ဗယ်လ်ဗာဒီရဲ့ညာခြမ်းက အနိမ့်ဖြတ်ပို့မှုကို လွတ်လွတ်ကျွတ်ကျွတ်၀င်ပိတ်ခဲ့တဲ့ ဗင်နင်းရှပ်ဂျူနီယာရဲ့ တလုံးတည်းသောဒုတိယပိုင်းဂိုးနဲ့ ၁၄ကြိမ်မြောက်ချန်ပီယံလိဂ်ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ရီရဲမက်ဒရစ်တို့ကို ဒုတိယအကြိမ်ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးတို့ရဲ့ ဘယ်နောက်ခံလူ ဒန်ဒီရောဘတ်ဆန်က ပွဲအပြီးအ၀တ်လဲခန်းအခြေအနေကိုထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လီဗာပူးတို့ဟာ ယခုနှစ်ရာသီမှာပြည်တွင်းရံှုးထွက်ဆုဖလားနှစ်လုံးလုံးကို အောင်နိုင်ခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှာ မန်စီးတီးတို့ကိုပွတ်ကာသီကာအရေးနိမ့်ခဲ့သလို ယခုထပ်မံပြီး လော့ဘလန်ကို့စ်တို့ကို ဂိုးပေါက်တည့်တဲ့ခြိမ်းခြောက်မှု၉ကြိမ်အထိအသာစီးယူနိုင်ခဲ့ပေမဲ့ ဂိုးပေါက်ရှာမတွေ့ခဲ့ပဲ ရီရဲတို့ရဲ့တလုံးတည်းသောဂိုးပေါက်တည့်တဲ့ကန်ချက်မှာပွတ်ကာသီကာရံှုးနိမ့်ခဲ့ပြန်တာဖြစ်ပါတယ်။

အ၀တ်လဲခန်းက လုံး၀တိတ်ဆိတ်နေပါတယ်။ ၀မ်းနည်းပက်လက်ဖြစ်စေခဲ့တာပေါ့။ ဒါမျိုးက ခင်ဗျားဗိုလ်လုပွဲတွေမှာ အနိုင်မရတဲ့အခါတိုင်းမှာ ဖြစ်နေကျဆိုတာမျိုးပေါ့ လို့စကော့တလန်သားကဆိုပါတယ်။ လီဗာပူးတို့ဟာ ပွဲချိန်မိနစ်၉၀အတွင်း ရီရဲမက်ဒရစ်ဂိုးပေါက်ကို ၂၃ကြိမ်အထိဂိုးရဖို့အားထုတ်ခဲ့ကြပြီး ၉ကြိမ်ဂိုးပေါက်တည့်ကာ ၆ကြိမ်လွဲချော်ခဲ့ပြီး ၆ကြိမ်ကတော့ ဘေလာ့မိခဲ့တယ္လို့ အချက်အလက်မှတ်တမ်းတွေအရသိရပါတယ်။ မက်ဒရစ်တို့ကတော့ လီဗာပူးရဲ၃ကြိမ်ပဲဂိုးပေါက်ကန်သွင်းချက်ရှိခဲ့ပြီး ဂိုးပေါက်တည့်တဲ့တကြိမ်မှာ တဂိုးရသွားခဲ့တာဖြစ်ပါတယ်။

ရောဘတ်ဆန်ကတော့ ဒီပွဲမှာလီဗာပူးတို့ရဲ့အားထုတ်မှုကို အကြိမ်ကြိမ်ကာကွယ်သွားနိုင်ခဲ့သူ ချယ်လ်ဆီးဂိုးသမားဟောင်း ကော်တွိုက်ကို ချီးကျူးသွားခဲ့ပြီး ဒါကမယုံနိုင်စရာပဲလို့ပြောသွားခဲ့ပါတယ်။ “ကျနော်တို့ အခွင့်အရေးတွေရထားခဲ့တာပါ။ ဒါပေမဲ့လဲ မယုံနိုင်စရာဂိုးသမားတယောက်ကိုရင်ဆိုင်ခဲ့ရတာကြောင့် ဒါကအချည်းအနှီးဖြစ်ခဲ့ပါတယ်။ အရိုးသားဆုံးပြောရရင်တော့ ကျနော်တို့ ဒီ့ထက်ပိုပြီးတော့ ကောင်းမွန်အောင်ကစားနိုင်ကြပါတယ်။ ဒုတိယပိုင်းအစကို ကျနော်တို့ ကောင်းကောင်းမစတင်နိုင်ခဲ့ကြပါဘူး။ နောက်တော့ သူတို့ပွဲကို ကိုင်တွယ်ခွင့်ရသွားခဲ့ကြပါတယ်။”

“ခင်ဗျားအနေနဲ့ အတွေ့အကြုံရင့်တဲ့အသင်းတသင်းနဲ့ အခုလိုမျိုးရင်ဆိုင်ရတဲ့အခါမျိုးမှာ သူတို့က ဗိုလ်လုပွဲကို ဘယ်လိုမျိုးအနိုင်ယူရမယ်ဆိုတာကို သိကြပါတယ်။ ကျနော်တို့ဟာ ဖိအားပေးကစားတဲ့အသင်းတသင်းပါ။ ဒါက ကျနော်တို့အတွက် အကြိမ်ပေါင်းများစွာအလုပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လဲ ဒါကဘောလုံးပါပဲ။ အရမ်းကိုအတွေ့အကြုံရင့်တဲ့အသင်းတသင်းဆီကနေ ဂိုးပြန်ရဖို့အတွက် ရင်ဆိုင်ကစားရတာက တော်တော်လေးခက်ခဲ့ပါတယ်။ သူတို့က ပြဲကို ဘယ်လိုအပြတ်ဖြတ်ရမလဲဆိုတာကို သိကြတဲ့သူတွေပါ။” လို့သူကဆိုသွားခဲ့ပါတယ်။

လီဗာပူးတို့ဟာ ဒီပွဲကိုသာအနိုင်ရခဲ့မယ်ဆိုရင် သူတို့ရဲ့သမိုင်းတလျှောက် ၇ကြိမ်မြောက်ရရှိတဲ့ ချန်ပီယံလိဂ်ဆုဖလားဖြစ်ခဲ့မှာဖြစ်ပြီး အေစီမီလန်တို့နဲ့ အရေအတွက်တူညီသွားတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့လဲ အခုတော့ ရီရဲတို့က ၁၄ကြိမ်မြောက်အဖြစ်သိမ်းပိုက်သွားနိုင်ခဲ့တာကြောင့် ဒုတိယနေရာကမီလန်တို့ထက် အကြိမ်အရေအတွက် ၂ဆအထိသာလွန်သွားခဲ့ပြီဖြစ်ကာ တတိယနေရာကအအောင်မြင်ဆုံးအသင်းဖြစ်တဲ့ လီဗာပူးတို့ထက် ၈ကြိမ်အထိသာလွန်သွားခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ မိုဆာလာဟာချန်ပီယံလိဂ်သမိုင်းတလျှောက် ဖိုင်နယ်မှာ အများဆုံးသောဂိုးပေါက်ခြိမ်းခြောက်မှုအရေအတွက်အဖြစ် တဦးတည်း ဂိုးပေါက်တည့်တဲ့ကန်သွင်းချက် ၆ကြိမ်အထိ ပြုလုပ်သွားနိုင်ခဲ့တယ်လို့ သိရပါတယ်။ တဖက်မှာလဲ သမိုင်းတလျှောက်အများဆုံးစံချိန်အဖြစ် ရီရဲမက်ဒရစ်ဂိုးသမား ကော်တွိုက်က ဖိုင်နယ်မှာ ၉ကြိမ်အထိ ကာကွယ်နိုင်ခဲ့တဲ့ ဂိုးသမားဆိုတဲ့ ဂုဏ်ပုဒ်ကိုရယူသွားခဲ့ပါတယ်။

ZAWGYI: ဗယ်လ်ဗာဒီရဲ့ညာခြမ်းက အနိမ့်ဖြတ်ပို့မှုကို လွတ်လွတ်ကျွတ်ကျွတ်၀င်ပိတ်ခဲ့တဲ့ ဗင်နင်းရှပ်ဂျူနီယာရဲ့ တလုံးတည်းသောဒုတိယပိုင်းဂိုးနဲ့ ၁၄ကြိမ်မြောက်ချန်ပီယံလိဂ်ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ရီရဲမက္ဒရစ္တို့ကို ဒုတိယအကြိမ်ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးတို့ရဲ့ ဘယ်နောက်ခံလူ ဒန်ဒီရောဘတ်ဆန်က ပွဲအပြီးအ၀တ်လဲခန်းအခြေအနေကိုထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လီဗာပူးတို့ဟာ ယခုနှစ်ရာသီမှာပြည်တွင်းရံှုးထွက်ဆုဖလားနှစ်လုံးလုံးကို အောင်နိုင်ခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှာ မန်စီးတီးတို့ကိုပွတ်ကာသီကာအရေးနိမ့်ခဲ့သလို ယခုထပ်မံပြီး လော့ဘလန်ကို့စ်တို့ကို ဂိုးပေါက်တည့်တဲ့ခြိမ်းခြောက်မှု၉ကြိမ်အထိအသာစီးယူနိုင်ခဲ့ပေမဲ့ ဂိုးပေါက်ရှာမတွေ့ခဲ့ပဲ ရီရဲတို့ရဲ့တလုံးတည်းသောဂိုးပေါက်တည့်တဲ့ကန်ချက်မှာပွတ်ကာသီကာရံှုးနိမ့်ခဲ့ပြန်တာဖြစ်ပါတယ်။