မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ယခုနှစ် နွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ သိရပြီး၊ ဒီတိုက်စစ်မှူးဟာ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြန်လည် ပြောင်းရွှေ့ချင်လိမ့်မယ်လို့ လိုင်လီ နောက်ခံလူ ဂျို့စ်ဖွန်တီက ယုံကြည်နေပါတယ်။ အသက် ၃၇နှစ်အရွယ်ရှိ ရော်နယ်လ်ဒိုဟာ သရဲနီတို့ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် လွဲချော်မှုကြောင့် အိုးလ်ထရက်ဖို့ဒ်က ထွက်ခွာလိုကြောင်း အသင်း တာဝန်ရှိသူတွေထံ ပြောကြားခဲ့တယ်လို့ သိရပြီး၊ ဒီပေါ်တူဂီ ကြယ်ပွင့်ကို ချဲလ်ဆီး၊ ဘိုင်ယန်မြူးနစ်နဲ့ နာပိုလီ အသင်းတို့က ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။

ဒါပေမယ့် အဆိုပါ ဝါရင့် တိုက်စစ်မှူးကြီးအနေနဲ့ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြန်လည် ပြောင်းရွှေ့တာက အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ပေါ်တူဂီ လက်ရွေးစင် အသင်းမှာ ရော်နယ်လ်ဒိုနဲ့ တွဲကစားခဲ့ဖူးတဲ့ နောက်ခံလူ ဂျို့စ်ဖွန်တီက သုံးသပ်ထားပါတယ်။ ယူနိုက်တက်ကနေ ရော်နယ်လ်ဒို ထွက်ခွာချင်ရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ဂျို့စ်ဖွန်တီက “ကျွန်တော် သိတာကတော့ ရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပါဝင် ကစားရတာကို နှစ်သက်တယ် ဆိုတာပါပဲ။ အဲဒီပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးလို့ သူက ယုံကြည်နေတဲ့ သူပါ။”

“နောက်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပါဝင် ကစားခွင့်ရခဲ့ရင် ဘလွန်းဒီအော်ဆု ရယူနိုင်ဖို့ ဘယ်လို စွမ်းဆောင်ရမလဲ ဆိုတာကိုလည်း သူသိပါတယ်။ သူက အမြဲတမ်းလိုလို အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ကစားသမား တယောက်ဆိုတာ လူတိုင်းအသိပဲလေ။ လက်ရှိ အသင်းကိုကြည့်ပြီး (ဒီနှစ်မှာရော ဆုဖလားတွေ ဆွတ်ခူးနိုင်ပါ့မလား)လို့ သူ တွေးနေနိုင်ပါတယ်။ ယူနိုက်တက်နဲ့အတူ ဆုဖလားတွေ ဆွတ်ခူးနိုင်လိမ့်မယ်လို့ သူ မယုံတာမျိုးလည်း ဖြစ်နိုင်ပါတယ်။”

“သူ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာချင်တာ ဘာကြောင့်လဲ ဆိုတာတော့ ကျွန်တော် မသိပါဘူး။ အဲဒီ အကြောင်းကို သူကိုယ်တိုင်ပဲ ပြောပြနိုင်ပါလိမ့်မယ်။”လို့ ရော်နယ်လ်ဒိုရဲ့ လက်ရွေးစင် အသင်းဖော်ဟောင်းက ပြောသွားခဲ့ပါတယ်။ ဆက်လက်ပြီး ဂျို့စ်ဖွန်တီက ဘလွန်းဒီအော်ဆု ၅ကြိမ်အထိ ရရှိထားတဲ့ ရော်နယ်လ်ဒို အနေနဲ့ အခွင့်အရေး ရမယ်ဆိုရင် ရီးရဲလ်မက်ဒရစ် အသင်းထံ ပြန်လည် ပြောင်းရွှေ့သင့်တယ်လို့ အခုလို အကြံပေးစကား ထပ်ပြောထားပါတယ်။

“ရော်နယ်လ်ဒို တယောက် မက်ဒရစ်ကို ပြန်သွားမလား ဆိုတဲ့ မေးခွန်းတွေ ရှိလာနိုင်ပါတယ်။ အဲဒါဆိုရင်တော့ သူ့အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။ ရီးရဲလ်မက်ဒရစ် အသင်းက သူ့ကို ပြန်ခေါ်ချင်လား၊ မခေါ်ချင်ဘူးလား ဆိုတာကတော့ နောက်ထပ် မေးခွန်းတခုပေါ့ဗျာ။” ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ၂၀၀၉ခုနှစ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ခဲ့ပြီးနောက် ဆန်တီယာဂို ဘာနေဗျူးမှာ အကြီးအကျယ် အောင်မြင်ခဲ့တဲ့ ကစားသမားတဦး ဖြစ်ပါတယ်။ သူဟာ ယူနိုက်တက်ကနေ ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင်သန်း၈၀နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး၊

အဆိုပါ အချိန်က သူ့ရဲ့ ပြောင်းရွှေ့ကြေးဟာ ကမ္ဘာ့စံချိန်တင် အပြောင်းအရွှေ့တခု အဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။ အသက် ၃၇နှစ်အရွယ် ဒီကစားသမားဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့အတူ ချန်ပီယံလိဂ် ဆုဖလား၎လုံး၊ လာလီဂါ ချန်ပီယံ ဆုဖလား၂လုံးနဲ့ စပိန် စူပါဖလား၂လုံး ဆွတ်ခူးနိုင်ခဲ့ပြီး၊ သွင်းဂိုး၄၅၀အထိ သွင်းယူကာ အသင်းရဲ့ စံချိန်တင် ဂိုးသွင်းရှင်တယောက် ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ် အသင်းဟာ ရော်နယ်လ်ဒိုရဲ့ အသက်အရွယ်နဲ့ သူ့ရဲ့ လုပ်ခလစာ အနေအထားကြောင့် ဒီကစားသမားကို ဘာနေဗျူးထံ တကျော့ပြန် ခေါ်ယူဖို့ ဆိုတာကတော့ ဖြစ်နိုင်ခြေ နည်းပါးလွန်းတယ်လို့ ပြောရမှာပါ။

ZAWGYI: မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ယခုနှစ် နွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ သိရပြီး၊ ဒီတိုက်စစ်မှူးဟာ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြန်လည် ပြောင်းရွှေ့ချင်လိမ့်မယ်လို့ လိုင်လီ နောက်ခံလူ ဂျို့စ်ဖွန်တီက ယုံကြည်နေပါတယ်။ အသက် ၃၇နှစ်အရွယ်ရှိ ရော်နယ်လ်ဒိုဟာ သရဲနီတို့ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် လွဲချော်မှုကြောင့် အိုးလ်ထရက်ဖို့ဒ်က ထွက်ခွာလိုကြောင်း အသင်း တာဝန်ရှိသူတွေထံ ပြောကြားခဲ့တယ်လို့ သိရပြီး၊ ဒီပေါ်တူဂီ ကြယ်ပွင့်ကို ချဲလ်ဆီး၊ ဘိုင်ယန်မြူးနစ်နဲ့ နာပိုလီ အသင်းတို့က ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။