စကိုင်းစပေါ့အီတလီယာပါသတင်းအရ ရီရဲမက်ဒရစ်တို့ရဲ့ ဆားဘီးယားတိုက်စစ်မှူး လူကာဂျိုဗစ်ဟာ ထူးခြားတဲ့သဘောတူညီမှုတရပ်နဲ့အတူ ယခုအပတ်အတွင်းမှာ ဖလော့ရင့်မြို့ကိုရောက်ရှိလာတော့မှာဖြစ်တယ်လို့သိရပါတယ်။ ရီရဲမက်ဒရစ်နဲ့ ဖီအိုရင်တီးနားကြားမှာ အလွတ်ပြောင်းရွှေ့ကြေးတရပ်နဲ့ ၂၄နှစ်သားကို သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး တခြားသောကိစ္စတွေကလဲ အတွင်းရေးအဖြစ်ရှိနေပါသေးတယ်။

လော့ဘလန်ကို့စ်တို့နဲ့ ၂၀၂၅ခုနှစ်နွေရာသီအထိ စာချုပ်သက်တမ်းကျန်နေသေးပေမဲ့လဲ ဖီအိုရင်တီးနားတို့ဘက်က အလကားနီးပါးတန်ဖိုးတခုနဲ့ ဆားဘီးယားစတားကိုရရှိလိုက်တာလို့ အဆိုပါသတင်းကဆိုပါတယ်။ လာမဲ့၉ရက်နေ့မှာ ဖလော့ရင့်မြို့ကို လူကာဂျိုဗစ်ဆိုက်ရောက်လာမှာဖြစ်ပြီး ကလပ်နဲ့ ၂နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။ ဒါဟာ သူတို့ရဲ့ထိပ်တန်းတိုက်စစ်မှူး ဆားဘီးယားဂိုးသွင်းစက် ဗလာဟိုဗစ်ကိုဂျူဗင်တပ်တို့ထံရောင်းချထားခဲ့တဲ့ ဖီအိုရင်တီးနားတို့အတွက် နောက်ထပ်အကျိုးရှိတဲ့ ဆားဘီးယားတိုက်စစ်မှူးခေါ်ယူမှုတခုဖြစ်လာတော့မယ်လို့ယူဆရပါတယ်။

ဂျိုဗစ်ဟာ ဖီအိုရင်တီးနားမှာ ၂၀၂၄ခုနှစ်အထိရှိနေတော့မှာဖြစ်ပြီး တရာသီကို မက်ဒရစ်ဘက်က ယူရို၂သန်းခွဲရရှိသွားမှာဖြစ်ကာ ကျန်လစာကိုတော့ ဖလော့ရင့်ကလပ်ဘက်ကပေးချေရမှာဖြစ်ပါတယ်။ သူ့ရဲ့လက်ရှိလစာဟာ တနှစ်ကိုယူရို၆သန်းဝန်းကျင်ဖြစ်တယ်လို့သိရပြီး ၂နှစ်စာချုပ်ကုန်ဆုံးချိန်မှာတော့ လစာလျော့ကျသွားဖို့ရှိနေပါတယ်။ ပထမကာလအငှားစာချုပ်ကုန်ဆုံးချိန်မှာ ဖီအိုရင်တီးနားတို့ဘက်က နောက်ထပ်နှစ်နှစ်အထိသက်တမ်းတိုးခေါ်ယူခွင့်ကို

စာချုပ်ထဲမှာထည့်သွင်းချုပ်ဆိုထားပြီး အဆိုပါစာချုပ်ဖြစ်ပေါ်လာခဲ့မယ်ဆိုရင်တော့ ကစားသမားလစာကို ဖလော့ရင့်ကလပ်ဘက်ကကျခံသွားရမှာဖြစ်ပြီး လစာကတရာသီယူရို၅သန်းဖြစ်သွားမှာလို့ဆိုပါတယ်။ ပီရက်ဇ်ဘက်က ဖီအိုရင်တီးနားတို့ထံကို ကလပ်ရဲ့ပိုလျံနေတဲ့ကစားသမားကို အပိုင်ပေးအပ်ထားမဲ့သဘောမျိုးဖြစ်ပြီး စာချုပ်သက်တမ်းမကုန်မချင်း အနာဂတ်မှာ ဖီအိုတို့ပြန်လည်ရောင်းချဖြစ်ခဲ့မယ်ဆိုပါက ရီရဲမက်ဒရစ်ဘက်က ပြောင်းရွှေ့ကြေးရဲ့၅၀%ကို ပိုင်ဆိုင်ခွင့်ရမှာလဲဖြစ်ပါတယ်။

ဂျိုဗစ်ဟာ ရီရဲတို့ထံကို ၂၀၁၉ ခုနှစ်တုန်းက ယူရို၆၅သန်းပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ဖရန့်ဖွတ်မှာတုန်းကလိုခြေစွမ်းပြသခွင့်ဆုံးရံှုးနေရသူဖြစ်ပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒိုမရှိတော့တဲ့နောက်ပိုင်း ဘန်ဇီမာရဲ့တဟုန်ထိုးတောက်ပလာမှုမှာ ပျောက်ဆုံးခဲ့ရသူ ၂၄နှစ်သားဟာ လူစားဝင်ကစားသမားအဖြစ်ပွဲအများစုကိုဖြတ်သန်းခဲ့ရပြီး ၄၇ပွဲမှာ ၃ဂိုးသာရရှိထားပါသေးတယ်။m

ZAWGYI: စကိုင်းစပေါ့အီတလီယာပါသတင်းအရ ရီရဲမက်ဒရစ်တို့ရဲ့ ဆားဘီးယားတိုက်စစ်မှူး လူကာဂျိုဗစ်ဟာ ထူးခြားတဲ့သဘောတူညီမှုတရပ်နဲ့အတူ ယခုအပတ်အတွင်းမှာ ဖလော့ရင့်မြို့ကိုရောက်ရှိလာတော့မှာဖြစ်တယ်လို့သိရပါတယ်။ ရီရဲမက်ဒရစ်နဲ့ ဖီအိုရင်တီးနားကြားမှာ အလွတ်ပြောင်းရွှေ့ကြေးတရပ်နဲ့ ၂၄နှစ်သားကို သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး တခြားသောကိစ္စတွေကလဲ အတွင်းရေးအဖြစ်ရှိနေပါသေးတယ်။

လော့ဘလန်ကို့စ်တို့နဲ့ ၂၀၂၅ခုနှစ်နွေရာသီအထိ စာချုပ်သက်တမ်းကျန်နေသေးပေမဲ့လဲ ဖီအိုရင်တီးနားတို့ဘက်က အလကားနီးပါးတန်ဖိုးတခုနဲ့ ဆားဘီးယားစတားကိုရရှိလိုက်တာလို့ အဆိုပါသတင်းကဆိုပါတယ်။ လာမဲ့၉ရက်နေ့မှာ ဖလော့ရင့်မြို့ကို လူကာဂျိုဗစ်ဆိုက်ရောက်လာမှာဖြစ်ပြီး ကလပ်နဲ့ ၂နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။ ဒါဟာ သူတို့ရဲ့ထိပ်တန်းတိုက်စစ်မှူး ဆားဘီးယားဂိုးသွင်းစက် ဗလာဟိုဗစ်ကိုဂျူဗင်တပ်တို့ထံရောင်းချထားခဲ့တဲ့ ဖီအိုရင်တီးနားတို့အတွက် နောက်ထပ်အကျိုးရှိတဲ့ ဆားဘီးယားတိုက်စစ်မှူးခေါ်ယူမှုတခုဖြစ်လာတော့မယ်လို့ယူဆရပါတယ်။

ဂျိုဗစ်ဟာ ဖီအိုရင်တီးနားမှာ ၂၀၂၄ခုနှစ်အထိရှိနေတော့မှာဖြစ်ပြီး တရာသီကို မက်ဒရစ်ဘက်က ယူရို၂သန်းခွဲရရှိသွားမှာဖြစ်ကာ ကျန်လစာကိုတော့ ဖလော့ရင့်ကလပ်ဘက်ကပေးချေရမှာဖြစ်ပါတယ်။ သူ့ရဲ့လက်ရှိလစာဟာ တနှစ်ကိုယူရို၆သန်းဝန်းကျင်ဖြစ်တယ်လို့သိရပြီး ၂နှစ်စာချုပ်ကုန်ဆုံးချိန်မှာတော့ လစာလျော့ကျသွားဖို့ရှိနေပါတယ်။ ပထမကာလအငှားစာချုပ်ကုန်ဆုံးချိန်မှာ ဖီအိုရင်တီးနားတို့ဘက်က နောက်ထပ်နှစ်နှစ်အထိသက်တမ်းတိုးခေါ်ယူခွင့်ကို

စာချုပ်ထဲမှာထည့်သွင်းချုပ်ဆိုထားပြီး အဆိုပါစာချုပ်ဖြစ်ပေါ်လာခဲ့မယ်ဆိုရင်တော့ ကစားသမားလစာကို ဖလော့ရင့်ကလပ်ဘက်ကကျခံသွားရမှာဖြစ်ပြီး လစာကတရာသီယူရို၅သန်းဖြစ်သွားမှာလို့ဆိုပါတယ်။ ပီရက်ဇ်ဘက်က ဖီအိုရင်တီးနားတို့ထံကို ကလပ်ရဲ့ပိုလျံနေတဲ့ကစားသမားကို အပိုင်ပေးအပ်ထားမဲ့သဘောမျိုးဖြစ်ပြီး စာချုပ်သက်တမ်းမကုန်မချင်း အနာဂတ်မှာ ဖီအိုတို့ပြန်လည်ရောင်းချဖြစ်ခဲ့မယ်ဆိုပါက ရီရဲမက်ဒရစ်ဘက်က ပြောင်းရွှေ့ကြေးရဲ့၅၀%ကို ပိုင်ဆိုင်ခွင့်ရမှာလဲဖြစ်ပါတယ်။

ဂျိုဗစ်ဟာ ရီရဲတို့ထံကို ၂၀၁၉ ခုနှစ်တုန်းက ယူရို၆၅သန်းပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ဖရန့်ဖွတ်မှာတုန်းကလိုခြေစွမ်းပြသခွင့်ဆုံးရံှုးနေရသူဖြစ်ပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒိုမရှိတော့တဲ့နောက်ပိုင်း ဘန်ဇီမာရဲ့တဟုန်ထိုးတောက်ပလာမှုမှာ ပျောက်ဆုံးခဲ့ရသူ ၂၄နှစ်သားဟာ လူစားဝင်ကစားသမားအဖြစ်ပွဲအများစုကိုဖြတ်သန်းခဲ့ရပြီး ၄၇ပွဲမှာ ၃ဂိုးသာရရှိထားပါသေးတယ်။