အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်း ရေး ပါလာအနေနဲ့ ဒီနှစ်နွေရာသီမှာ မန်ချက်စတာစီးတီးအသင်းရဲ့ တောင်ပံတိုက်စစ်မှူး ရာဟီးမ် စတာလင်းကို ခေါ်ယူဖို့အတွက် ချဲလ်ဆီးအသင်းနဲ့အပြိုင် အပြောင်းအရွှေ့ဈေးကွက်ထဲ ဝင်ရောက်သင့်ကြောင်း ရီးရဲလ်မက်ဒရစ်အသင်းကို တိုက်တွန်းသွားခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စတာလင်းအနေနဲ့ ပက်ပ် ဂွါဒီယိုလာရဲ့အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရခဲ့တဲ့ ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ပြိုင်ပွဲစုံ ၄၇ ပွဲကစားခဲ့ချိန်မှာ သွင်းဂိုး ၁၇ ဂိုး ရရှိခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူ့အနေနဲ့ လက်ရှိ မန်ချက်စတာစီးတီးအသင်းနဲ့ စာချုပ်က စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး အီးတီဟဒ်ကနေ ထွက်ခွါဖို့အတွက် ချိတ်ဆက်မှုတွေရှိနေခဲ့သလို ချဲလ်ဆီးအသင်းကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေလည်း ထွက်ပေါ်နေခဲ့တာပါ။ အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်းဖြစ်တဲ့ ပါလာကတော့ စတာလင်းအနေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အံ့အားသင့်ဖွယ်ရာဖြစ်သွားခဲ့ပြီး လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ချန်ပီယံဆုတို့ကို ရယူနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ကောင်းမွန်တဲ့ ဖြည့်စွက်မှုတစ်ခုလို့ ယုံကြည်နေတာဖြစ်ပါတယ်။

talkSPORT နဲ့ အစီအစဉ်တစ်ခုမှာ ပါလာက “ကစားသမားအချို့အနေနဲ့ မတူညီတဲ့ လိဂ်တစ်ခုကို ကြိုးစားဖို့အတွက်နဲ့ မတူညီတဲ့ ယဉ်ကျေးမှုဓလေ့စရိုက်တွေကို ကြိုးစားကြည့်ဖို့ စဉ်းစားနေနိုင်တယ်ဆိုတာ တွေ့နိုင်တယ်။ ရာဟီးမ်ကလည်း ဒါကို တွေးနေလောက်မှာပါ။ သူ့အနေနဲ့ သူ့စာချုပ်မှာ သက်တမ်းက ၁ နှစ်ပဲ ကျန်ရှိတော့တာဖြစ်ပါတယ်။ ပြီးတော့ ဒါက အံ့အားသင့်စရာပါ။ ကျွန်တော်ထင်ခဲ့တာက စတာလင်းက အသက် ၃၀ နှစ်လောက် ရှိကိုရှိနေပြီလို့ထင်ခဲ့တာ။ ဒါပေမယ့် သူက အခုမှ ၂၇ နှစ်ပဲရှိသေးတယ်”

“သူ့အနေနဲ့ သူ့ကစားသမားဘဝရဲ့ အကောင်းမွန်ဆုံးဖြစ်မယ့် အချိန်ကိုရောက်နေပြီး မန်ချက်စတာစီးတီးအသင်းမှာ ကောင်းလွန်းနေတဲ့ ကစားသမားများစွာရှိနေတာကြောင့် သူ့အနေနဲ့ ပုံမှန်အားဖြင့် ပွဲထွက်ခွင့်တစ်နေရာကနေ ကစားခွင့်ရမှာမဟုတ်ဘူး။ ဒီတော့ ဟုတ်တာပေါ့။ ဘယ်လောက်ကောင်းလိုက်တဲ့ ပြောင်းရွှေ့မှုတွေလဲ။ အန်တိုနီယို ရူဒီဂျာကလည်း သွားနေပြီ။ ရီးရဲလ်မက်ဒရစ်အသင်းက တကယ့်ကို ခြေတစ်လှမ်းတိုးနေပြီ။ ပြီးတော့ ရာဟီးမ် စတာလင်းက သူတို့အတွက် ကောင်းမွန်တဲ့ ခေါ်ယူမှုတစ်ရပ်ဖြစ်စေမှာ”လို့ ပြောသွားခဲ့ပါတယ်။

ဗင်နီစီးယပ်စ် ဂျူနီယာအနေနဲ့ ဘယ်တောင်ပံတစ်လျှောက် ရီးရဲလ်မက်ဒရစ်အသင်းအတွက် ကောင်းကောင်းမွန်မွန် စွမ်းဆောင်ပြထားနေခြင်းနဲ့အတူ စတာလင်းကို ခေါ်ယူလိုက်ခြင်းအားဖြင့် ဘရာဇီးလ်သားရဲ့ တိုးတက်မှုကို ရပ်တန့်စေနိုင်တဲ့ အလားအလာရှိနေတာကြောင့် စတန့်ထွင်ရာကျနေမှာတော့ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းရဲ့မန်နေဂျာ ကာလို အန်ချလော့တီအနေနဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ တောင်ပံကြယ်ပွင့်တိုက်စစ်ကစားသမားကို မခေါ်ဘဲ တောင့်ခံမှာလား ခေါ်ပြီးအသုံးပြုမယ့်နည်းလမ်းပဲ ရှာမှာလားဆိုတာ စိတ်ဝင်စားစရာကောင်းနေသလို စတာလင်းကလည်း ဥရောပရဲ့ ထိပ်တန်းအဆင့်တောင်ပံကစားသမားတွေထဲက တစ်ဦးအပါအဝင်ဖြစ်နေခဲ့တာပါ။

၂၀၁၄ ခုနှစ်တုန်းက မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း စတာလင်းအနေနဲ့ မန်ချက်စတာစီးတီးအသင်းအတွက် ကစားခဲ့တဲ့ ၃၃၉ ပွဲအတွင်း ၁၃၁ ဂိုးသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် စတာလင်းအနေနဲ့ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်နဲ့ ပြည်တွင်းဖလား ၅ ကြိမ်တို့ကို ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

ZAWGYI: အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်း ရေး ပါလာအနေနဲ့ ဒီနှစ်နွေရာသီမှာ မန်ချက်စတာစီးတီးအသင်းရဲ့ တောင်ပံတိုက်စစ်မှူး ရာဟီးမ် စတာလင်းကို ခေါ်ယူဖို့အတွက် ချဲလ်ဆီးအသင်းနဲ့အပြိုင် အပြောင်းအရွှေ့ဈေးကွက်ထဲ ဝင်ရောက်သင့်ကြောင်း ရီးရဲလ်မက်ဒရစ်အသင်းကို တိုက်တွန်းသွားခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စတာလင်းအနေနဲ့ ပက်ပ် ဂွါဒီယိုလာရဲ့အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရခဲ့တဲ့ ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ပြိုင်ပွဲစုံ ၄၇ ပွဲကစားခဲ့ချိန်မှာ သွင်းဂိုး ၁၇ ဂိုး ရရှိခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။