လီဗာပူးလ် တိုက်စစ်မှူး မိုဟာမက် ဆာလာက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ သူတို့နဲ့ ကစားရမယ့် ပြိုင်ဘက် အသင်း ပေါ်ထွက် လာခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ရင်ဆိုင်ရမယ့် အခွင့်အရေးကို သဘောကျနေကြောင်း သိရပါတယ်။ ကြိုးကြာနီတို့ဟာ ဒီပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ဗီလာရီးရဲလ် အသင်းကို အနိုင်ရခဲ့ပြီး၊ မေလ၂၈ရက်နေ့ ပဲရစ်မှာ ကျင်းပမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်ကာ ချန်ပီယံဆု အတွက် ပြိုင်ဘက်ကို အသင့် စောင့်နေခဲ့ပါတယ်။

လီဗာပူးလ် အသင်းနဲ့ ဗိုလ်လုပွဲမှာ ယှဉ်ပြိုင်ရတော့မယ့် ရီးရဲလ်မက်ဒရစ် အသင်းဟာ ဗုဒ္ဓဟူးညက မန်စီးတီး အသင်းကို အချိန်ပို သွင်းဂိုးတွေနဲ့ အိပ်မက်ဆန်ဆန် ဖြတ်ကျော်လာခဲ့ပြီး၊ သူတို့ရဲ့ ချန်ပီယံလိဂ် သမ္ဘာကို ပြသခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းက မန်စီးတီး အသင်းကို အနိုင်ရခဲ့ပြီးနောက် အသက် ၂၉နှစ်အရွယ် လီဗာပူးလ် တိုက်စစ်မှူး မိုဟာမက် ဆာလာက သူ့ရဲ့ တွစ်တာမှာ “စာရင်းရှင်းစရာတွေ ရှိနေတယ်”ဆိုတဲ့ မှတ်ချက်မျိုး ရေးသားခဲ့တာ တွေ့ရပါတယ်။

ယခုအခါမှာတော့ ဆာလာက ရီးရဲလ်မက်ဒရစ် အသင်းနဲ့ တွေ့ဆုံချင်တာ သူတယောက်တည်း မဟုတ်ပဲ လီဗာပူးလ် အသင်းနဲ့ ပတ်သက်သူတိုင်းဟာ ဒီလို ဆန္ဒမျိုး ရှိနေတယ်လို့ အခုလို ထုတ်ပြောလိုက်ပါတယ်။ “လီဗာပူးလ်မှာရှိတဲ့ လူတိုင်းကို ခင်ဗျား လိုက်မေးကြည့်လေ။ သူတို့အားလုံးက ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ပဲ တွေ့ချင်တယ်လို့ ပြောကြမှာပါ။ ကျွန်တော်တို့ အနေနဲ့ ဘာကြောင့် ဒီအကြောင်းကို ပြောခွင့်မရတာလဲ ဆိုတာ နားမလည်နိုင်ပါဘူး။”

“ဒါပေမယ့် ကျွန်တော် တစ်ယောက်တည်း အနေနဲ့တော့ ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ကစားချင်တယ် ဆိုတဲ့စကား ပြောဖို့အတွက် အဆင်ပြေပါတယ်။ ဟုတ်ပါတယ် ကျွန်တော် သူတို့နဲ့တွေ့ဖို့ မျှော်လင့်ထားတာပါ။ အဲဒီစကားက အခုမှပြောတာ မဟုတ်ပါဘူး၊ သူတို့ မန်စီးတီး အသင်းနဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ မကစားခင် ကတည်းက ကျွန်တော် ပြောခဲ့တာပါ။ သူတို့ဟာ ကြီးကျယ်ခမ်းနားတဲ့ နည်းပြနဲ့ ထိပ်တန်း ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ မယုံနိုင်စရာ အသင်းတစ်သင်းပါ။”

“ဒါပေမယ့် ကျွန်တော့် စကားက သူတို့ကို အလွန်အကျွံ ချီးကျူးတာမျိုး မဟုတ်ပါဘူး၊ အရှိကို အရှိအတိုင်းပဲ ပြောပြတာပါ။ သူတို့ မန်စီးတီးနဲ့ မကစားခင်က ဗိုလ်လုပွဲမှာ ဘယ်အသင်းနဲ့ တွေ့ချင်လဲ ဆိုတဲ့မေးခွန်းမျိုး အမေးခံခဲ့ရပါတယ်။ အဲဒီမေးခွန်းက ကျွန်တော့် အတွက် သိပ်မခက်ပါဘူး။ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ တွေ့ချင်တယ်လို့ လွယ်လွယ်လေးပဲ ပြန်ဖြေခဲ့ပါတယ်။ ဒီပွဲကို ကျွန်တော် အပါအဝင် လီဗာပူးလ် အသင်းနဲ့ ပတ်သက်သူတိုင်း မျှော်လင့်နေတာပါ။”

ဆာလာနဲ့ ရီးရဲလ်မက်ဒရစ် အသင်းကြားမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ မှတ်တမ်းတွေ ရှိနေပါတယ်။ သူဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ တွေ့ဆုံခဲ့ဖူးတဲ့ ၅ကြိမ်မှာ ၄ကြိမ်ရှုံးနိမ့်ကာ ၁ကြိမ် သရေရလဒ် ထွက်ပေါ်ခဲ့ပြီး၊ အဆိုပါ တွေ့ဆုံမှုတွေမှာ ၁ဂိုးသာ သွင်းယူ နိုင်ခဲ့ပါတယ်။ လီဗာပူးလ် အသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ၂၀၁၇-၂၀၁၈ခုနှစ် ဘောလုံးရာသီက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့ဖူးပါတယ်။ အဆိုပါပွဲမှာ ကြိုးကြာနီ တိုက်စစ်မှူး ဆာလာဟာ ဒဏ်ရာကြောင့် ပွဲချိန် အစောပိုင်းမှာပဲ လူစားလဲ ခံခဲ့ရပါတယ်။ ဒါ့ကြောင့် ဒီတကြိမ် တွေ့ဆုံမှုဟာ ဆာလာ အတွက် ရီးရဲလ်မက်ဒရစ် အသင်းကို လက်စားချေနိုင်မယ့် အခွင့်အရေး တစ်ခုဖြစ်ပြီး၊ ၂၀၁၇-၂၀၁၈ခုနှစ် ဘောလုံးရာသီက ချန်ပီယံလိဂ် ဗိုလ်လုပွဲ အရှုံးကို ရှုံးကြွေး ပြန်ဆပ်နိုင်မလား စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

ZAWGYI: လီဗာပူးလ် တိုက်စစ်မှူး မိုဟာမက် ဆာလာက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ သူတို့နဲ့ ကစားရမယ့် ပြိုင်ဘက် အသင်း ပေါ်ထွက် လာခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ရင်ဆိုင်ရမယ့် အခွင့်အရေးကို သဘောကျနေကြောင်း သိရပါတယ်။ ကြိုးကြာနီတို့ဟာ ဒီပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ဗီလာရီးရဲလ် အသင်းကို အနိုင်ရခဲ့ပြီး၊ မေလ၂၈ရက်နေ့ ပဲရစ်မှာ ကျင်းပမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်ကာ ချန်ပီယံဆု အတွက် ပြိုင်ဘက်ကို အသင့် စောင့်နေခဲ့ပါတယ်။