ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်အနေနဲ့ နော်ဝေးလက်ရွေးစင်တိုက်စစ်မှူး အာလင်း ဟော်လန်းကို ခေါ်ယူနိုင်ဖို့အတွက် အခွင့်အရေးကို လွဲချော်ခဲ့ပြီးနောက် မန်ချက်စတာစီးတီးတိုက်စစ်မှူးက အသင်းမှာဆိုရင် အရန်ခုံတန်းမှာ ထိုင်ခိုင်းဖို့အတွက်သာ လုံလောက်တဲ့ အရည်အချင်းရှိကြောင်း အခိုင်အမာဆိုသွားခဲ့ပါတယ်။ ချန်ပီယံလိဂ်လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီနှစ်နွေရာသီမှာ ဟော်လန်းကို ခေါ်ယူဖို့အတွက် မျှော်လင့်နေခဲ့တဲ့ အသင်းတွေများစွာထဲက တစ်ခုဖြစ်ခဲ့တာပါ။

မန်ချက်စတာစီးတီးအသင်းအနေနဲ့ နော်ဝေးလက်ရွေးစင်တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် သဘောတူညီမှုရခဲ့ပြီး ဒေါ့မွန်အသင်းနဲ့ ဟော်လန်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်ပါလျော်ကြေးဖြစ်တဲ့ ပေါင် ၅၁ သန်းတည်းကို ပေးချေခဲ့ပြီးနောက် အပြောင်းအရွှေ့အပြီးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းအတွက်တော့ အသင်းရဲ့ အဓိကပစ်မှတ်ကစားသမား ခီလီယန် အမ်ဘာပေအနေနဲ့ ပီအက်စ်ဂျီအသင်းမှာ ဆက်နေဖို့အတွက် အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တာကြောင့် ဒုတိယမြောက်ထိုးနှက်ချက်ကို ခံစားခဲ့ရတာဖြစ်ပြီး ဟော်လန်းလည်းမရ၊ အမ်ဘာပေလည်း မရခဲ့ဘဲ ဖွတ်မရ ဓါးမဆုံး ဖြစ်ခဲ့ရတာပါ။

ပီရက်ဇ်ကတော့ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဟော်လန်းအပေါ် ဘယ်တုန်းကမှ အလေးအနက်ထားခဲ့ဖူးတာ မဟုတ်ကြောင်း အခိုင်အမာပြောဆိုသွားခဲ့ပြီး အသင်းကို ရောက်လာခဲ့ရင်တောင် အရန်ခုံမှာထားဖို့လောက်ပဲ ကောင်းတာလို့ ပြောသွားခဲ့သလို ဘယ်လွန်ဒေါဆုရရှိဖို့အတွက် တစ်ပြေးနေတဲ့ ကာရင်မ် ဘန်ဇီးမားကတော့ လက်ရှိမှာ အသင်းရဲ့တိုက်စစ်ကို ဦးဆောင်နေတာလည်းဖြစ်ပါတယ်။ ပီရက်ဇ်က El Chiringuito သတင်းဌာနနဲ့ အစီအစဉ်တစ်ခုမှာ “ကျွန်တော်တို့မှာ ကမ္ဘာ့အကောင်းဆုံး နံပါတ် ၉ ကစားသမားရှိတယ်။ ပြီးတော့ အရန်ခုံမှာ ထားဖို့လောက်အတွက်နဲ့တော့ ဟော်လန်းကို ခေါ်ယူဖို့အတွက် အသည်းအသန်လုပ်နေမှာတော့မဟုတ်ဘူး”

“၂ နှစ်အတွင်း စာချုပ်ပါလျော်ကြေးလား? ကျွန်တော်ဖြင့် သိတောင်မသိဘူး။ အခု ကျွန်တော်တို့မှာ ရှိနေတဲ့ လူငယ်ကစားသမားလေးတွေနဲ့ အသင်းသစ်ဖွဲ့ဖို့ထက် အင်အားဖြည့်တင်းမှုအချို့ကို ကျွန်တော်တို့ စိတ်ဝင်စားမှုတော့ ရှိမနေပါဘူး” ပီရက်ဇ်အနေနဲ့ ဟော်လန်းကို မရလိုက်တာက မစားရတဲ့ စပျစ်သီးကို ချဉ်တယ်လို့ဆိုတဲ့ မြေခွေးလိုမျိုးလို့ ထင်ရပေမယ့် အမ်ဘာပေကို မခေါ်ယူနိုင်ခဲ့တာအတွက် ပိုကြေကွဲနေတယ်လို့တောင် ဆိုနိုင်တာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးအနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီအကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာတော့မယ်လို့ ထင်မှတ်ခဲ့ရပေမယ့်လည်း ပီအက်စ်ဂျီအသင်းမှာ တစ်ရာသီကို ပေါင် ၄၂.၅ သန်းအထိ ရရှိနိုင်မယ့် ၃ နှစ်စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ပီရက်ဇ်က အမ်ဘာပေနဲ့ ပတ်သက်ပြီး “သူ့အိပ်မက်က ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားဖို့အတွက်ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လတုန်းကလည်း ကျွန်တော်တို့အနေနဲ့ ဒါကိုလုပ်ချင်ခဲ့တယ်။ ပြီးတော့ ပီအက်စ်ဂျီအသင်းက သူ့ကို ပေးမထွက်ခဲ့ဘူး။ သူ့အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ကစားချင်တယ်လို့ ဆက်ပြောနေုတုန်းပဲ။ သူ့အနေနဲ့ အခြေအနေကို မပြောင်းလဲလိုက်ခင် ၁၅ ရက်အလိုအထိပါပဲ”လို့ ပြောလာခဲ့ပါတယ်။

ဆက်လက်ပြီး သူက “ဒါက ကျွန်တော်ခေါ်ချင်ခဲ့တဲ့ အမ်ဘာပေမဟုတ်ဘူး။ သူက အခြားတစ်ယောက်ပဲ။ သူ့အိပ်မက်ကိုတောင် ပြောင်းလဲမှဖြစ်မယ့် အခြားတစ်ယောက်ပေါ့။ သူပြောင်းလဲခဲ့တယ်။ သူ့အနေနဲ့ အခြားအရာတွေကမ်းလှမ်းခံခဲ့ရတယ်။ သူက ဖိအားပေးခံခဲ့ရပြီး အခြားဘောလုံးသမားတစ်ယောက်ဖြစ်နှင့်ခဲ့ပြီးပြီ။ ရီးရဲလ်မက်ဒရစ်မှာတော့ အသင်းအထက်မှာ ဘယ်ကောင်မှမရှိဘူး။ သူက ကစားသမားကောင်းတစ်ယောက်ပါပဲ။ အခြားသူတွေထက်လည်း ပိုပြီး ဆုဖလားအောင်မြင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒါက စုပေါင်းကစားရတဲ့ အားကစားတစ်ခုဖြစ်ပြီး ကျွန်တော်တို့မှာလည်း မပြောင်းလဲပေးနိုင်တဲ့ တန်ဖိုးတွေရှိပါတယ်”လို့ ပြောလာခဲ့တဲ့အကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

ZAWGYI: ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်အနေနဲ့ နော်ဝေးလက်ရွေးစင်တိုက်စစ်မှူး အာလင်း ဟော်လန်းကို ခေါ်ယူနိုင်ဖို့အတွက် အခွင့်အရေးကို လွဲချော်ခဲ့ပြီးနောက် မန်ချက်စတာစီးတီးတိုက်စစ်မှူးက အသင်းမှာဆိုရင် အရန်ခုံတန်းမှာ ထိုင်ခိုင်းဖို့အတွက်သာ လုံလောက်တဲ့ အရည်အချင်းရှိကြောင်း အခိုင်အမာဆိုသွားခဲ့ပါတယ်။ ချန်ပီယံလိဂ်လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီနှစ်နွေရာသီမှာ ဟော်လန်းကို ခေါ်ယူဖို့အတွက် မျှော်လင့်နေခဲ့တဲ့ အသင်းတွေများစွာထဲက တစ်ခုဖြစ်ခဲ့တာပါ။