တော့ဒ်ဘိုးလီရဲ့ ကလပ် ဝယ်ယူမှု ပြီးမြောက်ပြီး ချယ်ဆီးအသင်းအပေါ် ကန့်သတ်မှုတွေ အဆုံးသတ်သွားတာနဲ့ တပြိုင်နက် ကလပ်ဟာ ဆီဗီးလား နောက်ခံလူ ကွန်ဒီကို ခေါ်ယူဖို့ အစီအစဉ် ဆွဲထားပါတယ်။ အန်တိုနီယို ရူဒီဂါနဲ့ ခရစ္စတန်ဆန်တို့ဟာ ဒီနွေမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာထံ ပြောင်းရွှေ့တော့မှာကြောင့် ချယ်ဆီးဟာ ထိပ်တန်း ခံစစ်မှူး တစ်ယောက် ခေါ်ယူဖို့ စိတ်အားထက်သန်နေတာပါ၊ချယ်ဆီးလိုပဲ ဆီဗီးလားဟာ ကွန်ဒီရဲ့ အစားထိုးစရာကို မြန်မြန် ခေါ်ယူနိုင်ဖို့ အပြောင်းအရွှေ့ကိစ္စကို စောစောပြီးမြောက်အောင် လုပ်ဖို့ အလျင်လိုနေတာပါ။

အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ဒီနွေမှာ ပြောင်းရွှေ့ဖို့နဲ့ ပတ်သက်ပြီး နှုတ်အားဖြင့် သဘောတူညီမှု ရထားသလို မနှစ်က ဆွေးနွေးမှုတွေ ပျက်ပြယ်ခဲ့တဲ့နောက် စတန်းဖို့ဒ်ဘရစ်ချ်ကို ဒီနွေမှာ ပြောင်းရွှေ့ချင်နေကြောင်း ချယ်ဆီးသတင်းထောက် Nizaar Kinsella က Goal ကနေ ဖော်ပြခဲ့ပါတယ်။ လာလီဂါကလပ်ဟာ ဇွန် ၃၀ မတိုင်ခင် သူတို့ရဲ့ ဝင်ငွေထွက်ငွေ ဟန်ချက်ညီစေဖို့ ပေါင် ၃၈ သန်းဝန်းကျင် အသုံးစရိတ် လိုအပ်နေပါတယ်။ ဒါပေမယ့် သူတို့ဟာ ခံစစ်မှူးနဲ့ ညာအစွန်မှာပါ ကစားနိုင်တဲ့ ပြင်သစ်နောက်ခံလူအတွက် ပေါင် ၅၉ သန်းဝန်းကျင် တောင်းဆိုနေတာပါ။

သောမတ်စ်တူချယ်ဟာ ပြီးခဲ့တဲ့အပတ်က အသင်းပိုင်ရှင်သစ်ဖြစ်ဖို့ အလားအလာရှိတဲ့ တော့ဒ်ဘိုးလီနဲ့ ညစာစားခဲ့ပေမယ့် အပြောင်းအရွှေ့ ကိစ္စတွေအကြောင်း မဆွေးနွေးခဲ့ပါဘူး။ ဘိုးလီဟာ ရည်မှန်းချက်ကြီးမားပြီး ဆုဖလား စိန်ခေါ်မှုတွေအတွက် ဆက်လက် တွန်းအားပေးချင်နေတယ်လို့ သိထားရပါတယ်။ တစ်ဖက်မှာလည်း ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဥ် ၂ပွဲ ကစားရဖို့ရှိနေပြီး ၂၀ရက်နေ့မှာတော့ လက်စတာစီးတီး အသင်းနဲ့ ယှဥ်ပြိုင်ကစားရဖို့ရှိနေပါတယ်။ ဒီရာသီ လက်စတာအသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ပွဲစဥ်မှာ ချဲလ်ဆီးအသင်းက ၃ဂိုးပြတ်နဲ့ လက်စတာအိမ်ကွင်းမှာ အနိုင်ရရှိထားတာပါ။ အိမ်ကွင်းစတမ်းဖို့ဘရစ်ချ်မှာတော့ ချဲလ်ဆီးအသင်းဟာ အဓိက ကစားသမားတွေမပါပဲ ကစားရမှာဖြစ်ပါတယ်။

လက်စတာနဲ့ ပွဲစဥ်ကိုတော့ အသင်းရဲ့ ကစားသမားတွေဖြစ်ကြတဲ့ အိုဒွိုင်း၊ ခရစ္စတန်ဆန်၊ ဘင်ချေဝဲလ်၊ တီမိုဗာနာ၊ ကိုင်းဟာဗက်၊ ကိုဗာဆစ် တို့ လွဲချော်မှာဖြစ်ကြောင်း နည်းပြတူချယ်က အတည်ပြုခဲ့ပါတယ်။ တူချယ်က “ကိုင်း ဟာဗာ့ဇ် ဟာ ဒီနေ့လေ့ကျင့်ခန်း အစီအစဥ်တွေမှာ ပါ၀င်နိုင်ဖို့ ကြိုးစားနေပါတယ်။ သူဟာမနေ့တုန်းက တစ်ဦးချင်း လေ့ကျင့်ခန်းတွေပဲ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်သူဟာ မနက်ဖြန်ပွဲစဥ်မှာ ပါ၀င်နိုင်မလား? ကျွန်တော်တို့ မပြောနိုင်သေးပါဘူး။”

“တီမို ဗာနာ ကတော့ ပေါင်တွင်းကြော ဒဏ်ရာကြောင့် ပါ၀င်နိုင်မှာ မဟုတ်ပါဘူး။ဘင် ခြီး၀ဲလျ ဟာ အသင်းနဲ့အတူ ပြန်လည်လေ့ကျင့်နိုင်ပြီ ဖြစ်သလို သူပြန်လည်ပါ၀င်နိုင်တဲ့ အနေအထားဟာ အသင်းသားအားလုံးကို စိတ်အားတက်ကြွစေခဲ့ပါတယ်။ ဒါပေမယ့် သူဟာမနက်ဖြန်ပွဲမှာ ပြန်လည်ပါ၀င်နိုင်ဦးမှာ မဟုတ်သေးပါဘူး။ ပြီးခဲ့တဲ့ FA ဖလား၊ ဗိုလ်လုပွဲအပြီး ကိုဗာဆစ် ရဲ့ ယောင်ကိုင်းနေတဲ့ ခြေကျင်း၀တ်ကြီးကို အားလုံးမြင်တွေ့ခဲ့ကြပါတယ်။”

“သူဟာမနေ့ကလ့ကျင့်ခန်း အစီအစဥ်မှာ မပါ၀င်နိုင်ခဲ့ပါဘူး။ ဒ့ါကြောင့်မနက်ဖြန်ပွဲမှာ ပါ၀င်နိုင်ဖို့ မသေချာသေးပါဘူး။ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ တစ်ဦးချင်း လေ့ကျင့်ခန်းတွေကိုပဲ ပြုလုပ်နိုင်နေသေးပြီး အခုအချိန်ထိ အသင်းနဲ့အတူ ပူးပေါင်းနိုင်ခြင်း မရှိသေးပါဘူး။ ဒ့ါကြောင့်သူနဲ့ ဘင် ခြီး၀ဲလျ တို့ဟာ လာမယ့်ဇူလိုင် (၂) ရက်နေ့၊ ရာသီသစ် စတင်တဲ့အချိန်ကျမှပဲ အသင်းနဲ့အတူ ပူးပေါင်းနိုင်ပါလိမ့်မယ်။” လို့ ပြောကြားခဲ့ပါတယ်။

ZAWGYI: တော့ဒ်ဘိုးလီရဲ့ ကလပ် ဝယ်ယူမှု ပြီးမြောက်ပြီး ချယ်ဆီးအသင်းအပေါ် ကန့်သတ်မှုတွေ အဆုံးသတ်သွားတာနဲ့ တပြိုင်နက် ကလပ်ဟာ ဆီဗီးလား နောက်ခံလူ ကွန်ဒီကို ခေါ်ယူဖို့ အစီအစဉ် ဆွဲထားပါတယ်။ အန်တိုနီယို ရူဒီဂါနဲ့ ခရစ္စတန်ဆန်တို့ဟာ ဒီနွေမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာထံ ပြောင်းရွှေ့တော့မှာကြောင့် ချယ်ဆီးဟာ ထိပ်တန်း ခံစစ်မှူး တစ်ယောက် ခေါ်ယူဖို့ စိတ်အားထက်သန်နေတာပါ၊ချယ်ဆီးလိုပဲ ဆီဗီးလားဟာ ကွန်ဒီရဲ့ အစားထိုးစရာကို မြန်မြန် ခေါ်ယူနိုင်ဖို့ အပြောင်းအရွှေ့ကိစ္စကို စောစောပြီးမြောက်အောင် လုပ်ဖို့ အလျင်လိုနေတာပါ။

အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ဒီနွေမှာ ပြောင်းရွှေ့ဖို့နဲ့ ပတ်သက်ပြီး နှုတ်အားဖြင့် သဘောတူညီမှု ရထားသလို မနှစ်က ဆွေးနွေးမှုတွေ ပျက်ပြယ်ခဲ့တဲ့နောက် စတန်းဖို့ဒ်ဘရစ်ချ်ကို ဒီနွေမှာ ပြောင်းရွှေ့ချင်နေကြောင်း ချယ်ဆီးသတင်းထောက် Nizaar Kinsella က Goal ကနေ ဖော်ပြခဲ့ပါတယ်။ လာလီဂါကလပ်ဟာ ဇွန် ၃၀ မတိုင်ခင် သူတို့ရဲ့ ဝင်ငွေထွက်ငွေ ဟန်ချက်ညီစေဖို့ ပေါင် ၃၈ သန်းဝန်းကျင် အသုံးစရိတ် လိုအပ်နေပါတယ်။ ဒါပေမယ့် သူတို့ဟာ ခံစစ်မှူးနဲ့ ညာအစွန်မှာပါ ကစားနိုင်တဲ့ ပြင်သစ်နောက်ခံလူအတွက် ပေါင် ၅၉ သန်းဝန်းကျင် တောင်းဆိုနေတာပါ။

သောမတ်စ်တူချယ်ဟာ ပြီးခဲ့တဲ့အပတ်က အသင်းပိုင်ရှင်သစ်ဖြစ်ဖို့ အလားအလာရှိတဲ့ တော့ဒ်ဘိုးလီနဲ့ ညစာစားခဲ့ပေမယ့် အပြောင်းအရွှေ့ ကိစ္စတွေအကြောင်း မဆွေးနွေးခဲ့ပါဘူး။ ဘိုးလီဟာ ရည်မှန်းချက်ကြီးမားပြီး ဆုဖလား စိန်ခေါ်မှုတွေအတွက် ဆက်လက် တွန်းအားပေးချင်နေတယ်လို့ သိထားရပါတယ်။ တစ်ဖက်မှာလည်း ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဥ် ၂ပွဲ ကစားရဖို့ရှိနေပြီး ၂၀ရက်နေ့မှာတော့ လက်စတာစီးတီး အသင်းနဲ့ ယှဥ်ပြိုင်ကစားရဖို့ရှိနေပါတယ်။ ဒီရာသီ လက်စတာအသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ပွဲစဥ်မှာ ချဲလ်ဆီးအသင်းက ၃ဂိုးပြတ်နဲ့ လက်စတာအိမ်ကွင်းမှာ အနိုင်ရရှိထားတာပါ။ အိမ်ကွင်းစတမ်းဖို့ဘရစ်ချ်မှာတော့ ချဲလ်ဆီးအသင်းဟာ အဓိက ကစားသမားတွေမပါပဲ ကစားရမှာဖြစ်ပါတယ်။

လက်စတာနဲ့ ပွဲစဥ်ကိုတော့ အသင်းရဲ့ ကစားသမားတွေဖြစ်ကြတဲ့ အိုဒွိုင်း၊ ခရစ္စတန်ဆန်၊ ဘင်ချေဝဲလ်၊ တီမိုဗာနာ၊ ကိုင်းဟာဗက်၊ ကိုဗာဆစ် တို့ လွဲချော်မှာဖြစ်ကြောင်း နည်းပြတူချယ်က အတည်ပြုခဲ့ပါတယ်။ တူချယ်က ကိုင်း ဟာဗာ့ဇ် ဟာ ဒီနေ့လေ့ကျင့်ခန်း အစီအစဥ်တွေမှာ ပါ၀င်နိုင်ဖို့ ကြိုးစားနေပါတယ်။ သူဟာမနေ့တုန်းက တစ်ဦးချင်း လေ့ကျင့်ခန်းတွေပဲ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်သူဟာ မနက်ဖြန်ပွဲစဥ်မှာ ပါ၀င်နိုင်မလား? ကျွန်တော်တို့ မပြောနိုင်သေးပါဘူး။

တီမို ဗာနာ ကတော့ ပေါင်တွင်းကြော ဒဏ်ရာကြောင့် ပါ၀င်နိုင်မှာ မဟုတ်ပါဘူး။ဘင် ခြီး၀ဲလျ ဟာ အသင်းနဲ့အတူ ပြန်လည်လေ့ကျင့်နိုင်ပြီ ဖြစ်သလို သူပြန်လည်ပါ၀င်နိုင်တဲ့ အနေအထားဟာ အသင်းသားအားလုံးကို စိတ်အားတက်ကြွစေခဲ့ပါတယ်။ ဒါပေမယ့် သူဟာမနက်ဖြန်ပွဲမှာ ပြန်လည်ပါ၀င်နိုင်ဦးမှာ မဟုတ်သေးပါဘူး။ ပြီးခဲ့တဲ့ FA ဖလား၊ ဗိုလ်လုပွဲအပြီး ကိုဗာဆစ် ရဲ့ ယောင်ကိုင်းနေတဲ့ ခြေကျင်း၀တ်ကြီးကို အားလုံးမြင်တွေ့ခဲ့ကြပါတယ်။

သူဟာမနေ့ကလ့ကျင့်ခန်း အစီအစဥ်မှာ မပါ၀င်နိုင်ခဲ့ပါဘူး။ ဒ့ါကြောင့်မနက်ဖြန်ပွဲမှာ ပါ၀င်နိုင်ဖို့ မသေချာသေးပါဘူး။ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ တစ်ဦးချင်း လေ့ကျင့်ခန်းတွေကိုပဲ ပြုလုပ်နိုင်နေသေးပြီး အခုအချိန်ထိ အသင်းနဲ့အတူ ပူးပေါင်းနိုင်ခြင်း မရှိသေးပါဘူး။ ဒ့ါကြောင့်သူနဲ့ ဘင် ခြီး၀ဲလျ တို့ဟာ လာမယ့်ဇူလိုင် (၂) ရက်နေ့၊ ရာသီသစ် စတင်တဲ့အချိန်ကျမှပဲ အသင်းနဲ့အတူ ပူးပေါင်းနိုင်ပါလိမ့်မယ်။ လို့ ပြောကြားခဲ့ပါတယ်။