ရီးရဲမက်ဒရစ် အသင်းဟာ မေလ ၄ရက်နေ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒတိယအကျော့ဖြစ်တဲ့ ဆန်တီယာဂိုဘာနေ​ဗျူးမှာ မန်ချက်စတာစီးတီး အသင်းကို ၃ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ မက်ဒရစ် အသင်းကတော့ ၂ ကျော့ပေါင်း ၆ဂိုး ၅ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး မေလ ၂၈ ရက်နေ့ ဖိုင်နယ် ပွဲစဥ်ကိုတော့ လီဗာပူး အသင်းနဲ့ ရင်ဆိုင်သွားရမှာပါ။ စိတ်လှုပ်ရှားစရာ ပထမပိုင်း ပြီးဆုံးတဲ့နောက် ၇၃ မိနစ်မှာ မာရက်က အဖွင့်ဂိုး စတင်သွင်းယူခဲ့ပါတယ်။ အယ်လ်ဂျီးရီးယားသားဟာ ဘာနာဒိုဆေးဗားဆီက ပေးပို့လာတဲ့ ဘောလုံးကို ကော့တွိုက်ရဲ့ အနီးထောင့်ကို ကန်သွင်းယူခဲ့ပါတယ်။

ပွဲစဥ်ဟာ စီးတီး အသင်း အတွက် အခြေအနေကောင်းပုံ ပေါ်ခဲ့ပေမဲ့ ရိုဒရီဂိုက ဘန်ဇီမာရဲ့ ဖြတ်တင်ပေးပို့မှုကို အနီးကပ် ပိတ်သွင်းယူခဲ့ပြီး အိမ်ရှင် အသင်းအတွက် ချေပဂိုး တစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် ရိုဒရီဂိုဟာ ကာမာဗင်ဂါရဲ့ ဖြတ်တင်ဘောကနေတစ်ဆင့် ဒုတိယမြောက် သွင်းဂိုးကို သွင်းယူခဲ့ပြန်ပါတယ်။ အချိန်ပို အစောပိုင်းမှာ ရူဘန်ဒီးယက်က ပစ်ဒဏ်ဘော ကျူးလွန်ပြီးနောက် ရရှိလာတဲ့ ပင်နယ်တီကို ဘန်ဇီမာက အဆုံးသတ်ခဲ့ပြီး မက်ဒရစ်အတွက် အနိုင်သေချာစေမဲ့ ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ကဲ ဒီပွဲစဥ်ကနေ ကြီးကြီးမားမား ပြောစရာ အချက် ၅ ချက်ကို ကြည့်လိုက်ရအောင်။

(၅) မက်ဒရစ်အတွက် အံ့အားသင့်စရာ ရက်သတ္တပတ်။ ။ မက်ဒရစ် အသင်းဟာ ပြီးခဲ့တဲ့ အပတ် အက်စ်ပန်ညို အသင်းကို ၄ ဂိုးပြတ် အနိုင်ရရှိပြီးနောက် လာလီဂါ ဖလားကို ရရှိခဲ့ပါတယ်။ သူတို့ဟာ ချန်ပီယံလိဂ် ဖိုင်နယ်မှာ နေရာတစ်ခု ရရှိဖို့အတွက် စီးတီးနဲ့ ပွဲစဥ်မှာလည်း အကောင်းဆုံး ပြန်လာနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲနဲ့ အတူ သူတို့ဟာ ဥရောပဖလား ဖိုင်နယ်ကို ၁၇ ကြိမ်မြောက် တက်လှမ်းခွင့် ရရှိခဲ့ပါတယ်။ မက်ဒရစ် အသင်းဟာ စပိန်စူပါဖလားနဲ့ လာလီဂါ ဖလားတို့ကို ရရှိပြီးနောကအ သူတို့ရဲ့ တတိယမြောက် ဆုဖလားကို မျက်စိကျနေတာပါ။ စပိန် ချန်ပီယံ အသင်းကတော့ စိန်ခေါ်မှု အပြည့်နဲ့ အခြေအနေကို ပြောင်းလဲခဲ့ပြီး သူတို့ရဲ့ အနိုင်ရလိုစိတ်ကို ပြသခဲ့ပါတယ်။ အန်စလော့တီရဲ့ အသင်းဟာ ဒီနေရာကို ရောက်ရှိဖို့ ရေပန်းစားတဲ့ အသင်းမဟုတ်ပေမဲ့ သူတို့ရဲ့ ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓာတ်နဲ့ လူတိုင်းကို အနိုင်ယူပြခဲ့ပါတယ်။

(၄) ဆုံးဖြတ်ချက် မှားယွင်းခဲ့တဲ့ ဂွာဒီယိုလာနဲ့ စီးတီး။ ။ ပတ်ဂွာဒီယိုလာဟာ စီးတီး အသင်း တစ်ဂိုးအသာနဲ့ ဦးဆောင်နေချိန် ဒီဘရိုင်းနဲ့ မာရက်တို့လို့ အဓိက ကစားသမားတွေကို လူစားလဲခဲ့ပါတယ်။ စပိန်သား နည်းပြဟာ မက်ဒရစ်ရဲ့ စွမ်းဆောင်ရည်ကို ဆုံးဖြတ်မှု မှားယွင်းခဲ့ပြီး သူ့ရဲ့ ဆုံးဖြတ်မှုအတွက် ခဏတာတော့ ပျော်ရွှင်ခဲ့ရပါတယ်။ စီးတီး အသင်းဟာ ပီအက်စ်ဂျီ ၊ ချဲလ်ဆီးတို့ရဲ့ အဖြစ်အပျက်ကနေ သင်ခန်းစာ မရယူခဲ့ပါဘူး။ သူတို့ဟာ အဆိုပါ ၂ သင်းလိုပဲ တူညီတဲ့ အမှားမျိုး ပြုလုပ်ခဲ့ပါတယ်။ သူတို့က မက်ဒရစ်ကို ကွင်းအတွင်း မျှော်လင့်ချက် ပေးခဲ့ပြီး စီးတီးဟာ ခံစစ်မှာ ကစားခဲ့ပါတယ်။ ဆန်တီယာဂိုဘာနေဗျူး ပတ်ဝန်းကျင် တစ်ခုလုံးဟာ သူတို့ရဲ့ နောက်မှာ ရှိနေတာနဲ့အတူ အချိန်ပိုမှာတော့ ဧည့်သည်အသင်း လုပ်ဆောင်နိုင်တာ ဘာမှ မရှိတော့ပါဘူး။

(၃) စွမ်းဆောင်ရည် ကောင်းမွန်ခဲ့တဲ့ ကာမာဗင်ဂါ။ ။ ကာမာဗင်ဂါကတော့ စီးတီးနဲ့ ပွဲစဥ်မှာ ပြသခဲ့တဲ့ ပုံစံကောင်းနဲ့အတူ ပွဲစဥ်အတွင်း အမှတ်တစ်ခု ထားနိုင်ခဲ့ပါတယ်။ ပြင်သစ်သားဟာ မက်ဒရစ် အသင်း ရရှိခဲ့တဲ့ သွင်းဂိုး အားလုံးမှာ ကြီးကြီးမားမား ပါဝင် ပတ်သတ်ထားခဲ့ပါတယ်။ ရိုဒရီဂိုရဲ့ ပထမဂိုးမှာ သူဟာ ဂိုးဖန်တီးနိုင်ခဲ့တဲ့ ဘန်ဇီမာဆီကို ထောင့်ဖြတ် ဖြတ်တင်ပေးပို့ခဲ့ပါတယ်။ ဒုတိယ သွင်းဂိုး အတွက်ကတော့ ၁၉ နှစ်သားရဲ့ ဖြတ်တင်ဘောဟာ အက်ဆန်စီယိုရဲ့ ခေါင်းပေါ်ကို ကျရောက်ခဲ့ပြီး အဲဒီနောက်မှ ရိုဒရီဂိုက သွင်းယူခဲ့တာပါ။ နောက်ဆုံး သွင်းဂိုး အတွက်ကတော့ သူဟာ ဗယ်လ်ဗာဒီနဲ့ ချိတ်ဆက် ကစားခဲ့ပြီး အဆိုပါ ပုံစံကြောင့်ပဲ သူ့အသင်းအတွက် ဘန်ဇီမာက ပင်နယ်တီ ရရှိစေခဲ့ပါတယ်။ သူဟာ တစ်ဦးချင်း ကျော်ဖြတ်မှု ၅ ကြိမ် ၊ ပြန်လည်ရယူမှု ၃ ကြိမ် ၊ ဖျက်ထုတ်မှု ၄ ကြိမ် နဲ့ ရှင်းလင်းမှု ၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

(၂) ခံစစ်မှာ တိုးတက်မှု ရှိကြောင်းပြသခဲ့တဲ့ ရီးရဲမက်ဒရစ်။ ။ မက်ဒရစ် အသင်းရဲ့ ခံစစ်ဟာ ပထမအကျော့မှာ ပုံစံမကောင်းခဲ့ပါဘူး။ စီးတီး အသင်းဟာ အသာစီးနဲ့ ကစားခဲ့ပြီး သူတို့သာ အဆုံးသတ် သေချာခဲ့ရင် ဒီထက်ပိုပြီး သွင်းဂိုးတွေ ရရှိမှာပါ။ မီလီတာအိုနဲ့ အလာဘာတို့က စီးတီး အသင်းရဲ့ တိုက်စစ်ကြောင့် ပုံစံကောင်း ပျောက်ဆုံးခဲ့ရပါတယ်။ ပထမအကျော့ သူတို့ရဲ့ ခံစစ် စွမ်းဆောင်ရည်ကြောင့် ပရိတ်သတ်တွေနဲ့ ပွဲခန့်မှန်းတဲ့ သူတွေက သူတို့ရဲ့ အခွင့်အရေးနဲ့ ပတ်သတ်ပြီး အကောင်းတော့ မမြင်ခဲ့ပါဘူး။

ဒါပေမဲ့ ဘာနေဗျူးမှာ မီလီတာအို ၊ ကာဗာဂျယ် ၊ နာချိုနဲ့ ဖာလန်းမန်ဒီတို့က စီးတီးအသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ဟန့်တားနိုင်ခဲ့ပါတယ်။ မန်ဒီက မာရက်ရဲ့ အဖွင့်ဂိုးအတွက် ပိုပြီး ကောင်းအောင် လုပ်ဆောင်ခဲ့သင့်ပါတယ်။ ဒါပေမဲ့ နောက်ဆုံး မိနစ်မှာ ဂရေးလစ်ရှ်ရဲ့ ကန်ချက်ကို ဂိုးစည်းပေါ်ကနေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ကော့တွိုက်ကလည်း သူ့ရဲ့ ပုံစံအတိုင်း ကမ္ဘာ့အဆင့် ကာကွယ်မှုအချို့ ပြုလုပ်ခဲ့ပါတယ်။

(၁) မက်ဒရစ် အသင်းအတွက် တောက်ပခဲ့တဲ့ ရိုဒရီဂို။ ။ ရိုဒီဂိုဟာ ပွဲချိန် ၆၈ မိနစ်မှာ တိုနီခရုစ်ရဲ့ နေရာမှာ လူစားလဲ ဝင်ရောက်လာခဲ့တာပါ။ ဘရာဇီးလက်ရွေးစင် ကစားသမားဟာ ညာတောင်ပံမှာ ခြေစွမ်းပြသခဲ့ပြီး ပွဲစဥ်ကို အချိန်ပိုအထိ ရောက်ရှိနိုင်ဖို့ အလျင်အမြန်ပဲ ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ရိုဒရီဂိုဟာ တစ်ဦးချင်း ကျော်ဖြတ်မှု ၅ ကြိမ် ၊ ပြန်လည်ရယူမှု ၆ ကြိမ် ၊ ကြားဖြတ်ရယူမှု ၂ ကြိမ် ၊ ဖျက်ထုတ်မှု ၂ ကြိမ်နဲ့ ဘောလုံး ဆွဲယူမှု တစ်ကြိမ်တို့ကို ပြုလုပ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ လမ်းပျောက်နေတဲ့ မက်ဒရစ်အတွက် ပြန်လည် ရှင်သန်စေခဲ့ပါတယ်။ သူ့ရဲ့ ပုံစံကောင်းကို ဆက်လက်ပြသနေပြီး အဆုံးသတ်ပိုင်း ကောင်းမွန်မှုတွေကို ပြသခဲ့ပါတယ်။

ZAWGYI: ရီးရဲမက်ဒရစ် အသင်းဟာ မေလ ၄ရက်နေ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒတိယအကျော့ဖြစ်တဲ့ ဆန်တီယာဂိုဘာနေ​ဗျူးမှာ မန်ချက်စတာစီးတီး အသင်းကို ၃ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ မက်ဒရစ် အသင်းကတော့ ၂ ကျော့ပေါင်း ၆ဂိုး ၅ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး မေလ ၂၈ ရက်နေ့ ဖိုင်နယ် ပွဲစဥ်ကိုတော့ လီဗာပူး အသင်းနဲ့ ရင်ဆိုင်သွားရမှာပါ။ စိတ်လှုပ်ရှားစရာ ပထမပိုင်း ပြီးဆုံးတဲ့နောက် ၇၃ မိနစ်မှာ မာရက်က အဖွင့်ဂိုး စတင်သွင်းယူခဲ့ပါတယ်။ အယ်လ်ဂျီးရီးယားသားဟာ ဘာနာဒိုဆေးဗားဆီက ပေးပို့လာတဲ့ ဘောလုံးကို ကော့တွိုက်ရဲ့ အနီးထောင့်ကို ကန်သွင်းယူခဲ့ပါတယ်။