားနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးတာမျိုး မလုပ်ချင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အသင်းဟာ အခြား အသင်းရဲ့ နည်းပြတွေ ကစားသမားတွေ အကြောင်းကို ပြောရတာမျိုး မကြိုက်လို့ပါ။ဆိုပြီး သောမတ်စ် တူချယ်က ရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့ အပေါ် မှတ်ချက်ပေးဖို့ ငြင်းဆန်ထားတာ တွေ့ရပါတယ်။