တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ကိုင်လီယန်အမ်ဘက်ပီနဲ့ ပီအက်စ်ဂျီဥက္ကဌ နတ်ဆာအယ်လ်ခယ်လိုင်ဖီတို့ အတူတူတက်ရောက်ပြောဆိုခဲ့ပါတယ်။ ပါရီစိန့်ဂျာမန်းမှာဆက်နေဖို့ သူ့ရဲ့ဆုံးဖြတ်ချက်ဟာ စိတ်ခံစားချက်ပိုင်းဆိုင်ရာအကြောင်းရင်းများပေါ်မှာ တစိတ်တပိုင်းအခြေခံခဲ့ကြောင်း ကိုင်လီယန်အမ်ဘက်ပီက ပြောပါတယ်။ ကလပ်မှာ နောက်ထပ်ရေးသားဖို့ အံ့မခန်းတဲ့အခန်းစဉ်သစ်တွေ ထပ်ရှိနေသေးတယ်လို့ သူယုံကြည်ကြောင်းလည်း ပြောခဲ့ပါတယ်။

ဒီတပတ်ပိတ်ရက်မှာ လိဂ်ဝမ်းချန်ပီယံအသင်းနဲ့ပဲ သုံးနှစ်စာချုပ်သစ်လက်မှတ်ထိုးဖို့အတွက် ရီးယဲမက်ဒရစ်အပြောင်းအရွှေ့ကို ၂၃ နှစ်သားတိုက်စစ်မှူးက ငြင်းပယ်ခဲ့ပါတယ်။ ဒီသဘောတူညီမှုဟာ သံသယဖြစ်ဖွယ်ရာကောင်းတယ်လို့ မှတ်ချက်ပြုပြီး ဒီသတင်းကို စပိန်လာလီဂါက ဒေါသတကြီးတုံ့ပြန်ခဲ့ပါတယ်။ “ကိုယ့်နိုင်ငံကိုစွန့်ခွာခြင်းက မှန်ကန်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒီ့အတွက် စိတ်ခံစားချက်ပိုင်းဆိုင်ရာအကြောင်းရင်းတခုလည်း ရှိနေပါတယ်။ ဒါက ကျနော့်နိုင်ငံပါ။”

“ရှေ့ဆက်နေတဲ့ပရောဂျက်ကလည်း ပြောင်းလဲခဲ့ပါတယ်။ ဒီမှာဆက်နေဖို့ ကျနော့်ကို အဲဒီအရာကဖန်တီးခဲ့တာပါ၊ ဘာလို့လဲဆိုတော့ ကျနော့်ဇာတ်လမ်းက ပြီးဆုံးပြီလို့ ကျနော်မထင်လို့ပါ။ ဒါက ကျနော့်အတွက် စုပေါင်းအားဖြင့်ရော တကိုယ်ရည်အားဖြင့်ပါ သက်ဆိုင်ပါတယ်။ ရေးသားစရာ နောက်ထပ်အံ့မခန်းတဲ့အခန်းစဉ်တွေ အများကြီးရှိနေတယ်လို့ ကျနော်ထင်ပါတယ်။” လို့ အမ်ဘက်ပီက ပြောခဲ့ပါတယ်။ ၂၀၁၇ မှာ ပီအက်စ်ဂျီကိုမပြောင်းရွှေ့ခင် အမ်ဘက်ပီဟာ သူ့ရဲ့ကစားသမားဘဝကို မိုနာကိုမှာစတင်ခဲ့တာဖြစ်ပါတယ်။ အပြီးသတ်အပြောင်းအရွှေ့မလုပ်ခင် ကနဦးမှာအငှားနဲ့ရောက်လာတာပါ။

ကလပ်ကိုရောက်လာပြီးကတည်းက လိဂ်ဝမ်းချန်ပီယံဆု ၄ ကြိမ်နဲ့ ပြင်သစ်ဖလား ၃ ကြိမ်ရရှိခဲ့ပါတယ်။ ချန်ပီယံလိဂ်အောင်မြင်မှုကတော့ ပီအက်စ်ဂျီတို့အတွက် အခုထက်ထိပုန်းကွယ်နေဆဲဖြစ်ပါတယ်၊ ဒါပေမဲ့ အခုအမ်ဘက်ပီဆက်နေတာနဲ့အတူ ဥရောပအောင်မြင်မှုဂုဏ်သရေကို ရရှိနိုင်တော့မယ်လို့ နတ်ဆာအယ်လ်ခယ်လ်လိုင်ဖီက ယုံကြည်နေပါတယ်။ “နောက်ထပ်ဆုဖလားတွေ ကျနော်တို့ဖန်တီးချင်ပါတယ်။ လက်ရှိအချိန်ထိ ကျနော်တို့အများကြီးအောင်မြင်ထားပါတယ်၊ နောက်ထပ်အများကြီး ကျနော်တို့အောင်မြင်ချင်ပါတယ်။”

“ချန်ပီယံလိဂ်ကို ကျနော်တို့အနိုင်ရချင်ပါတယ်။ ကျနော်တို့ရဲ့အားကစားရည်မှန်းချက်ပန်းတိုင်များနဲ့အတူ တူညီတဲ့လမ်းကြောင်းအတိုင်း ကျနော်တို့ဦးတည်သွားနေပါတယ်။” လို့ အမ်ဘက်ပီက ထပ်မံဖြည့်စွက်ပါတယ်။ သူဆက်နေအောင်ဆွဲဆောင်စည်းရုံးဖို့အတွက် အားထုတ်မှုတခုမှာ ကလပ်ရေးရာဆုံးဖြတ်ချက်များအပေါ် ထိန်းချုပ်ခွင့်များကိုပါ ပီအက်စ်ဂျီတို့ကကမ်းလှမ်းခဲ့တယ်ဆိုတဲ့ သတင်းတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ကလပ်အတွက် သူ့ရဲ့တခုတည်းသောအာရုံစိုက်မှုနဲ့ တာဝန်ရှိမှုက ကွင်းထဲမှာ သူလုပ်နိုင်တာပဲဖြစ်တယ်လို့ သူကဆိုပါတယ်။

“ကျနော်က အသင်းရဲ့အစိတ်အပိုင်းဖြစ်တဲ့ ဘောလုံးသမားတယောက်အဖြစ်ရှိနေဆဲပါ။ ပြီးတော့ ဒီအခန်းကဏ္ဍထက်ကျော်ပြီး ကျနော်သွားမှာမဟုတ်ပါဘူး။ မနှစ်တုန်းက ကျနော်ထွက်ခွာချင်ခဲ့တာကို လူတိုင်းသိကြပြီး ဒါက အကောင်းဆုံးရွေးချယ်မှုပဲလို့ ကျနော်ယုံကြည်ခဲ့တာပါ၊ ဒါပေမဲ့ နှစ်တွေဖြတ်သန်းလာတဲ့အခါ ကိစ္စတွေ ပြောင်းလဲသွားပါတယ်။” လို့ သူကတုံ့ပြန်ပါတယ်။ ပီအက်စ်ဂျီမှာ အမ်ဘက်ပီဆက်နေဖို့ဆုံးဖြတ်ချက်ကို တုံ့ပြန်မှုမှာ ယူအီးအက်ဖ်အေနဲ့အတူ ပြင်သစ်နဲ့အီးယူအာဏာပိုင်များကိုပါ ကွန်ပလိန်းဖိုင်တွဲဖို့ အစီအစဉ်များကို စပိန်လာလီဂါက ကြေညာခဲ့ပါတယ်။

ဒါ့အပြင် ဒီသဘောတူညီမှုကိုလည်း သံသယဖြစ်ဖွယ်ရာလို့ အမည်တပ်ခဲ့ပါတယ်။ ဥရောပဘောလုံးရဲ့ စီးပွားရေးဆိုင်ရာရေရှည်တည်တံ့ခိုင်မာရေးကို ဒီကိစ္စကခြိမ်းခြောက်နေတယ်လို့ လာလီဂါဥက္ကဌ ဇာဗီးယားတေဘက်စ်က ပြောခဲ့ပါတယ်။ “လိဂ်ဝမ်းက လာလီဂါထက် ပိုကောင်းအောင်လုပ်နိုင်ရင် ဒါက ကောင်းတဲ့ကိစ္စတခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။”

“လာလီဂါဟာ လွန်ခဲ့တဲ့သုံးလေးနှစ်ကလာလီဂါ မဟုတ်တော့ပါဘူး။ ကလပ်အားလုံးအတွက် ကျနော့်မှာလေးစားမှုရှိပါတယ်၊ ဒါပေမဲ့ ကျနော်တို့လည်းလေးစားမှုလိုအပ်ပါတယ်။ ကမ္ဘာမှာအကောင်းဆုံးကစားသမား ကျနော်တို့မှာရှိပါတယ်၊ ကျနော်တို့အတွက် ဒါကအရေးအကြီးဆုံးပါ။ အခြားသူတွေပြောတဲ့အရာတွေအတွက်ကတော့ ဒါကအရေးအရာတခုမဟုတ်ပါဘူး။ ဒါတွေကို ကျနော်နားထောင်မနေပါဘူး။” လို့ ပီအက်စ်ဂျီဥက္ကဌ နတ်ဆာအယ်လ်ခယ်လိုင်ဖီက ပြောခဲ့ပါတယ်။

ZAWGYI: တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ကိုင်လီယန်အမ်ဘက်ပီနဲ့ ပီအက်စ်ဂျီဥက္ကဌ နတ်ဆာအယ်လ်ခယ်လိုင်ဖီတို့ အတူတူတက်ရောက်ပြောဆိုခဲ့ပါတယ်။ ပါရီစိန့်ဂျာမန်းမှာဆက်နေဖို့ သူ့ရဲ့ဆုံးဖြတ်ချက်ဟာ စိတ်ခံစားချက်ပိုင်းဆိုင်ရာအကြောင်းရင်းများပေါ်မှာ တစိတ်တပိုင်းအခြေခံခဲ့ကြောင်း ကိုင်လီယန်အမ်ဘက်ပီက ပြောပါတယ်။ ကလပ်မှာ နောက်ထပ်ရေးသားဖို့ အံ့မခန်းတဲ့အခန်းစဉ်သစ်တွေ ထပ်ရှိနေသေးတယ်လို့ သူယုံကြည်ကြောင်းလည်း ပြောခဲ့ပါတယ်။